You are viewing a single comment's thread from:

RE: Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၁ ( ခေတ်စမ်း ) ( Henry Aung )

in #myanmar7 years ago

မင်္ဂလာပါ ကိုဟင်နရီအောင်
MSC အဖွဲ့ဝင်ခွင့်ရပြီး Promotion ရသည်မှာ ဝမ်းသာရသလို
ဦးဆောင်သူတွေကို ကျေးဇူးလည်း တင်မိပါသည်။
ကျွန်တော်သည် အောင်မြင်ချင်သူတစ်ဦးဖြစ်ရကား အောင်မြင်ရေး
တက်ကျမ်းများစွာကို ဖတ်ခဲ့ဖူးပါသည်။ မိမိသိသလို အခြားသူများအား
လည်း သိစေလို၍ Facebook Group တို့ Page တို့တွင်
အောင်မြင်စေမည့် စာများကိုသာ ပြန်လည် မျှဝေခဲ့ပါသည်။ ယခု
Steemit နှင့် တွေ့ရသောအခါတွင်လည်း ထို အကျိုးရှိမည့်စာများ
ကို ရေးတင်ခဲ့ပါသည်။ ယခု တပတ် promotion တွင်
Let us discuss to succeed ဆိုတဲ့ ခေါင်းစဉ်ဖြင့် မိမိ
ဖတ်မှတ်ထားသည်များကို မိမိလက်ခံယုံကြည့်သည့် သဘောထား
မှတ်ချက်ဖြင့် ဆွေးနွေးစကားပြောဟန် ရေးသားခဲ့ပါသည်။ ဤကဲ့သို့
အောင်မြင်ရေးဆွေးနွေးခန်းများကို စာမျက်နှာ ၅၀ ခန့် အစအဆုံး
အတွေးအခေါ်စာသားများ မထပ်စေဘဲ ဆွေးနွေးရေးသားထားခဲ့ပါသည်။
ယခု ကိုဟင်အား ပြောပြရသည်မှာ ကျွန်တော်ရေးထားသည်မှာ
MSC pro အတွက် ကိုက်ညီမှု အဆင်ပြေမှု ရှိမရှိကို သိချင်၍
မေးမြန်းရခြင်း ဖြစ်ပါသည်။ လိုအပ်သည်များ ဝေဖန်အကြံပြုစေလိုပါ
သည်။ အဆင်မပြေ မကိုက်ညီပါကလည်း နောက် pro ရက်များတွင်
မတင်မိစေရန် အကြံတောင်းခံရခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ Link ပါ
တခါတည်း ချပေးခဲ့ပါသည်။ ကျေးဇူးတင်စွာဖြင့် @billionairehein
https://steemit.com/myanmar/@billionairehein/let-us-discuss-to-succeed

Sort:  

Steemit Platform ပေါ်မယ် မိမိ ကိုယ်တိုင် ဖန်တီးထာသော မည်သို့သော အနုပညာ၊ စာပေ မဆို တင်လို့ ရပါတယ်။ အဲလို original content တွေအတွက် ပဲ MSC က promotion ပေးနေတာပါ။ ဆက်လက်ပြီးတော့ ရေးသားပေးပါ။