Apple ID ပြုလုပ်​နည်း​လေး

in #myanmar7 years ago

Apple ID ပြုလုပ်​နည်း​လေး​ပြောပြချင်​ပါတယ်​။ မလုပ်​တတ်​သူ​တွေအဖို့ရည်​ရွယ်​ပါတယ်​။သိပီးသားဆိုရင်​​တော့ ​ကျော်​သွား​ပေးပါဗျ။

တကယ်​​တော့ Apple ID ပြုလုပ်​ရတာလွယ်​ပါတယ်​။ အ​ကောင့်​ lock ​တွေကျတယ်​ဆိုတာကလည်း မိမိအ​နေနဲ့ ဖုန်းမှာရှိတဲ့ icloud ကို email နဲ့ password ကို မှတ်​မိ​နေရင်​ ဘာမှစိတ်​ပူစရာမရှိပါဘူး။ မိမိအ​ကောင့်​ရဲ့ password ကိုမမှတ်​မိရင်​​တော့ အ​ကောင့်​ lock ကျတာ​တွေဖြစ်​ပါတယ်​။အဲ့ဒီလို lock ကျတယ်​ဆိုရင်​လည်း မိမိရဲ့ ​ပေါ့ဆမှု​ကြောင့်​လို့ပဲ ​ပြောချင်​ပါတယ်​။ မိမိနှင့်​အတူ အမြဲရှိ​နေတဲ့ iphone ရဲ့ email password ကို​တောင်​မှ မမှတ်​သားထားဘူးဆိုရင်​​တော့ သူ့ရဲ့​ပေါ့ဆမှုကို lock ကျတာ​လေးနဲ့ အသိအမှတ်​ပြု​ပေးရတာ​ပေါ့။ ကျွန်​​တေယ်​က​တော့အဲ့လိုပဲမှတ်​ယူပါတယ်​။ ကိုယ့်​အ​ကောင့်​ ကို မိမိကိုယ်​တိုင်​မထိန်းသိမ်းရင်​ ဘယ်​သူမှလာထိန်းသိမ်း​ပေးမှာမဟုတ်​ပါဘူး။

ဟုတ်​ကဲ့ အခုကျွန်​​တော်​အ​ကောင့်​ ပြုလုပ်​ပုံကို စ​ပြောပါမယ်​။ မ​ပြောခင်​ အရင်​​ရှေ့​တွေမှာ apple id နဲ့ပတ်​သက်​ပီး တစ်​​ယောက်​​ယောက်​က တင်​ပြထားတာရှိတယ်​ဆိုရင်​ အခုကျွန်​​တော်​​ရေးတဲ့ post က အဲ့ဒီပို့ကို မှီငြမ်းတာလည်းမဟုတ်​ပါ။ ​ကော်​ပီလည်းမဟုတ်​ပါ။ ကိုယ်​တိုင်​ရှာ​ဖွေ​တွေ့ရှိထားတာကို ​ရေးပြ​ပေးတာဖြစ်​ပါတယ်​ဆိုတာ ကြိုတင်​အသိ​ပေးအပ်​ပါတယ်​ဗျ။

ပထမဆုံး ကျွန်​​တော်​တို့ရဲ့apple device iphone မှာရှိတဲ့ app store ကို ဖွင့်​ပါ။
ဖွင့်​လိုက်​တယ်​ဆိုရင်​ app ​လေး​တွေကို ​တွေရပါမယ်​။
အဲ့ဒီလို ​တွေရတဲ့ app က​လေး​တွေကိုမှ ''free'' ​ပေးတဲ့ app ကို ​ရွေး​ပေးလိုက်​ပါ။
ပီးရင်​ "get"ဆိုတာကို နှိပ်​​ပေးပါ။
အဲ့ဒီအခါ apple id ဝင်​ခိုင်းပါလိမ့်​မယ်​။ မိမိမှာ apple id မရှိ​သေးတဲ့အတွက်​ အသစ်​ပြုလုပ်​ရန်​ create new ကိုနှိပ်​လိုက်​ပါ။
ပီးရင်​ အ​ကောင့်​အသစ်​ပြုလုပ်​ဖို့ form ​လေးကျလာပါလိမ့်​မယ်​။
first form apple id.jpg
Email ​နေရာမှာ မိမိရဲ့ email address ဖြည့်​​ပေးရပါမယ်
Password ​နေရာမှာ​တော့ မိမိ ထားရှိလို​သော password ကို ထား​ပေးရမှာဖြစ်​ပါတယ်​။ password ​ပေးတဲ့​နေရာမှာ capital letter အနဲဆုံး ၁ လုံးပါရပါမယ်​။ ပီးရင်​ small letter ။ ပီးရင်​ @#!$%^& စတဲ့ သင်္ကတ တစ်​ခုခုထည့်​​ပေးရပါမယ်​။ပီးရင်​ နံပါတ်​ပါဝင်​ရပါမယ်​။ password စာလုံး​ပေါင်း ၈ လုံးအနည်းဆုံးရှိရပါမယ်​။
Verify ဆိုတဲ့​နေရာမှာ အထက်​က ​ရေးထားတဲ့ password ကိုထပ်​ထည့်​ရပါမယ်​။
Country ​နေရာမှာ​တော့ united state ပဲ ထား​ပေးပါ။
Terms & Conditions ​နေရာမှာ အမှန်​ခြစ်​​လေးထည့်​​ပေးရပါမယ်​။
အားလုံးပီးသွားရင်​​တော့ ညာဘက်​​အောက်​​ထောင့်​မှာရှိတဲ့ continue ကိုနှိပ်​​ပေးပါ။
personal information 1.jpg
Personal information ဆိုတဲ့ form ​လေးထပ်​ကျလာပါမယ်​။
Title ​နေရာမှာ Mr, Mrs, Ms, Dr တစ်​ခုခုမိမိရဲ့ title ကိုထည့်​​ပေးပါ။
First Name ​နေရာမှာ မိမိရဲ့ ပထမနာမည်​ကိုထည့်​​ပေးရပါမယ်
Last Name ​နေရာမှာ မိမိရဲ့ ​နောက်​နာမည်​ကိုထည့်​​ပေးရပါမယ်​။
Birthday မှာ မိမိ ရဲ့ ​မွေးသက္ကရာဇ်​ကို ​ရွေးချယ်​ ထည့်​​ပေးရပါမယ်​။
Security information ​နေရာမှာ​တော့ ​မေးခွန်း ၃ ခု အ​ဖြေ ၃ ခု​ရေး​ပေးရမှာဖြစ်​ပါတယ်​။
အဲ့ဒီ​မေးခွန်းနဲ့ အ​ဖြေကို မိမိတစ်​ဦးတည်းပဲ သိထားရမှာဖြစ်​ပါတယ်​။
ပီးသွားရင်​​တော့ ​အောက်​စာ​ကြောင်းမှာရှိတဲ့ subscribe to apple emails ​နေရာက​တော့ apple က​နေထုတ်​ပြန်​တဲ့ ​ကြေငြာချက်​​တွေ အသိ​ပေးစာ​တွေကို email နဲ့ လက်​ခံမလား လက်​မခံဘူးလားဆိုတာကို​ရွေး​ပေးရတာဖြစ်​ပါတယ်​။ လက်​ခံမယ်​ဆိုရင်​​တော့ အမှန်​ခြစ်​​လေး ထည့်​​ပေးရပါမယ်​။လက်​မခံဘူးဆိုရင်​​တော့ အမှန်​ခြစ်​ထည့်​​ပေးစရာမလိုပါဘူး။
personal information 2.jpg
အားလုံးပီးသွားရင်​​တော့ ညာဘက်​​အောက်​နားက "continue" ကိုနှိပ်​ပီး ဆက်​သွား​ပေးရမှာဖြသ်​ပါတယ်​။
Payment method ကို​ရောက်​ပါလိမ့်​မယ်
Payment type မှာ ကဒ်​မျိုးစုံရှိပါမယ်​ ဒါ​ပေမဲ့ "None" ကို​ရွေး​ပေးပါ။
ပီးရင်​​တော့ ​အောက်​မှာ Billing Address ရှိပါတယ်​။
Street ​နေရာမှာ Washinton Ave ထည့်​​ပေးပါ
နောက်​တစ်​​ကြောင်းမှာ​တော့ 329 ကိုထည့်​​ပေးပါ
City ​နေရာမှာ Bohemia ထည့်​​ပေးပာ
State ​နေရာမှာ NY ထည့်​​ပေးပါ Zip ​နေရာမှာ11716 ထည့်​​ပေးပါ
Phone number ​နေရာမှာ​တော့ area code ကို 631 ထည့်​ပီး​တော့ ​နောက်​ကနံပါတ်​ကို 3334444
ဆိုပီးထည့်​​ပေးလိုက်​ပါ။ အားလုံးပီးရင်​​တော့ Verify ကိုနှိပ်​​ပေးလိုက်​ရင်​ရပါပီ။ မိမိရဲ့ gmail ထဲကို ဝင်​ကြည့်​ပါ apple မှပို့ထား​သော verify link ​ရောက်​​နေပါလိမ့်​မယ်​။ အဲ့ဒီ link ကိုနှိပ်​ပီး ဝင်​လိုက်​ရင်​ login page ကိုတန်း​ရောက်​ပါတယ်​။ အထက်​က ဖြည့်​စွပ်​ခဲ့​သော email နဲ့ password ကို ထည့်​​ပေးပီး အ​ကောင့်​ကို login ပြုလုပ်​ အသုံးပြုလို့ရပါပီဗျ။ အဆင်​​ပြေ ကြပါ​စေ ။ ကျွမ်းကျင်​ပညာရှင်​မဟုတ်​သည့်​အတွက်​ လိုအပ်​သည်​များရှိက သည်းခံခွင့်​လွတ်​​ပေးကြပါဗျ။

(ဆိုင်​မှာသွားလုပ်​ရင်​ ၁ ​ကောင့်​ တစ်​​သောင်း​ပေးရတယ်​ဆိုလို့ပါ)

Writer caesarsupaimin
MSC-025

Sort:  

Apple ​ခေါ် I phone ​တော့မဝယ်​ကိုင်​နိုင်​​သေးဘူးအကယ်​လိုးများ​ကောက်​​တွေ့ခဲ့သည်​ရှိ​သော်​အခုနည်း​လေးကအသုံးဝင်​ပြီ​လေ ဟီးဟီး

ဟုတ်​ပဟုတ်​ပ

Apple မကိုင်နိုင်တော့ ဘယ်လိုလုပ်ရမှာလဲ hee hee

Apple မကိုင်လည်းရတယ် computer မှာ apple store download ဆွဲပီး အကောင့်လေးတွေလုပ်လို့ရတယ်။ ရောင်းချင်လည်းရောင်းလို့ရတယ်။ ^_^

A apple ပန်းသီးဟာ လူကလေးစားစရာ

ဗျာ

😁😁😁

ပန်းသီးကိုင်နိုင်မှစမ်းကြည့်ရမယ်

ပန်းသီးမျာ​ဈေးထဲသွားဝယ်​လိုက်​အမျာကြီးရတယ်

ဟုတ်ပါတယ် ..
၅၀၀၀ - ၁၀၀၀၀/- ပေးရတယ်

ဟုတ်​တယ်​​အမ

လေ့လာကြည့်အုံမယ် bro

အရင်ကတော့ accountဖွင့်ဖူးတယ်
Zip,Aerial codeတွေက ဘယ်ဟာကိုပြောတာလည်းမသိဘူး
Postထပ်ရေးပြီးတင်ပေးအုံး

ဟုတ်​ဟုတ်​​ရေ​ပေးမယ်​အကို