Steem power ဘယ်လိုစုခဲ့သလဲ (4)

in #myanmar7 years ago

DQmRH4L3NRwevsep63eFBj9gLsW4TzDjFk985AeK6TGAJ8W_640x480.jpg

စတီးမစ် ငွေလမ်းမကြီးထက်က ရွှေမြန်မာအားလုံး မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ရဲ့ အဆုံးမသက်နိုင်သေးသော စတင်းပါဝါဆုဆောင်းခဲ့ပုံ အတွေ့အကြုံလေးများကိုရေးလာသည်မှာအပိုင်း
လေးသို့ပင် ရောက်ရှိလာခဲ့ရပါတယ်။ဒီနေ့တော့ ဒီအကြောင်းကို အသေအချာအဆုံးသတ်ပါရစေခင်ဗျ။
ဘုတ်စတားတွေကို သုံးတာကောင်းတယ် မကောင်းဘူးလို့တော့မှတ်ချက်မပြုဝံ့ပါဘူး။ကိုယ်တိုင်လဲ ဘုတ်စတားတွေနဲ့
အဆင်ပြေခဲ့ဖူးတယ်လေ။ လက်ရှိအချိန်မှာတော့ ဘုတ်စတားတွေက ရှုံးပါတယ်လို့ဘဲ ပွင့်လင်းစွာပြောပါရစေခင်ဗျ
ရှုံးရဲ့သားနဲ့ ဘာလို့ဆက်လုပ်နေသလဲ ဆိုလျှင်တော့ ဖြတ်နိုင်ဖို့ ခက်ခဲနေလို့ပါ နောက်တစ်ကြိမ် ရလိမ့်နိုးနဲ့ အရှုံးခံဘုတ်
နေတယ်လို့ ဆိုပါရစေ။ ဘယ်လိုရနိုင်လဲ ယခုလက်ရှိ စတင်းပေါက်ဈေးနဲ့ ဘုတ်ထားသောပို့စ်သည် သက်မှတ်ရက်ပြည့်
လို့ ငွေထွက်လာသည့်အချိန် စတင်းဈေး တက်ခဲ့မယ်ဆိုရင် မြတ်နိုင်ပါတယ်။ ဒီလိုဘဲ ကျခဲ့မယ်ဆိုရင်လဲ ထပ်မံပြီး ရှုံးနိုင်
ပါတယ်။ ရှုံးဖို့က များပါတယ်။ နေ့စဉ်ဝင်ငွေ ရှိတာနဲ့ မရှိတာမှာ ဘာကွာသလဲဆိုရင် စိတ်ခံစားမှု အရမ်းကွာပါတယ်။
အရှုံးခံဘုတ်ထားသောပို့စ်များ အချိန်ပြည့်လို့ထွက်လာလျှင် ငွေဝင်လာတာလေးကို မြင်ရတာက နောက်နေ့တွေစာရေး
နိုင်ဖို့ အားအင်တစ်ခုပါဘဲ အရှုံးဆိုတာကို သိပ်လေးနက်စွာမတွေးဖြစ်တော့ပါဘူး။ ဒီအတွက် ဘုတ်နေတာပါလို့ဆိုချင်ပါ
တယ်။
xxo6l8nmre.jpg
ဘုတ်တွေကို သဘောကျနှစ်ချိုက်စွာသုံးခဲ့မိတာကလဲ ဆရာကောင်းတွေရှိခဲ့တယ်ဗျ။ ကျွန်တော်အားရင် နိုင်ငံခြားက ပို့စ်
တွေကို ၀င်ရောက်ကြည့်ပါတယ်။ အင်္ဂလိပ်လို တက်လို့တော့မဟုတ်ဘူးဗျ။ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ နဲ့ စတီးမစ်
အပေါ်ထားတဲ့သူတို့သဘောထားလေးတွေ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေကို ၀င်ရောက်လေ့လာတာပါ။ကြည့်ဖန်
များတဲ့အခါ တဖြည်းဖြည်းအကဲ ဖြတ်တက်လာပါတယ်။ဒီလိုလေ့လာရင်း ဘုတ်တွေကိုသုံးပြီး ရပ်တည်နေတဲ့ လူအချို့ကို
သွားတွေ့ပါတယ်။ သူတို့မှာ မယ်မယ်ရရ ဘာစပေါ့မှမရှိပါဘူး။ စလုပ်ကတည်းက ဘုတ်တစ်မျိုးတည်းနဲ့ရပ်တည်လာတာ
ပါ။ယခုအချိန်မှာတော့ သူတို့ဟာ စတင်းပါဝါ အတော်များများနဲ့ မြင့်မားတဲ့ ရီပါတ်ရှင်းတွေကို သူတို့ပိုင်ဆိုင်နေပါပြီ ။
လက်ထဲမှာ ဘုတ်စရာ အက်ဘီဒီပြတ်သွားတဲ့အခါမှာ သူတို့ပါဝါဒေါင်းပါတယ်။ထွက်လာတဲ့စတင်းကို ပြန်ချိန်းပြီးဘုတ်
ပါတယ်။ဒီလိုပါတ်လည်သွားနေတာပါ။ ငွေများလာရင် အပြင်ဈေးကွက်ကို ထုတ်ယူသွားပါတယ်။ အဲ့မှာသူတို့သုံးတဲ့ဘုတ်
စတားတွေရယ်။သူတို့ဘုတ်နည်းတွေရယ်။သူတို့ရဲ့ပို့စ်တင်နည်း ရေးနည်းတွေကအစ လေ့လာဖြစ်တယ်ပေါ့။သူတို့
စီးပွားရေးလုပ်တက်တယ်ဗျာ။ကောင်းသောဘက်ကို ဇောင်းပေးပြီးဘဲကြည့်ပါတယ်။ဒါကတော့ ကျွန်တော့်အကျင့်ပါ။သူတို့
ရဲ့ အားနည်းချက်အမှားတွေကိုဖော်ပြနေလို့လဲ ကျွန်တော့်အတွက်ကော စာဖတ်သူအတွက်ပါ အကျိုးမရှိနိုင်ပါဘူး။
သင်ခန်းစာယူသင့်ရင်ယူလိုက်ပါတယ် မှတ်သားလိုက်ပါတယ်။လိုတာကိုယူပါတယ် မလိုတာနဲ့မသင့်တော်တာကိုပယ်ပါတယ်
ဒီလိုနဲ့ ဘုတ်တွေနဲ့ကျွန်တော်အဆင်သင့်ခဲ့ရတယ်ဘဲ ခပ်တိုတိုဆိုလိုက်ပါရစေတော့ဗျာ။
DQmWdA5jFxVNCgYbf4BLWzE3GEawWtaEupiAcCPAEsJn7Bc_640x480.png
အချိန်တိုအတွင်းမှာ အဆင်ပြေတယ်ဘဲပြောရမယ်ပေါ့ ပါဝါလေးစုဆောင်းမိတယ်။တစ်လျှောက်လုံးလဲ ဘုတ်စတား အမွှန်း
တင်လာမိတယ်ပေါ့။ တကယ့်အနှစ်ကို အဆုံးသက်မှာထည့်ရေးလိုက်ပါတယ်။တကယ်တော့ ယနေ့အချိန်အထိ ကျွန်တော်
စတီးမစ်က အကျိုးအမြတ်ကို ထုတ်ယူအသုံးပြုမိခြင်းမရှိသေးပါဘူး။ဒါက ပါဝါဆုဆောင်းမိခြင်းရဲ့ အခြေခံကျသော အဓိကအချက်ပါဘဲ။
ဈေးတွေကျကုန်တယ်။ စတီးမစ်က သိပ်မထူးတော့ပါဘူးကွာဆိုတဲ့ အတွေးလှိုင်းတွေပျံ့နှံ့တဲ့ အချိန်တစ်ခုရှိခဲ့တယ်။အဲ့အ
ချိန် ကျွန်တော် ထုတ်မယူခဲ့ပါဘူး။ကျချင်သလောက်ကျ ဈေးအတွက်နဲ့တော့ လုပ်နေတဲ့အလုပ်ကိုမရပ်ဘူး။အတိမ်အနက် ကောင်း
စွာမသိရဘဲ အလုပ်တစ်ခုကို အူလည်လည်အဆုံးမသက်ချင်ဘူးလေ ဆက်လုပ်ပါတယ်။ နောက်တစ်ခါ ဈေးတွေ
မိုးထိအောင် တက်တော့မယ့်ဟန်နဲ့ တရှူးရှူးတက်လာပါပြီ။ဈေးကောင်းလဲရပါပြီ ၀မ်းအက်ဘီဒီ ဒေါ်လာတစ်ဆယ်ကျော်
သွားတဲ့အထိတက်ပါတယ်။ ကျွန်တော်ထုတ်မရောင်းခဲ့ပါဘူး။ရောင်းမယ်လို့ တော့ စိတ်ကူးကြည့်ဖူးပါတယ်။ ပိုမပြောပါဘူး
တကယ်ပါ။ အဲ့ဒီလို စိတ်ကူးမိတာနဲ့တင်ကို ရင်ထဲမှာ စူးရှရှဝေဒနာတစ်ခု ဖြစ်ပေါ်လို့လာပါတယ်။

Your-time-is-now-clock.jpg
ရောင်းလိုက်ရင် အကျိုးအမြတ်တစ်စုံတစ်ရာ ရကောင်းရပါလိမ့်မယ်။ဒါပေမယ့်........ အဲ့ဒီလိုလုပ်နိုင်ဖို့ တကယ်ကို
ခွန်အားမရှိခဲ့ပါဘူး။တွေးကြည့်ပါ မိတ်ဆွေ..... ကျွန်တော်တို့ရဲ့ ပိုက်ဆံအိတ်ကို အချိန်ရှိသရွေ့ အရိပ်တကြည့်ကြည့်နဲ့
အကြိမ်ရေများစွာကြည့်ရှုရင်း စိတ်ကူးတွေယဉ်ခဲ့ကြတယ်။(ရည်းစားဦး မျက်နှာကို တပ်မက်ရင်ခုန်စွာနဲ့ကြည့်ခဲ့တဲ့အကြိမ်ရေ
ကသူ့လောက်များမယ်မထင်ပါဘူး)ပျော်ရွှင်ခြင်း။ကြည်နူးခြင်းတွေဖြစ်ခဲ့ကြတယ်။ဘ၀အတွက်ခွန်
်အားတွေရလာတယ်လို့တောင်ဆိုချင်မိတယ်။ကျွန်တော်တို့ရဲ့ စတင်းပါဝါလေးတွေဟာဆိုရင် တကယ်တော့ မိုးစက်မိုးပေါက်လေးတွေလိုတစ်စက်ချင်း
တစ်ပေါက်ချင်းခံခဲ့ရတာ
စုဆောင်းခဲ့ရတာပါ။မဗေဒါ ရေခပ်သလို ခပ်ယူခဲ့ကြရတာပါဗျာ။ခုချိန်ရောက်မှ ဒါလေးကို ပျောက်ပျက်သွားစေရမယ်
လျှော့ပါးသွားစေရမယ်ဆိုလျှင် ထိုက်တန်ပါ့မည်လား။ကျွန်တော် မလုပ်ရက်ခဲ့ဘူးဗျာ။ မလုပ်နိုင်ခဲ့ဘူး။တစ်သက်လုံးဒီလိုဘဲ
နေသွား လုပ်သွား တွေးသွားမှာလားဒီလိုတော့လည်း မဟုတ်ရပါဘူးဗျာ။အချိန်တစ်ခု အခြေအနေတစ်ခု ရောက်ခဲ့ရင်
တော့ အသုံးပြုဖြစ်မှာပါ။ဘယ်အချိန်လဲ.......ရေတွင်းထဲက ရေတွေခပ်ယူလို့ရနေသလို အချိန်ပေါ့။ ရေပုံးထဲက အုတ်ကန်
ထဲကမဟုတ်ဘူးနော်။ သဘာဝရေတွင်းထဲကရေခပ်သလို ခပ်ယူလို့ရတဲ့အချိန်မှာ စည်းနဲ့ကမ်းနဲ့ခပ်ယူပါ့မယ်လို့
ဖြေချင်ပါတယ်။

9ri65f9117.jpg
ဟုတ်ကဲ့ ဒီလောက်ဆို ပါဝါဘယ်လိုစုခဲ့သလဲ ဆိုတဲ့ မေးခွန်းကိုဖြေဆိုလာတာ အားလုံးခြုံငုံမိစေပြီလို့ထင်ပါတယ်။
ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းရယ် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော်မဖြေဆိုနိုင်တာကို
နားလည်ပေးစေချင်ပါတယ်။ကျွန်တော်သိတာ ဒီလောက်ပါဘဲ။ဘယ်လိုလုပ်ခဲ့တယ် ဆိုတာနဲ့ဘဲ ကျေနပ်စေချင်ပါတယ်။
ကျွန်တော့်ရဲ့ မပြောပလောက်သော စတင်းပါဝါကို ဘယ်လိုများစုဆောင်းခဲ့သလဲလို့ တခုတ်တရ လာမေးခဲ့သော
မေးခွန်းမေးထားတဲ့ညီလေးကို များစွာကျေးဇူးတင်ပါတယ်။ အစ်ကိုပြောတာတွေက စကားလုံးတွေများနေတယ်
ကျွန်တော်မေးထားတာ စကားတစ်ခွန်းထဲပါ။ ဘယ်လိုစုဆောင်းခဲ့သလဲ။ ဟုတ်ကဲ့ အဲ့ဒီလိုခပ်တိုတိုဘဲ အမေးနဲ့ကိုက်ညီအောင်
ဖြေဆိုရမယ်ဆိုလျှင်တော့...................... "မစားဘဲစုခဲ့ပါတယ်"............. .....လို့ဆိုပါ့မယ်။

ပြီးပါပြီ။
စတီးမစ်ငွေလမ်းမကြီးထက်က မြန်မာညီအစ်ကိုမောင်နှမအားလုံး အတူတကွချမ်းသာကြွယ်ဝကြပါစေဗျာ။

image
Author : @bobokyaw
Photos credit; Google Image

Sort:  

ဟုတ်ပအကိုရေ အနာခံမှ အသာစံရဆိုသလိုပါပဲ ... မစားဘဲနဲ့ စုခဲ့သည်ဆိုတဲ့စာသားကို အကြိုက်ဆုံဲးဗျာ

ကျေးဇူးတင်ပါတယ်ဗျာ

အခုလို​ဖြေကြား​ပေးတဲ့အတွက်​​ကျေးဇူးပါအကို​ရေ......။
ကျွန်​​တော်​က​တော့ ​ရေတွင်းတစ်​တွင်းကဲ့သို့ မဖြစ်​​သေးခင်​ ပုံးငယ်​ပမာဏ​လောက်​မှာပဲ ခပ်​ယူသုံးစွဲခဲ့မိလို့ အခုချိန်​မှာ ​နောင်​တ​တွေ တ​ပွေ့တပိုက်​နဲ့သာ ကျန်​ရစ်​​နေခဲ့ရတယ်​ဗျာ.....။
ဒါ​ပေမယ့်​ အား​တော့မ​လျော့ပါဘူး......။
တစ်​ချိန်​မှာ ကိုယ်​တိုင်​ခပ်​ယူသုံးဆွဲနိုင်​တဲ့အပြင်​ အများသူငှါကိုပါ ​​ဝေငှ​ပေးနိုင်​တယ့်​ ​ရေတွင်းကြီးတစ်​တွင်းဖြစ်​​အောင်​ စု​ဆောင်းပါမယ်​လို့ ရည်​ရွယ်​ထားတယ်​ဗျာ......။

ဒါနဲ့ကျ​နော်​သိချင်​တာ​တွေ ကျန်​​နေ​သေးတယ်​အကို​ရေ.......။ လာ​မေးအုံးမယ်​​နော်​.....။

ရပါတယ်ညီ

Thanks for sharing..
Followed n upvoted

Thanks

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

Thanks

This post has received a 2.19 % upvote from @boomerang thanks to: @bobokyaw

Thanks you.

Thank !

Thanks bro.

thz bro. follow လုပ်ထားပါသည်။

Thanks you.

Nice Bro

Thanks bro.