Steemit members အားလုံး မင်္ဂလာပါရှင်။ တက္ကသိုလ် ဆိုတာ တက္ကသိုလ် ရောက်ရှိဖူးသူတိုင်းတွက် လွမ်းစရာ မေ့မရစရာ သတိရစရာ ပြန်မရနိုင်တော့မယ့် အရာပေါင်းများစွာ စုဝေးရာ နေရာလေး တစ်ခုပါ။ ငယ်ငယ်က လူကြီးတွေ ပြောပြောကြတာ နင်တို့ စာကြိုးစားကြ တက္ကသိုလ် တက်ရရင် အနယ်နယ် အရပ်ရပ်မှ သူငယ်ချင်း တွေလည်း အများကြီး ရမှာ အမြင်ဆန်း အသစ်ဆန်းတွေလည်း မြင်ရမှာ ပျော်စရာတွေနဲ့ ပြည့်နေမှာလို့ ကြိုးစားချင်အောင် စာလုပ်ချင်အောင် ပြောကြ ဆုံးမလေ့ ရှိတာ။ တကယ်လည်း တက္ကသိုလ် ဆိုတာ ငယ်ဘဝနဲ့ ဘာမှမဆိုင်အောင် ပြောင်းလဲသွားစေနိုင်တဲ့ နေရာဆိုလည်း မမှားပါဘူးနော်။
မိုအဓိက ပြောချင်တာလေးကတော့ မိုတက္ကသိုလ် ကျောင်းသူ ဘဝတုန်းက သူငယ်ချင်းများနှင့် အတူ အိမ်ကမသိအောင် ခိုးသွားဖူးတဲ့ ခရီးလေး တစ်ခုကြောင်း ပြောပြချင်တာပါ။ မပြောပြခင် တက္ကသိုလ် ဆိုတာ ကောင်းတဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲ ပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်သလို မကောင်းတဲ့ ဘဝ လမ်းကြောင်း ရောက်သွားနိုင်တဲ့ နေရာလည်း ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ဆို အပေါင်းသင်းစုံ အမြင်စုံ အသစ်ဆန်းစုံတော့ ဟိုဟာလည်း လုပ်မိချင် ဒီဟာလည်း လုပ်မိချင် ဖြစ်တက်တော့ ကောင်းတဲ့ အရာ ကောင်းတဲ့ အပေါင်းသင်း ဖြစ်ဖို့နဲ့ ကိုယ့်ကိုကို ထိန်းတက်ဖို့တော့ လိုမယ်နော်။ ငယ်ငယ် ကလေး ဘဝက မိဘ ဆရာ အိမ်သူ အိမ်သားတွေက လိုက်ထိန်းပင်မယ့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ဖြစ်သွားပြီးဆို ကိုယ့်ကို လူကြီး အရာသွင်းကာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် လွတ်လပ်ခွင့်တွေ ပေးထားတက်ကြတာမို့ လမ်းမှားလေး မရောက်ဖို့ အပျော်က အပျက်မဖြစ်ဖို့ ကိုယ့်ကိုကို တိမ်းမတ် ရမယ့် နေရာလေးပါလို့ ပြောပါရစေ။
တက္ကသိုလ်က အမှတ်တရ လေးကို ရေးမယ်ဆိုတော့ တက္ကသိုလ်ဆိုတာ အသိပညာ တိုးပွားရာနေရာ ဆိုပင်မယ့် ပျော်ရွှင်စရာ အကောင်းဆုံး နေရာလည်း ဖြစ်တာမို့ အပျော်ကနေ အပျက်လည်း ဖြစ်သွားနိုင်တဲ့ နေရာဖြစ်တာကို ထည့်ရေးတာပါ။ မိုနှင့်သူငယ်ချင်းများရဲ့ အမှတ်တရ ခရီး ကတော့ ကျိုက်ခမီ ဘုရားသို့ တစ်နေ့တာ အိမ်က မသိအောင် ခိုးပြီး သွားခဲ့ကြတာ လေးပါ။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတိုင်းလည်း မိုတို့လို အနည်းနဲ့ အများ လုပ်ဖူးသူတော့ ရှိကြလိမ့်မယ် ထင်တယ်နော်။ အိမ်က မသိအောင် ဘာလို့ သွားလဲဆို မိုတို့ သူငယ်ချင်းတွေ အသွင်တူရာ ပေါင်းမိရာ ဆိုသလိုပဲ အားလုံးက ရိုးရိုးအေးအေးကြီးပဲ အိမ်ကြောက်သူကြီးပဲလေ။ အိမ်ကမပါပဲ တစ်ခါမှလည်း ခရီးမသွားဖူးကြတော့ ခိုးသွားဖို့ အတွေးလေး ရခဲ့ကြတာပေါ့။ မိုတို့က ကျောင်းကို နေ့စဉ် ပုံမှန်သွားသူတွေ ကျောင်းချိန်လည်း ပျက်လေ့မရှိသူတွေ ဆိုတော့ ငါတို့ ကျောင်းပြီးသွားရင် ငါတို့တွက် ဘာမှအမှတ်တရ မရှိပဲ နေတော့မှာပဲ ဆိုပြီး ဒီခရီးလေးသွားဖို့ စိတ်တူကိုယ်တူ ဆုံးဖြတ်ခဲ့ကြတာပေါ့။
မိုတို့မြို့မှာက ကျိုက်ခမီ ဘုရားသွားဖူးရင် နေ့ချင်းပြန် သွားလို့ရတာမို့ အသွားအပြန် ထွက်တဲ့ လိုင်းကားကလည်း အဆင်သင့်ရှိတယ်လေ။ လက်မှတ်ကိုတော့ တစ်ရက်ကြို ဝယ်ထားရတာပေါ့။ သွားမယ့်မနက် အိမ်မှာကတော့ ကျောင်းပေါ့။ paraticle ရှိတဲ့ရက်ဆို ကျောင်းက အစောကြီး သွားရလေ့ရှိတာ ဆိုတော့ အိမ်ကတော့ ဟန်မပျက်ထွက်ရတာပေါ့။ အိမ်ကမေးရင် paraticle ပေါ့။ အဲ့လိုနဲ့ သူငယ်ချင်း တစ်စု အချိန်းအချက်နဲ့ စုရပ်မှာဆုံ ကျိုက်ခမီ ဘုရားဖူးဖို့ လိုင်းကားလေးပေါ်တက် ကြတော့တာပေါ့။ ကားပေါ် ရောက်တာနဲ့ ခိုးသွားရတာကိုတောင် မေ့ပြီး တစ်ယောက် တစ်ပေါက်နဲ့ စကားတွေပြော ပျော်ရွှင်နေကြတာလေ။ အဲဒီလိုနဲ့ ကျိုက်ခမီ ဘုရားသို့ ရောက် ဘုရားဖူးကြ ဆုတောင်းကြ ငါးစာတွေကျွေးကြ ငါးစာတွေကိုလည်း ကိုယ့်ဘာသာကိုယ် ပြန်စားကြနဲ့ ပျော်မဆုံး ဖြစ်နေကြတာလေ။ ငါးစားပြန်စားတယ် ဆိုတာက အဲ့မှာ ငါးကျွေးတဲ့ ဝေဖာချောင်းတွေက စားကောင်းသကိုး။ နောက်တော့ ထမင်းချိုင့်တွေဖွင့် တစ်ယောက်တစ်လက်ခက် အားရပါးရ စားကြတော့ တာပဲ။ နောက်တော့ ဘုရားဖူး အပြန် စက်စဲ ကမ်းခြေသို့ လိုင်းကားတွေက ဝင်လေ့ရှိတာမို့ ကမ်းခြေ ရောက်တော့လည်း ပျော်လိုက်ကြတာ ရေးကူးဖို့ ကြတော့ တစ်ယောက်မှ အဝတ်စားပိုမပါ ပထမဆုံး ခိုးလုပ်ဖူးတဲ့ အရာမို့ အိမ်ကသိမှာ အရမ်းကြောက်ကြတော့ အဝတ်ပို ထည့်မလာရဲကြ ကမ်းခြေမှာ ခြေထောက်လေးတွေ လောက်ပဲ ရေဆော့ကစား ဓါတ်ပုံတွေရိုက်နဲ့ ရသလို ပျော်နေကြတာ အမှန်ပါပဲ။ လိုင်းကားက တစ်နေရာမှာ တစ်ခါ ရပ် အချိန်ပြည့်သမို့ အပြန်ခရီး ခရီးဆက်ခဲ့ကြ ပြန်တာပေါ့။ ခရီးစဉ် တစ်ခုလုံး ပေါက်ပေါက်ဖောက် ညံစီအောင် ပြောလာကြတာ ကားထဲက ခရီးသည်တွေတောင် ဂရုမစိုက်မိ အခုမှပြန်စဉ်းစားရင် အားနာစရာ ခရီးလေးလည်းဆုံး ကားပေါ်က ဆင်းတော့ အရင်နေ့တွေထက်တော့ ကျောင်းပြန်ချိန် နည်းနည်း နောက်ကျ နေပြီမို့ အိမ်ကမေးလို့ ဆူခံထိမှာ ကြောက်တော့ ဘာစဉ်းစားကြလဲဆို မြက်ပင်တွေ လိုက်ရှာကြတာပေါ့။ အဲ့ချိန်က မြက်ပင်တွေ ခါးမှာလိမ်သွား ထည့်သွားရင် အော်ခံမထိ ဆူခံမထိဘူး ဆိုတဲ့ အယူလေး ရှိကြတော့ လမ်းဘေး မြက်ပင် လိုက်နှုတ် ခါးမှာလိမ် အိမ်ပြန်ကြတာပေါ့။ အိမ်လည်းရောက်ရော မြက်ပင်လေးရဲ့ တန်ခိုးပဲလားတော့ မသိ အိမ်က ဘာလို့ နောက်ကျလည်း မေးတော့ paraticle မပြီးသေးလို့ ပြောတော့ ဘာမှမပြောကြတော့ သွားခဲ့ရတဲ့ ခရီးကလည်း သူငယ်ချင်းများနှင့် ပထမဦးဆုံး ပျော်ရွှင်မဆုံး အိမ်ကလည်း မသိပဲ အဆင်ပြေပြေနဲ့ ပျော်ရွှင် အမှတ်ရ လွမ်းမိရ တာလေးကို ပြန်လည်မျှဝေတာပါ။
တက္ကသိုလ် နယ်မြေ ဆိုတာ ကျောင်းသား ကျောင်းသူများတွက် လွမ်းစရာ သတိရစရာတွေနဲ့ ပြည့်နှက် နေတာ ရောက်ဖူးသူတိုင်း သိမှာပါနော်။ အားလုံးလည်း မိုတို့လို မှတ်မှတ်ရရ ဖြစ်စရာတွေ အများကြီး ရှိမယ်လို့ မိုယုံကြည် ပါတယ်။ အခုချိန်ခါမှာတော့ စိတ်တူ ကိုယ်တူ ပျော်ဖူးခဲ့တဲ့ သူငယ်ချင်းများ တစ်ယောက် တစ်နေရာစီနဲ့ လုပ်ငန်းခွင် အသီးသီးမှာဆိုတော့ အဆက်သွယ်တွေတော့ ရှိပေမဲ့ အရင်လိုချိန်တွေတော့ ပြန်ရနိုင်ဖို့ ပြန်ပေးနိုင်ဖို့ မလွယ်ကြတော့ဘူးလေ။ သူငယ်ချင်း အားလုံးရဲ့ ရင်မှာတော့ မမေ့ရနိုင်တဲ့ ဒီခရီးလေး ဒီအချိန်လေးကို အောက်မေ့သတိရ တမ်းတ နေကြမယ်ဆိုတာ မိုယုံကြည်ပါတယ်လို့ တစ်ခါတုန်းက တက္ကသိုလ် အမှတ်တရလေးကို အဆုံးသတ်လိုက်ပါရစေနော်။ steemit familyကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး တစ်ခါက တက္ကသိုလ် ယခု တက္ကသိုလ် များကို တမ်းတရင်း ပျော်ရွှင် နေကြပါစေလို့ ဆုတောင်းပေးပါရစေနော်။
Author @ayemomo (MSC-051)
Photo by google
အယ်! ခိုးသွားတယ်ပေါ့လေ
နိတို့ရောမသွားဘူးလား
Nice Memoried
Thank you
အမြဲပြုံးပျော်နိုင်ပါစေ
ဟုတ်ကဲ့ ကျေးဇူးပါ
အမှတ်ရမိပြန်ပီမမရယ်
အမှတ်စရာတွေများမှာကိုး
good post
Yes,thank
တက္ကသိုလ် ကျောင်းသားဘဝကို သတိရမိပါရဲ့
သတိရစရာတွေရှိလို့ပေါ့
ကျောင်းတော်ကြီးကတော့ အမြဲအမှတိရစရာပါဗျာ
နိရတာငါသိပါ့
တက္ကသိုလ် ကိုတော့လွမ်းသား
အဲ့ ဘွဲ့ နဲ့သာ ဘာမှ လုပ်စားမရတာ
ဟုတ်တယ်ဟုတ်တယ်
သို့သော်လည်းလွမ်းပါ၏
ဘုန်းကြီးကျောင်းသားဆိုတော့ တက္ကသိုလ်အကြောင်း သိပ်နားမလည်ဘူး ကျောင်းသားတွေက အဲလိုပဲ ကျောင်းမတက်ဘဲ လစ်လစ်နေကြတာလားမသိ
ဟဲဟဲသိဘူးလေဆရာ
I miss my uni life when i have been read your post.
Thank you,for u read my post
nice post
Thank
Good.
Thank
တက
အမ်