လှပသောရေတံခွန်များ(world beautiful waterfalls)

in #myanmar7 years ago (edited)

ရေတံခွန်များဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာအံသြဘွယ်သဘာဝအလျောက် လှပစွာဖြစ်ပေါ်လာပါတယ် အောက်ပါရေတံခွန်များကတော့လာရောက်လည်ပတ်သူများကို ရင်သပ်ရှုမောဖွယ်ရာများကို ခံစားရစေပီး ကမ္ဘာ့အလှဆုံးစာရင်းဝင် ရေတံခွန်များလည်းဖြစ်ပါတယ်


**1. Victoria Falls in Zimbabve** ဗစ်တိုးရီးယားရေတံခွန် သို့မဟုတ် Mosi-oa-Tunya လို့အမည်ရတဲ့ တစ်ခုကတော့ ဇမ်ဘီယာနှင့်ဇင်ဘာဘွေနယ်စပ်မှာတည်ရှိပီး ဇမ်ဘီဇီ မြစ်ထဲကို 354 ပေအမြင့်မှတစ်ဖြောင့်တည်းအောက်ကိုကျရောက်ပါတယ် အဆိုပါရေတံခွန်ဟာ 5604ပေ ကျယ်ပြန့်ပါတယ်

2. Iguazu Falls in Argentina/Brazil
အီဂွာဇူရေတံခွန်ကတော့ ဘရာဇီးနဲ့အာဂျင်တီးနားနယ်စပ်မှာတည်ရှိပီး 285ပေအမြင့်ရှိပါတယ် သူပုံစံကတော့ မြင်းခွာနဲ့အလားသဏ္ဍန်တူပါတယ်
IMG_20180127_205746.jpg


**3. Angel Falls in Venezuela** angel ရေတံခွန်ကတော့ကမ္ဘာ့အမြင့်ဆုံးရေတံခွန်တစ်ခုဖြစ်ပြီး အမြင့်ပေ 3212ပေကနေ ကျရောက်ပါတယ် canaima အမျိုးသားဥယျာဉ်ထဲမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ် ယူနက်စကိုမှ ထိန်းသိမ်းထားပြီး ရှာဖွေတွေ့ရှိသူ အမေရိကန်လေယာဉ်မှူး ဂျင်မီအိန်ဂျယ်ကို အစွဲပြုပေးထားတဲ့ နာမည်ဖြစ်ပါတယ်
**4. Kaieteur Falls in Guyana** Kaieteurလို့ ခေါ်ဆိုတဲ့ရေတံခွန်ကတော့ ဂိုင်ယာနာမှာတည်ရှိပီး အမြင့်ပေ 741ပေ မြင့်ပါတယ် ခရီးသွားသူအများအပြားကို ဆွဲဆောင်ထားနိုင်တဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ် တောတောင်များအလယ်မှာတည်ရှိပါတယ် ![IMG_20180127_205816.jpg]()
**5. Niagara Falls in USA/Canada** niagara ရေတံခွန်ဟာလည်း လူသိများတဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ် အမေရိကန်နဲ့ကနေဒါနယ်စပ်ရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ် ဒီရေတံခွန်ဟာ ကျွန်းတစ်ခုနဲ့ပိုင်းခြားထားပြီး ကနေဒါဘက်မှာတော့ မြင်းခွာပုံဖြစ်တည်နေပါတယ် photo credit ---*google*