Change Your Life

in #myanmar6 years ago

...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life မှ ရေးတင်ခဲ့
ဖူးသော ခွန်အားပေးစာ အချို့ကို ပြန်တင်ပေးလိုက်ပါတယ်။
Screenshot_2018_0822_084024.png

Change your life to the perfect life.
မိတ်ဆွေတို့ရဲ့ ဘဝကို ပြည့်စုံသော ဘဝသို့
ပြောင်းလဲလိုက်ပါ။ မိတ်ဆွေတို့ဟာ လက်ရှိဘဝထက် သာလွန်ချင်ကြမှာပါ။ ဒါပေမယ့် တချို့လူတွေက ပြောင်းလဲပါ၊ ပြောင်းလဲပါ၊ ဆိုရင် သိပ်မကြိုက်ချင်ကြပါဘူး။
ဘာကြောင့်ပါလဲ ဆိုတော့ကာ ဆင်းရဲတဲ့လူအများစုဟာ ဆင်းရဲတဲ့ဘဝမှာ နေသားကျ နေကြလို့ပါ။ လက်ရှိ
မအောင်မြင်သေးတဲ့ ဘဝရဲ့ အတွေးအခေါ်၊ အပြောအဆို၊
အပြုအမူတွေအတိုင်း အမြစ်တွယ် နေထိုင်ကြလို့ပါပဲ။
လောကဓံရဲ့ ရိုက်ချက်တွေကို ဒူးထောက် ခေါင်းငုံ့ပြီး
ဆက် ခံနေလိုကြပါသလား။ လက်ရှိအနေအထားကို
လက်မခံလိုဘူး၊ မကျေနပ်ဘူးဆိုရင် ...
Run out from the comfort zone.
သက်သောင့်သက်သာ နေနေတဲ့ဘဝက ရုန်းထွက်ကြပါတော့။

ပြင်းထန်တဲ့ နာကျင်မှုတွေကလည်း ကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်စေတတ်တယ်တဲ့။ မိတ်ဆွေတို့ဟာ ပြောင်းလဲဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် နာကျင်မှု ပြင်းပြင်းထန်ထန်
မခံစားရသေးလို့ပဲလား။ ဒါမှမဟုတ် ဆင်းရဲတဲ့ လက်ရှိ
ဘဝလေးမှာ နေပျော်ကြလို့လား။ အနှိမ်ခံဘဝ၊ ဆင်းရဲခြင်းကို ခံနိုင်ရည် ရှိနေကြလို့ပဲလား။
ကဲ... မိတ်ဆွေတို့ရေ..
တော်ရိလျော်ရိနဲ့ ရေလိုက်ငါးလိုက်ဘဝလေးမှာပဲ
နေသာသလို ဆက်နေကြဦးမလား။ ဒီလိုမှမဟုတ်
ပြည့်စုံသော ဘဝကို ရောက်ချင်ရင်တော့...
Run out from the comfort zone.
နေသာသလို ၊ဖြစ်သလို၊ သက်သောင့်သက်သာ နေနေတဲ့
ဘဝထဲက ရုန်းထွက်ကြရမှာပါ။
Screenshot_2018_0822_085524.png

Run out from the comfort zone!
သက်သောင့်သက်သာနေရတဲ့ဘဝလေးထက်
သာလွန်သော အိပ်မက်တွေအတိုင်း အမှန်အကန်
ဖြစ်လာဖို့ အခိုင်အမာဆုံးဖြတ်ချက်ချ ကတိကဝတ်ပြုလိုက်ပါ။
မိမိဘဝကို ပိုမိုမြင့်မားသောဘဝအဖြစ်
ပြောင်းလဲလိုပါက စောင့်မနေပါနဲ့။
ရောက်ချင်တဲ့နေရာကို အရောက်သွားပါ။
ငွေကြေးချမ်းသာချင်တယ်ဆိုရင်
ငွေကြေးချမ်းသာတဲ့သူတွေနှင့် ဆက်ဆံပါ။
အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်နေတဲ့
သူတွေနှင့် ပေါင်းသင်းပါ။ သူတို့တွေရဲ့ စိတ်ထားတွေ
အတိုင်း ထားပြီး အခက်အခဲတွေကို ရဲရဲရင်ဆိုင်ပါ။
ဒုက္ခတွေ ကြုံလို့ ညည်းညူမနေပါနဲ့။ ဒုက္ခအသေးလေးတွေ ကျော်ဖြတ်ပြီးမှ၊ သုခအသေးလေးတွေကို စွန့်လွှတ်ရဲမှ ချမ်းသာအောင်မြင်မှု အစစ်အမှန်ရပေမပေါ့။
မိမိဘဝကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် (လုံးဝ) အပြောင်းအလဲကို လုပ်ရပါမယ်။ .. .. ဟိန်းခန့်မောင် .. ..

ကျွန်တော်၏ Facebook page အားလည်း သွားရောက်
လေ့လာနိုင်ပါသည်။ ကျွန်တော်၏ မျှဝေထားသော စာများအား
ဖတ်ရှုခြင်းဖြင့် မိတ်ဆွေတို့ တစ်စုံတစ်ရာ အကျိုးရှိလိမ့်မည်ဟု
ယုံကြည်မိသလို မိတ်ဆွေတို့၏ အချိန်၊ အားထုတ်မှု အချည်းနှီး
မဖြစ်စေမှာကိုတော့ ရဲရဲကြီး အာမခံလိုက်ပါသည်။

https://www.facebook.com/heinkhantmaung.tinaungsoe/orca-image-593574295.jpeg

MSC - 193
@billionairehein

Sort:  

ဒုက္ခ ကပျားရည်လိုချိုပါဘူး
လူတိုင်း သက်သာတဲ့ဘဝမှာနေကြတယ်

သက်သာတဲ့ဘဝမှာ နေကြတော့ တစ်ကယ်သာယာတဲ့ဘဝ မရောက်တာပေါ့ဗျာ

beautiful thoughts to change life.

If we get to the more successful life, we must change.

ဟေ ပြောင်းချင်သားဟ မြန်မြန်ပြောင်းရင် မြန်မြန်ကောင်းတာပေါ့ ကိုဟိန်းရေ

နေသားကျနေတာက အခက်ကြီးဗျ

အစ်‌ကို့ Page ကို လာခဲ့မယ်‌။

Welcome ပါဗျာ

တန်ဖိုးရှိလှတဲ့ စာပေလေးတွေပါပဲ့ဗျာ

အသုံးချတတ်သူတွေအတွက်ပေါ့

You got a 8.23% upvote from @dailyupvotes courtesy of @billionairehein!

Thank for your service.

FBပေါ် သိပ်မရောက်ဖြစ်ပေမဲ့ အလည်လာခဲ့ပါ့မယ်

Page မှာတော့ Motivation ဖြစ်မယ့်စာပေ ပဲ သီးသန့်တင်ထားပါတယ်။ လာလည်ပါဗျာ...

You got a 9.56% upvote from @minnowvotes courtesy of @billionairehein!

အ​ရောင်​ဆိုးထားတဲ့ ဒုက္ခ​တွေက စက်​စက်​ယို လှပ​နေ​တော့
အင်း....ဘာဆက်​​ရေးရပါ့

ဒုက္ခက လှပနေသယောင်ယောင်လား

ကိုယ်​ဖြစ်​လျင်​တာ​လေး​တွေဖြစ်​ရဖို့အ​ရေး
ကြိုးစား​နေဆဲ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 14.01% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thank a lot for your service.

ခက်တာက comfort zone မှာပဲ နေပျော်နေတာက ဆိုးတာ

ဟုတ်တယ်ဗျာ...confort zone ထဲက ရုန်းထွက်ဖို့ ခဲယဉ်းလှသဗျာ

ဒုက္ခမရှိတဲ့ဘဝဆိုတာ အနှစ်သာရမရှိတဲ့ ခပ်ပေါပေါဘဝပါဇာဒက္ခကသာရင်းကျက်မှုကိုပေးတာပါ

ဒုက္ခကို မကြောက် လိုရာပန်းတိုင် ရဲရဲလျှောက်ဖို့ပါပဲ

အလည်လာပါအုံးမယ်

လာလည်ပါဗျာ

သိပ်​မနာ​သေးလို့​နေမယ်

ဟုတ်တယ် အရမ်းမနာကျင်သေးဘူး

Comfort Zone ကထွက်ပြီး ရုန်းကန်လှုပ်ရှားမှုမှာ နေသားကျအောင်လုပ်ရမယ်ဗျ

ရုန်းထွက်တတ်တဲ့ အကျင့်မှာ နေသားမကျဘဲ confort zone မှာပဲ နေသားကျနေတာခက်တယ်

ကိုဘီလျံရဲ့ ခွန်အားရှိစေသောစားများက အကြိမ်ကြိမ် ပြန်ဖတ်နေရပါတယ်ဗျာ။

အကြိမ်ကြိမ်ဖတ်လေ ပိုမှတ်မိလေ ပိုအောင်မြင်လေပေါ့ဗျာ😁😁😁

Comfort zoneတဲ့...အမည်လေးလှသလောက် လူတွေကို ဒုက္ခရောက်စေပါတယ်။

ဟုတ်တယ် ...ဓားသွားထက်က ပျားရည်စက်လိုပဲ

အများစုက ချမ်းသာပြီး အေးအေးဆေးဆေးနေချင်တယ် အခု မချမ်းသာခင်လဲ အေးအေးဆေးဆေး နေရတာကို မစွန့်လွတ်နိုင်ကြဘူး ပြောတာပြောရတယ် ကျွှန်တော်လဲပါတယ် ဟီး

ချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင် ချမ်းသာကြီးကို မရနိုင်ပါလေ

အနေမတတ်ရင်အသေခက်မှာဆိုးရတယ်ဗျာ

နေတတ်ဖို့ထက် သေတတ်ဖို့ ပို အရေးကြီးပါသော်ကော