ယိုယွင်းနေသောမြန်မာ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ရအောင်

in #myanmar7 years ago (edited)

image

Steemit members အားလုံး မင်္ဂလာပါရှင်။
ယိုးယွင်းနေသော သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင်လို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး ပြေးမြင်မိတာ အမှိုက်သိမ်းကားနဲ့ စည်းကမ်းမဲ့စွာ အမှိုက်ပစ်တဲ့သူတွေပါပဲ။ လူတိုင်း လူတိုင်းက သဘာဝက ပေးတဲ့ ရေ ၊ လေတို့ကို သောက်သုံး ၊ ရှူရှိုက်ရင်း အသက်ရှင်သန် နေထိုင်ကြရတာ မဟုတ်လား။ သဘာဝက ပေးတဲ့ ရေနှင့်လေ ရှိမှသာ အသက်ရှင်သန်နိုင်မှာ ဆိုတော့ လူတိုင်းတွက် ရေနှင့်လေကလည်း မရှိမဖြစ်ပဲလေ။ လူတိုင်း လိုအပ် သုံးစွဲ နေကြတဲ့ ရေနှင့်လေကလည်း သန့်ရှင်းနေဖို့ သိပ်ကိုလိုအပ်ပါတယ်။ မသန့်ရှင်းသောရေ ၊ လေ တို့ကို သောက်သုံးရှူရှိုက်မိမယ်ဆို ကျန်းမာရေးထိခိုက်လာသလို အသက်ရှင်သန်ဖို့လည်း အခွင့်အလမ်း နည်းကြမှာ အမှန်ပဲလေ။

image

ဒါကြောင့် သဘာဝက ပေးတဲ့ ရေ၊ လေတို့ သန့်ရှင်းဖို့တွက် လူတိုင်းမှာ တာဝန်မရှိပေဘူးလား။ ကျန်းမာပျော်ရွှင်သော ဘဝနဲ့ ရှင်သန်နိုင်ဖို့ရာ သဘာဝက ပေးတဲ့ ရေ၊လေ တို့ကို သန့်ရှင်းလတ်ဆတ်နေဖို့ လူတိုင်းက လုပ်ဆောင်သင့်ပါတယ်။ ထိုသို့ လုပ်ဆောင် လိုက်လို့လည်း ကောင်းကျိုး ခံစားရမှာ မိမိတို့ ကိုယ်တိုင်ပဲလေ။ သဘာဝတရားကြီးက ပေးတဲ့ ရေနဲ့လေ တို့ကတော့ သန့်ရှင်းပြီးသားပါ။ တကယ်တော့ သဘာဝတရားကြီးကို ညစ်ညမ်း ယိုယွင်း ပျက်စီးအောင် လုပ်နေကြတာ လူတွေပါပဲ။ ဒါကြောင့် သဘာဝတရားကြီး မပျက်စီး ၊ မယိုယွင်းအောင် ထိန်းသိမ်းဖို့က အဓိကအကျဆုံးက လူတွေပါပဲ။ သဘာဝတရားကြီးကို ဘယ်လို ထိန်းသိမ်းကြမှာလဲ။ တိုးတက် ပြောင်းလဲ လာတဲ့ ခေတ်ကြီးမှာ မပြောင်းလဲသေးသော အမှိုက်ကားများ နှင့် စည်းကမ်းမဲ့စွာ အမှိုက်ပစ်သူများကို ဥပမာထားလို့ ပြောပါရစေ။

image

လူတိုင်းဟာ နေ့စဉ် လှုပ်ရှားရုန်းကန် နေကြသူတွေမို့ သောက်သုံးလိုက်တဲ့ရေ ၊ ရှူရှိုက်လိုက်လေတို့ သန့်ရှင်းနေဖို့ ဆိုတာ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖို့ဟာလည်း အရေးကြီးသော အခန်းကဏ္ဌမှာ ပါဝင်ပါလိမ့်မယ်။ လူများဟာ နေ့စဉ် စားသောက် လှုပ်ရှားနေကြတာမို့ စွန့်ပစ် ပစ္စည်းများဟာလည်း အများအပြားပါပဲ။ လူတိုင်းအိမ်မှာ အမှိုက် မရှိတဲ့ရက် ဆိုတာ ရှိမှာမဟုတ်ပါဘူး။ ဒီတော့ အမှိုက်ဆိုတာ စွန့်ပစ်ရမှာပဲ ၊ စွန့်ပစ်ကြမှာပဲ ဘယ်သူမှတော့ သိမ်းထားမှာ မဟုတ်ပါဘူး။ စနစ်တကျ စွန့်ပစ်ဖို့တွက် ဘာတွေ လိုအပ်လဲ။ အဓိက အကျဆုံးက အမှိုက်သိမ်းကားတွေပါပဲ။ အမှိုက်သိမ်းကားများကို မြို့နယ်တိုင်း၊ ရွာတိုင်း၊နေရာတိုင်းမှာ ထားရှိပေးဖို့ လိုသလို အချိန်မှန်၊ ရက်မှန်လာပေးဖို့လည်း လိုအပ်ပါတယ်။ အမှိုက်ဆိုတာကိုတော့ ဘယ်သူမှ အိမ်မှာ မရှိစေချင်ပါဘူး။ ဥပမာ နေ့စဉ် ချက်ပြုတ် စားသောက်ကြတဲ့ဆီက စွန့်ပစ် ပစ္စည်းတွေဆို ရက်ကူးအောင် ထားလို့မရတဲ့တွက် မလွဲမသေ စွန့်ပစ်ကြရတာပေါ့။ အဲသလို စွန့်ပစ်ဖို့တွက် အချိန်မှန် အမှိုက်ကား လာဖို့ လိုအပ်သလို လာတဲ့ အမှိုက်ကားမှာပဲ မဖြစ်မနေ စနစ်တကျ စွန့်ပစ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ တစ်ချို့များမှာ အမှိုက်ကားက ပုံမှန်မလာတဲ့ခါ လွယ်လင့်တစ်ကူ ရရာနေများမှာ စွန့်ပစ်တက်ကြလေ့ရှိတယ်။

image

တစ်ချို့မှာလည်း အမှိုက်ကားများမှ ပုံမှန်လာသော်လည်း လာချိန်မှာ မအားလိုက်လို့ မပစ်လိုက်ရတာမို့ အမှိုက်များကို မြောင်းထဲ ပစ်ချသူက ပစ်ချ ၊ ကိုယ့်ဆီမှာ မရှိရင် ပြီးရော သူများ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ပစ်သူကပစ်၊ ကမ်းနားလိုနေရာမျိုးမှာ ပစ်ချသူက ပစ်ချနဲ့ အမျိုးမျိုး ရှိနေကြတဲ့တွက် သန့်ရှင်းနေသော သဘာဝတရားကို ညစ်ညမ်းအောင် ပျက်စီးအောင် လုပ်တာနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ ဒီလိုဖြစ်အောင် ဖန်တီးနေသူတွေကလည်း လူတွေပါပဲ။ အမှိုက်ဆိုတာ အညစ်အကြေးပါ။ အညစ်အကြေးမို့လည်း မလိုချင်လို့ စွန့်ပစ်ကြတယ်။ ကိုယ်တောင် မလိုချင်လို့ စွန့်ပစ်တဲ့ မသန့်ရှင်းတဲ့ အမှိုက်တွေကို သူများပတ်ဝန်းမှာ သွားစွန့်ပစ်မယ်ဆိုရင် ကောင်းပါ့အုန်းမလား။ ကိုယ့်မြို့၊ ကိုယ့်ပတ်ဝန်းကျင်ကို ရုပ်ဆိုး အကျည်းတန်အောင် ကိုယ်ကိုယ်တိုင်က ဖန်တီးတာနဲ့တူပြီး ကိုယ့်ရဲ့ ဆိုးကျိုးကို ကိုယ်ကိုယ်တိုင် ရှာဖွေလိုက်တာနဲ့လည်း အတူတူပဲဖြစ်ပါလိမ့်မယ်။ ဘာလို့ဆို အမှိုက်ဆိုတာ အညစ်အကြေးမို့ မသန့်ရှင်းနိုင်ပါ။ နေရာတကာမှာ လွယ်လင့်တကူ စွန့်ပစ်လိုက်တဲ့တွက် ထိုအညစ်အကြေးများမှ ထွက်လာတဲ့ အနံ့သက်တွေက သဘာဝပေးတဲ့ လေထဲ၊ ရေထဲ ရောသွားတဲ့ခါ လူတိုင်းသုံးစွဲ နေရတဲ့ သဘာဝက ပေးတဲ့ ရေနဲ့လေတို့ကရော သန့်ရှင်းပါ့အုန်းမလား။ ကိုယ့်ရဲ့ အမှိုက်ကြောင့် သဘာဝတရားက ပေးတဲ့ လေထုနဲ့ရေထုကို ညစ်ညမ်းသွားစေဖို့ ပြုလုပ်မိနေတယ် ဆိုတာ တစ်ချို့ချို့သော လူများ သိရှိဖို့ လိုအပ်သလို ထိန်းသိမ်းဖို့လည်း လွန်စွာ အရေးကြီးပါတယ်။

image

image

ဒါကြောင့် သဘာဝက ပေးတဲ့ လေနှင့်ရေတို့ သန့်ရှင်းနေမှ ထိုလေနှင့်ရေတို့ကို ရှူရှိုက် သောက်သုံးပြီး ရှင်သန်နေကြရတဲ့ လောက လူသားများတွက် ကျန်းမာ ပျော်ရွှင်နေထိုင်နိုင်မှာမို့ လူသားတစ်ဦးချင်းဆီမှာ သဘာဝတရားကြီးကို ညစ်ညမ်းအောင် ယိုယွင်းအောင် မလုပ်မိစေဖို့ ဆိုတဲ့အသိရှိဖို့ လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လူတိုင်းမှာ တာဝန်ရှိပါတယ်။ သဘာဝတရားများ မပျက်စီးစေဖို့ ၊ နိုင်ငံကြီး သာယာလှပစေဖို့ ၊ လူတိုင်းလူတိုင်း သန့်ရှင်းလတ်ဆတ်သော သဘာဝက ပေးတဲ့ ရေနှင့်လေတို့ကိုသာ ရရှိ အသုံးပြုနိုင်ဖို့ အမှိုက်များ ၊ အညစ်အကြေးများကို လွယ်လင့်တကူ မစွန့်ပစ်ကြပဲ စည်းကမ်းတကျ စွန့်ပစ်ခြင်းဖြင့် သဘာဝတရားကြီးကို ထိန်းသိမ်း စောင့်ရှောက် ပြုပြင်ကြရအောင်။ စာရေးသူနှင့်တကွ လူသားအားလုံး သဘာဝတရားကြီးကို ထိန်းသိမ်းစောင့်ရှောက် ပြုပြင်နိုင်သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက်ရပါတယ်ရှင်။
Author@ayemomo(MSC-051)
Photo by google

Sort:  

ပလပ်စတစ်အိပ်တွေက အဆိုးဆုံးပဲဗျာ ခုဆို ယာတောတွေမှာတောင် ပေါလာတယ်
ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက်တော့ ထိန်းသိန်းရမှညပါပဲ good ပါ အမရေ

ဟုတ်ကဲ့ပါ

ကောင်းပါ့ဗျာ ဆုရပါစေနော်

ဟီး မရနိုင်မှန်းတော့ သိပါတယ်
ဒါပေမယ့် ပြိုင်ကြည့်ချင်လို့
ဆုတောင်းပေးလို့ ကျေးဇူးပါ

ဆုရပါ​စေရှင်​။

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏၊ ဟဲဟဲ

save the earth :D

yes,thanks together

ကောင်းပါတယ်။sisတို့ ရပ်ကွက်မှာတော့ အမှိုက်ကားလည်းလာတယ်။အမှိုက်ကားမလာရင်တောင်မှ အမှိုက်သွားပစ်လို့ရတဲ့နေရာတစ်ခုထားပေးထားတယ်။စည်ပင်သာယာကလည်း ညဘက်ဆို အဲ့ဒီ့နေရာက အမှိုက်တွေလာလာသိမ်းပေးတယ်။

အခုနောက်ပိုင်းတော့လာတာများပါတယ်
ဒါပေမဲ့ အဲလိုလာတာတောင် တစ်ချို့ချို့သောလူများက စည်းကမ်းမဲ့ လုပ်နေကြတုန်း

တင်ပြတာကောင်းပါတယ် ဆုရပါစေ

ကျေးဇူးပါ၊ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏

အားပေးတယ်ညီမ

ကျေးဇူးပါ

ဆုရရှိပါ​စေ ခင်​ဗျာ

ဟုတ်ကဲ့၊ကျေးဇူးပါ

Wow Wow .....

ဘာ wow လဲ
အရမ်းကောင်းလို့လား ဟားဟား

ပတ်ဝန်းကျင်ကတော့တကယ်အရေးကြီးတာသက်လား

ဟုတ်ကဲ့ပါ

let's save our enviroment.. v and m me back @mgtoetat

yes,thanks

ဆုရပါစေ 😁😁😁

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏

ကိုယ်​တတ်​နိုင်​သ​လောက်​ပြုပြင်​ကြရင်​​ကောင်းမယ်​။

ဟုတ်ပါ့

ထိထိမိမိရေးးတတ်လိုက်တာ
တော်ပါပေတယ်

အဲလောက်လည်းဟုတ်ပါဘူး၊ကျေးဇူးပါ

ကောင်းတယ်ဗျာ ဆုရပါစေ

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏

အောင်မြင်နိုင်ပါစေ

ဟုတ်ကဲ့ပါ၊ကျေးဇူးပါ

You got a 0.84% upvote from @postpromoter courtesy of @ayemomo!

Want to promote your posts too? Check out the Steem Bot Tracker websitevote for @yabapmatt for witness! for more info. If you would like to support the development of @postpromoter and the bot tracker please

အရမ်းကောင်းပါတယ် ဆုရပါစေဗျာ