ကျွန်ုပ်တို့သည် နေ့စဉ်လှုပ်ရှားရုန်းကန်ကြိုးစားနေကြသူများဖြစ်သည့်အလျှောက် မိမိတို့ ယခင်ကပြုလုပ်ခဲ့သော အပြုအမူအကျင့်များပင်ပျောက်စပြုလာခဲ့ပါသည်။ အဘယ်ကြောင့်ထိုသို့ကောက်ချက်ချရပါသလဲဆိုလျှင်တော့လကျွန်ုပ်ကိုယ်တိုင် ထိုသို့ ဖြစ်နေသောကြောင့်သာ ဖြစ်ပါသည်။ ကျွန်ုပ်လိုပဲ လူအများလည်းရှိကြပါဦးမည်။
ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုသည့် အတိုင်း ကျွန်ုပ်တို့ပျော်မွေ့ရာ မွေးရပ်ဋ္ဌာနေ၊ မိသားစုနှင့်နီးစပ်သော မြို့ရွာ၊ မိမိဝါသနာပါသော လုပ်ငန်းတို့နှင့် ယခုအချိန်တွင် အတူတကွယှဉ်တွဲ မရှိနိုင်ကြသော သူများ အမြောက်အများရှိပေသည်မဟုတ်ပါလား။ ဝမ်းတစ်ထွာအတွက် လုပ်ကိုင်စားသောက်နေကြရသူတို့အဖို့ ထို စိတ်ဆန္ဒကို အောင့်အီးသည်းခံအံကြိတ်ရင်း နေထွက်မှ နေဝင်သည့်တိုင် လှုပ်ရှားရုန်းကန်နေကြရပေသည်။ များမြောင်လှသော စီးပွားရေးလုပ်ငန်းများတွင်မှ မိမိနှင့်ကိုက်ညီသောလုပ်ငန်းမှာလည်း ရှာရဖွေရ အခက်သားမဟုတ်ပါလားဗျာ။
သို့ပေမဲ့လည်း နီးစပ်ကိုက်ညီအောင်ကြိုးစားကြ၍ မသိမတတ်ရှိခဲ့သော် လေ့လာသင်ယူရင်း မိမိ မိသားစုရဲ့ လက်ရုံးတစ်ဖက်ဖြစ်အောင် ကြိုးစားရပေအုံးမည်။ ငယ်ရာမှကြီးပြင်းလာကြသလို အတွေးအမြင်များလည်း နည်းရာမှ များလာခဲ့ကြပါသည်။ ယခုလက်ရှိ တည်ငြိမ်စွာလုပ်ကိုင်နိုင်ဖို့ရန်အတွက် မတည်မငြိမ် ထွက်လိုက်ဝင်လိုက်ဖြင့် လုပ်ကိုင်ရသည့်လုပ်ငန်းများလည်း လက်ချိုးရေတွက်၍ပင်မရအောင် ရှိတတ်ကြပါသည်။ အကောင်းအဆိုး အမြဲ ဒွန်တွဲမှတ်သားပီးမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ခိုင်မာလာခဲ့ကြပါသည်။
တစ်ယောက်သောသူအတွက် မှန်ကန်နေအုံးတောင်မှ တစ်ယောက်သောသူအတွက် မှားနေပေအုံးမည်။ လူတစ်ဦး အတွေးတစ်မျိုးစီမဟုတ်ပါလားဗျာ။ ယခုလို လူသားတွေများစွာမွေးဖွားလာသည်မှန်သော်လည်း တူညီသောရုပ်ရည်ရှိသူ တစ်ဦးတစ်ယောက်ကိုမှ ရှာဖွေမတွေ့နိုင်သေးသည်မှာလည်း ဥပမာ လို့သက်မှတ်တန်ပါသည်။ ယခုလိုဆိုသော် အမွှာတွေကရောမတူဘူးလားဟု အငြင်းပွားဖွယ်ရာ ဖြစ်လာပေအုံးမည်။ အမွှာ ဖြစ်စေဦးတော့ ရည်ရွယ်ချက်ကတော့ မတူနိုင်ပေ။(ကျွန်တော်၏အမြင်တစ်ခုသာဖြစ်ပါသည်)
မနက်နေရောင်ထွက်ပေါ်လာချိန်ကို မနက်ဆည်းဆာ၊ ညနေ နေဝင်မှောင်မိုက်ချိန်ကို ညနေဆည်းဆာဟု လူသားများကိုယ်တိုင်သက်မှတ်လာခဲ့သည်မဟုတ်ပါလား။ အမှားနှင့်အမှန်ဟုဆိုရာတွင်တော့ အကြောင်းအရာတစ်ခုတည်းနှင့်မပြည့်စုံသာပေ။ နယ်ပယ်အသီးသီးမှာတော့ သက်သေပြချက်အဖုံဖုံ နှင့် စီရင်ဆုံးဖြတ်ကြလေသည်။ အလင်းမှာ ကောင်းမွန်ခြင်းတွေရှိသလို အမှောင်မှိုက်မှာလည်း အဆိုးချည်းပဲမဟုတ်ပါ။ သင့်ကိုယ်သင် အားပေးပါမှ သင်ကိုယ်တိုင်တိုးတက်လာပါမည်။ ကျွန်ုပ်တို့သည် သာမာန်လူသားများသာဖြစ်သည့်အတွက် သာမာန်လူသားလိုပဲ တွေးတောရန်လိုအပ်ပါသည်။
ထိုသို့သာမာန်လူသားထဲမှ အစဉ်လေ့လာ သင်ယူ ကြိုးစားနေသော လူသားတစ်ယောက်ဖြစ်ရန်သာလိုအပ်ပါသည်။ မနေ့ကလုပ်ဆောင်ချက်သည် သမိုင်းတွင်နေသကဲ့သို့ရှိနေပေမည်။ ယနေ့တွင်တော့ မိမိလုပ်ဆောင်ချက်ကို အကောင်းဆုံးလုပ်ဆောင်ရန်သာလိုအပ်ပါသည်။ နေ့စဉ်နေ့စဉ် ရင်ဆိုင်ကြုံတွေရသော အတွေ့အကြုံအသစ်များကလည်း မရိုးနိုင်ပေဘူးမဟုတ်လားဗျာ.....
Written by caesarsupaimin
MSC-025
အတွေးလေး ကောင်းတယ် အယ်ဒို
ဟုတ်ကဲ့အမကျေးဇူးပါ မု ဝင်လာလို့ရေုးဖြစ်သွားတာဒီလိုပုံစံ 😁
ကေညင်းတယ်ဗျ
ဟုတ်ကဲ့အာပေးတကျေးဇူးပါဗျ
good တယ်ဗျာ။👍👍👍
Hote bro. Thank a lot par bya
မသေမချင်း ဘ၀ရဲ့သင်ခန်းစာတွေကတော့မရိုးနိုင်အောင်ပါဘဲ လက်ရှိပစ္စုပ္ပန်ကိုသာအကောင်းဆုံးလုပ်ကြရမှာပါ
Hote par tal bro
ကောင်းတယ်အကိုရေ
Hote bro thank a lot par bya
ကိုစောရေ အတွေးတွေ အရမ်းကောင်းတယ် အား
ပေးနေပါတယ်ဗျာ
Hote kae bya thank a lot par bro
အဆိုးဆုံးဖြစ်ခဲ့တာက နောင်တစ်ချိန်မှာ အသုံးအတည့်ဆုံးဖြစ်ခဲ့တာတွေ ရှိပါသေးတယ်ဗျာ
Hote tal bro
This post has received a 0.26 % upvote from @drotto thanks to: @banjo.
Thank you
နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မယ်ဆိုရင်
အနာဂတ်မှာ သမိုင်းကောင်းတွေထွက်ပေါ်လာမှာဗျာ
Hote
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thank you