မင်္ဂလာပါဗျ။ ရာသီဥတုကတော့ မုန်တိုင်းလည်းအေးလာပီဖြစ်လို့ တစ်ဖြည်းဖြည်း ပူပူလာပါပီဗျ ။ နေ့လည်နေ့ခင်းဘက်တွေ အပြင်ထွက်တဲ့အခါ အိန်းကျီလက်ရှည် တို့ ထီးတို့ ဦးထုပ်တို့ဆောင်းသွားကြပါဗျ။ ပိတ်ရက် Sunday တုန်းကဆိုရင်လည်း အရမ်းပူပါတယ်။ ရေလည်း များများသောက်ပါ။ ညီလေးတစ်ယောက် ဒီနေ့ရုံးတက်တော့ မျက်စိနာနေရှာတယ်။ ရာသီဥတုကြောင့်လို့ပဲထင်ပါတယ်။ သူ့ကိုတော့ ရေများများသောက်ခိုင်းထားတယ်။
ရုံးမှာအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေလည်း သနားပါတယ်။ ရုံးထဲနေရတဲ့အခါရှိသလို အပြင်ဘက် merchant service way ထွက်ရတဲ့အခါလည်းရှိတာဆိုတော့ သူတို့အတွက် ရုံးထဲမှာနေရင် အေး နေပီးတော့ အပြင် ထွက်ရင် ပူနေကြတယ်။ နောက်ပီး merchant ဘက်ကိုရောက်တဲ့အခါဆိုရင်လည်း ပြန်အေးသွားပြန်ရော။ ပူလိုက်အေးလိုက်နဲ့ ကြာရင် နေမကောင်းဖြစ်ကြတော့မယ်။
အဲ့ဒါတွေအပြင် ဒီနေ့ရုံးတက်တော့ customer မျိုးစုံနဲ့တွေ့ရတယ်ဗျာ အတွေ့အကြုံတွေကတော့။ စီးပွားရေးလုပ်ငန်းရှင်တွေက အကွက်တွေ အရမ်းမြင်တတ်ကြတယ်ဗျ။ ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုပြောပြအုံးမယ်။ လက်တစ်လုံးကြား လုပ်စားတာပေါ့ဗျာ။ ဘယ်လိုလည်းဆိုတော့ ကျွန်တော့အလုပ်က အရင်ကလည်းပြောပြဖူးပါလိမ့်မယ်။ စားသောက်ဆိုင်တွေ ဟိုတယ်တွေ ရတနာဆိုင်တွေမှာ ဧည့်သည်တွေက သူတို့ရဲ့ ပါလာတဲ့ card တွေနဲ့ ငွေရှင်းချင်တယ်ဆိုရင် အဆင်ပြေအောင် POS လေးတွေလိုက်တပ်တဲ့ အလုပ်ဖြစ်ပါတယ်။
ခုလည်း POS စက်ကို ရွှေဆိုင်တစ်ဆိုင်မှာတပ်ထားပေးတယ်ဗျ။ သူကဘယ်လိုလုပ်တာလည်းဆိုရင် ရွှေတွေရောင်းတဲ့ဆိုင်ဆိုတော့ ငွေပမာဏတွေ အများကြီးလည်း ဖြတ်တယ်။ နည်းနည်းလေးတွေလည်းဖြတ်တယ်ဗျ ။ ခုဆိုရင် ဘဏ်တွေကလည်း အပြိုင်အဆိုင် ဧည့်သည်တွေကို Credit card ( အကြွေးဝယ်ကဒ်) တွေ ထုတ်ပေးကြပါတယ်။ ငွေပမာဏ အမျိုးမျိုးနဲ့ပေါ့။
အဲ့ဒီအခါမှာ ဘယ်လိုလည်းဆိုတော့ သူ့ရဲ့ ဆိုင်မှာ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ပေးပါတယ်။ လာတဲ့လူတွေက သူတို့ရဲ့ credit card ထဲကငွေကို သုံးချင်ကြတယ်။ ဒါပေမဲ့ ATM စက်နဲ့ ထုတ်မယ်ဆိုရင် အတိုးကို နေ့တိုးနဲ့ပေးနေရပါတယ်။ တကယ်လို့ POS စက်နဲ့ ဖြတ်မယ်ဆိုရင် ကဒ်ဖြတ်ပီး ၄၅ ရက်အတွင်း ပြန်ဆပ်မယ်ဆိုရင် အတိုးမယူပါဘူး။ အဲ့ဒီတော့ POS နဲ့ ဖြတ်ပီးရင် ၄၅ ရက် ပြန်ဆပ်ဖို့အချိန်ရှိပါတယ်။ အတိုးမပါပဲနဲ့ ။ အဲ့ဒါကြောင့် သူကလည်း အဲ့ဒီ ဝန်ဆောင်မှုကို သူ့ရဲ့ ဆိုင်မှာ လုပ်ပေးတာဖြစ်ပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာ သူက ရာခိုင်နှုန်းစား နဲ့ အမြတ်ယူပါတယ်။ credit card ဖြတ်ပီးငွေထုတ်မယ်ဆိုရင် ရတယ်။ percent ကဘယ်လောက်ယူတယ် စသဖြင့်ပေါ့။ အဲ့ဒီအခါကျတော့ လာထုတ်တဲ့လူက percent ကိုမမြင်တော့ပါဘူး။ သူတို့ဆပ်တဲ့အချိန် ၄၅ ရက်မှာ အတိုးမပါပဲ ဆပ်လို့ရတယ်၊ ငွေလည်း ကြိုသုံးလို့ရတယ်ဆိုတာပဲ မြင်ပါတော့တယ်။ အဲ့လိုပဲ ငွေထုတ်ပေးတဲ့ အဲ့ဒီဆိုင်အနေနဲ့ကလည်း လာပီးငွေထုတ်တဲ့ လူရဲ့ မှတ်ပုံတင်နံပါတ်တွေ ဖုန်းနံပါတ်တွေ ကဒ်နံပါတ်တွေ ကိုမှတ်ထားပါတယ်။ ငွေဆပ်ခြင်းမဆပ်ခြင်းကတော့ ကဒ်ပိုင်ရှင်နဲ့ ဘဏ်ရဲ့ ကိစ္စဖြစ်ပါတယ်။ ကြားထဲက သူက အမြတ်ယူထားတဲ့အတွက် အေးဆေးပါပဲ။ တကယ်တော့ အဲ့ဒါက တရားဝင်မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ လုပ်တဲ့လူကလည်း ရှိလာကြပါပီ။ အဲ့ဒါကြောင့်လည်း လက်တစ်လုံးကြား လုပ်စားကြတယ်လို့ခေါ်တာပေါ့။ စီးပွားရေးသမားတွေက အမြင်တွေ ကောင်းကြတယ်ဗျာ။ စီးပွားရေးကို သူတို့အတွက် ကျန်အောင် ဘယ်လို လုပ်ရမလည်း ဆိုတာ အမြဲ ကြံနေကြတယ်။ သင်လည်း စီးပွားရေးသမားတစ်ယောက်ဆိုရင် ဘယ်လိုလုပ်ဖြစ်မလည်း......။
ကျွန်တော်ကတော့ စီးပွားရေးသမားတစ်ယောက်မဖြစ်သေးပါဘူး။ လေ့လာသင်ယူဆဲကာလပဲရှိပါသေးတယ်။ စီးပွားရေးသမားတွေကတော့ တစ်ဖက်လူကိုလည်း သူတိုက်ရိုက် ထိခိုက်အောင်မလုပ်ဘူး။ လုပ်ချင်တဲ့လူကိုယ်တိုင် ကြည်ကြည်ဖြူဖြူ ပေးလုပ်တယ်။ အဲ့လိုဖြစ်အောင် လည်း သူတို့တွေ စဉ်းစားတွေးခေါ် ပြောဆိုကြပါတယ်။ တော်ကြပါတယ်။ ကိုယ်လည်း တော်အောင်လုပ်ရပါအုံးမယ်။ ခုမှ သူများဝန်ထမ်းပဲ ရှိသေးတယ်လေဗျာ။ ကိုယ်ပိုင်လုပ်ငန်းမရှိသေးပေမဲ့ အင်တာနက်ကနေ နည်းလမ်းကောင်းလေးတွေကို ရှာကြံလုပ်ကိုင်နေပေမဲ့လည်း နည်းလမ်းမကောင်းတစ်ကောင်းတွေ လည်း ကြုံရတာပါပဲ။ တစ်နေ့တော့ အောင်မြင်ကြသူတွေ ဖြစ်အောင် ကြိုးစားကြရမှာပဲ မဟုတ်ဘူးလားဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်နေသမျှတော့ အကောင်းဆုံး ကြိုးစားကြရမှာပါ။ အဲ့ဒါမှ ဘဝက အဓိပ္ပါယ်ရှိမှာပါ။
Writer caesarsupaimin
MSC-025
ဂရုထဲက airdrop ဘိုးအေကြီးတွေနဲ့ ပေါင်းပြီး ကိုယ်ပိုင် airdrop ကွန်ပဏီ ထောင်ပါလား ဟားဟား
Airdrop company မထောင် နိုင်သေး ပါ ပု ဗျ 😁
ဗဟုသုတရပါတယ်ဗျာ
ဟုတ်ကဲ့ဗျ
Budiness man ကြီး.ဖြစ်ပါစေဗျာ
ဟု ဟုြ ကိုးစား လျက်
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ကိုယ့်ညီက ဆရာကြီးဘဲ၊တစ်နေ့ ဖြစ်မှာပါ။
ပညာသင်ဆဲပါပဲဗျာ
အသိတိုးတဲ့ပိုစ်လေးပါ။ကျေးဇူးဗျာ
ဟုတ်ကဲ့ပါ
အသိတစ်ခုတိုးလို့ကျေးဇူးပါ
Hote bro.
အလုပ်လုပ်နေတဲ့ သူသာ တန်ဖိုးရှိတာပါ
လူတော်တော်များများ အလုပ်လုပ်ကြပါတယ်ဗျ
ဒါလည်းဗဟုသုတရတာပါပဲ
ဟုတ်ကဲ့ဗျ
ကိုယ်ပိုင်လုပ်ငန်းနှင့်တစ်နေ့ဖြစ်လာမှာပါ...
ဖြစ်ချင်ပါတယ်။ ကြိုးစားနေပါတယ်ဗျ။
မသိတာလေးသိလိုက်ရပါတယ်
ဟုတ်ကဲ့ပါဗျ
ပိုက်ဆံတွေရှာပြီးမိန်းမယူတော့မလို့လား
ပိုက်ဆံရှာတာ မိန်းမယူဖို့အတွက်တစ်ခုတည်းမဟုတ်ရပါဘူးအကိုရယ် ဟိဟိ
အသိတရားလေးများ တိုးပွားလာရပါသည်
ဟုတ်ကဲ့ပါဗျ
ကြိုးစားကြတာပေါ့ broရေ
ဒီမှာတော့မိုးနေ့ တိုင်းရွာတယ် ဘရို။ အောင်မြင်ပါစေဗျာ။
အလုပ်လုပ်နေတဲ့သူတစ်ယောက်အောင်မြင်မှူဆိုတာမုချလာမှာပါ။
လုပ်ငန်းခွင်ရဲ့အတွေ့အကြုံတွေက တကယ့်ဗဟုသုတတွေပါပဲ
Congratulations @caesarsupaimin! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!