steemit

in #myanmar6 years ago

ကမ္ဘာကို ဂျင်းထည့် နေရော့သလား ထိုင်းရယ်
@@@@@@@@@@@@@@@@@@
ကိုယ်တွေရဲ့ မိုးကုတ်မှာ
လူးတွင်းထဲ ဝင်ပြီး
ကျောက်သွားတူးကြတဲ့လူတွေတောင်မှ
လူးထဲဝင်ရင်
စားစရာရိက္ခာအပြည့်အစုံ
ဖယောင်းတိုင်တွေ
ဓာတ်မီးတွေနဲ့
သုံးရက်စာ ဖြစ်ဖြစ်
ငါးရက်စာ ဖြစ်ဖြစ်
တစ်ပတ်စာဖြစ်ဖြစ် ယူပြီးမှ
သွားဆင်းကြတာ

လူးထဲမှာ ဝင်္ကဘာလိုပဲ
လမ်းတွေ အပေါက်တွေ
ရှုပ်ရှက်ခတ်
မြေအောက်ရေတွေ
ရေအိုင်တွေ ရေချောင်းတွေလဲ ရှိ
လမ်းမပျောက်အောင် လမ်းပြအမှတ်အသားတွေ
မှတ်ထားပြီး
လမ်းသိတဲ့သူက
ရှေ့က ဦးဆောင်ပြီး
သွားကြရတာ

လူးနက်လေ အန္တရာယ် ပိုများလေပဲ

မိုးကုတ်မှာ လူးတွင်းတွေ
ခဲတွင်းတွေ အများကြီး
အလံတရာလူးဆိုတာ
နာမည်အကြီးဆုံး
လမ်းမှား လိုက်တာနဲ့
အပြန်ထွက်လမ်းရောက်ဖို့
ဆယ်ရေးတစ်ရေး မသေချာ

အနက်ပေပေါင်း ဘယ်လောက်ရှိမလဲ
မခန့်မှန်းနိုင်တဲ့
မှောင်မည်းပိတ်နေတဲ့
အပေါက်တွေလဲ ရှိ
လမ်းချော်ကျလို့
အောက်ပြုတ်ကျသွားရင်
အရိုးတခြား အသားတခြား
ဖြစ်ဖို့များ

ဒီအကြောင်းကို မနေ့ကတောင်
သိတဲ့သူနဲ့ စကားစပ်မိလို့ ပြောဖြစ်ကြသေးတယ်
အလံတရာလူးထဲက
အပေါက်တပေါက်က
အနက်ပေဘယ်လောက်ရှိလဲဆိုတော့
ပေသုံးရာရှိတဲ့ ကြိုးထုံး သုံးထုံးကုန်မှ
အောက်ခြေရောက်တယ်တဲ့
အဲ့မှာ ဗြုန်းတွေ ကျောက်တွေအပြည့်ဆိုပဲ

အန္တရာယ်များတဲ့လူးတွင်းကို
အသက်စွန့်ပြီး ဘာကြောင့်
ဆင်းကြတာလဲ မေးရင်
ပတ္တမြားနီလာအဖိုးတန်
ကျောက်မျက်ရတနာတွေကြောင့်
လောဘဇောနဲ့
မကြောက်မရွံ့ ဆင်းကြတာ

ပြောချင်တာက
ကိုယ်တွေမြို့က အရွယ်ရောက်လူတွေ
လူးထဲဝင်လို့
အခန့်မသင့်ရင်
အသက်အန္တရာယ်တွေ
ဘေးအန္တရာယ်တွေ တွေ့ရကြုံရသေးတာ

လူတွင်းထဲဝင် ခဲတွင်းထဲဝင်ရင်
ဘယ်လိုနေမလဲ ကိုယ်တွေမကြုံဘူးလို့ မပြောတတ်ပေမယ့်
ဘာမှ မပြောလောက်တဲ့ ဂွေးပင်က လူးသေးသေးထဲ ဝင်ဘူးတယ်
အေးစိမ့်နေတဲ့အပြင်
တချို့နေရာတွေများ
ကျဉ်းမြောင်းလွန်းလို့
ကုန်းကုန်းကွကွနဲ့သွားလာရခက်

မယ်ဆိုင်ဂူထဲ ဝင်သွားတဲ့
ကျောင်းသားလေးတွေ ကို ရှာဖို့
ထိုင်းက navy seal အဖွဲ့ရော
us ကရော
ဆွီဒင် သြစတေးလျ နိုင်ငံကြီးတွေကရော
လေ့ကျင့်သားရနေတဲ့ အတွေ့အကြုံရှိ
စစ်သားကြီးတွေ
ကယ်ဆယ်ရေးသမားကြီးတွေတောင်မှ
ကရိယာအပြည့်အစုံနဲ့
အရှေ့ရောက်အောင်
ခက်ခက်ခဲခဲနဲ့ မနည်း သွားနေရတာ

ဘာကရိယာမှ မပါတဲ့ ကလေးတွေအားလုံး
ဂူအတွင်းအနက်ကြီးထိ ရောက်အောင်
သွားနိုင်လို့လား

ဘာမှ မမြင်ရ မဲမှောင်သည်းပိတ်နေတဲ့
ဂူအတွင်းထဲ
ပါသွားတဲ့ အလင်းရောင်
အထောက်အကူပြုပစ္စည်းတွေ
ကြာရှည်ခံလို့လား

စားစရာနဲနဲလေးပါသွားတယ်
စားစရာကုန်တော့
ရေသောက်ပြီး နေလို့ရတယ် ထား

ဂူထဲမှာရေလဲရှိတော့
ရေထဲဖြတ် ရင် အဝတ်တွေစိုမယ်
အေးတာတွေ ရှိမယ်
ဘာမှမမြင်ရ
အေးစိမ့်မှောင်မည်းနေတဲ့ဂူထဲမှာ
ကိုးရက်မြောက်တဲ့အထိ
ကလေးတွေ တောင့်ခံနိုင်ပါ့မလား

ဒါက ယုတ္တိဗေဒအရ
တွက်ချက်ပြတာ

ကိုယ်တွေတွေးမိနေတာက
ဂူထဲကို ကလေးတွေ
သူတို့ဘာသာ သူတို့သွားတာလား

ကလေးတွေ သွားခဲ့တာကို
မြင်တဲ့သူမရှိဘူးတဲ့
်ဂူအပြင်မှာ စက်ဘီးတွေမြင်မှ
ဂူထဲက ပြန်မထွက်လာသေးဘူးဆိုပြီး
ဂူအစောင့်က အကြောင်းကြားမှ သိကြတာတဲ့

နောက်တစ်ရက်မှာ
ထိုင်းnavy seal အဖွဲ့ ချက်ချင်း
ကရိယာအပြည့်အစုံနဲ့ ရောက်လာ
မတွေ့သေးလို့ ဆိုပြီး
US ဆွီဒင် သြစတျေးလျ
နိုင်ငံကြီးတွေ က
ကယ်ဆယ်ရေးသမားတွေ
နောက်ဆုံးပေါ်နည်းပညာတွေ
နောက်ဆုံးပေါ်ပစ္စည်းကရိယာတွေနဲ့
ရောက်လာ

ဂူဝန်းကျင်မှာ ရဟတ်ယာဉ်တွေရော
ဘက်ဟိုးတွေရော
စက်ပစ္စည်းမျိုးစုံရော
နိုင်ငံတကာက
နည်းပညာသမားတွေရော
ကယ်ဆယ်ရေးသမားတွေရော
စစ်သားတွေရော
လူတွေရော
အုန်းအုန်းကြွက်ကြွက်ကို ဖြစ်လို့

တစ်ခုတော့ စိတ်ဝင်စားဖို့ ကောင်းတယ်
ကလေးတွေ မတွေ့သေးလို့
တရုတ်က လာကူညီမယ်လို့ ပြောမှ
ကလေးတွေ တွေ့သွားပြီလို့
သတင်းထုတ်လာတယ်

တွေ့တဲ့နေရာကလဲ
ကိုယ်တွေ နိုင်ငံဘက်မှာ ပြန်တွေ့တယ်

အဲ့ဘက်မှာ ၁၉၉၆က
ယူရေနီယမ်တွေ့သလိုလို
သတင်းထွက်ခဲ့တယ်

ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ
ဘာတွေရှိမလဲ

လူတွေ လက်လှမ်းမမှီနိုင်တဲ့
မမြင်နိုင်တဲ့ နာမ်လောက အနေနဲ့ အမှားအယွင်းဖြစ်လို့ ကလေးတွေကို
နတ်ဖွက်တယ်ပဲထား
နတ်က တန်ခိုးအတော်ကြီးတဲ့နတ်ပဲ
အစုလိုက် အပြုံလိုက် ဖွက်နိုင်လို့
ကိုယ်တွေယုံတမ်းစကားကြားဖူးတာက
ကလေးတစ်ယောက်လောက်
ပျောက်တာတို့ ဘာတို့ကို နတ်ဖွက်တာလို့ ပြောကြတယ်

ကဲပါ နတ်ဖွက်တယ်လို့ပဲ
ထားလိုက်ပါ

ကိုယ်တွေအမြင်ကတော့

ထိုင်းတွေ မြန်မာတွေ အာရှသားတွေ
ယုံကြည်တတ်ကြတဲ့
ဒဏ္ဍာရီပုံပြင်လိုလို
သမိုင်းလိုလို
မှတ်တမ်းမှတ်ရာရှိခဲ့တဲ့
ဂူ ကို ဦးတည် ထားတယ်

အဲ့ဂူမှာ ကလေးတွေ
လမ်းမှားပျောက်နေကြတယ်

ကလေးတွေကို ကယ်တင်နိုင်ဖို့
ထိုင်းအာဏာသိမ်း စစ်အစိုးရ ကြိုးစားလုပ်ဆောင်ခဲ့တယ်

ကမ္ဘာ့မီဒီယာတွေမှာရော
နိုင်ငံတကာမှာပါ
အမြင်ကောင်း ရလိုက်တယ်

ထိုင်းနိုင်ငံရဲ့ ကျဆင်းနေတဲ့
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို
ပရိုမိုးရှင်းလုပ်ပေးနိုင်တယ်

ထိုင်းနဲ့မြန်မာ နယ်စပ်မှာ ရှိနေတဲ့
မယ်ဆိုင်ဂူအထဲကနေ
ထိုင်းnavy sealနဲ့
us ပေါင်းပြီး
စူးစမ်းရှာဖွေလေ့လာစမ်းသပ်နိုင်ခဲ့တယ်

တိုင်းပြည်အတွက်
စစ်ရေးအမြင်လုံခြုံရေးအမြင်မရှိ
တပ်ကို ဖယ်ထုတ်ဖို့ စဉ်းစားနေကြတဲ့
လူကြီးမင်းများအုပ်ချူ ပ်တဲ့အချိန်ကို
ထိုင်းစစ်တပ်နဲ့ usပူးပေါင်းပြီး
အခွင့်အရေးကို ရအောင်ယူပြီး
လုပ်ဆောင်သွားခဲ့တယ်

ကိုယ်တွေ စိုးရိမ်မိတာက
နယ်စပ်လုံခြုံရေးပဲ
မယ်ဆိုင်ဂူထဲကနေ မြန်မာပြည်ဘက်
အပေါက်ရှိနေတယ်
အဲ့အတွက် တပ်မတော်အကြီးအကဲတွေမှာ
အကြံအစည်တွေ ရှိလိမ့်မယ်
လုံခြုံရေးအတွက် စီမံနိုင်လိမ့်မယ်
လို့ ယုံကြည်ထားပါတယ် Crd

ကမ္ဘာကိုဂျင်းထည့်တဲ့ မျောက်၁၃ကောင်
ဒီကိစ္စနဲ့ပါတ်သက်ပြီးကျနော်ကတော့
(လုံးဝ)မှကို မယုံကြည်ပါဘူး။

ဒါလိမ်စဉ်ကြီးပါ၊
ဘာကြောင့်လိမ်ကြတယ်ဆိုတာတော့မသိဘူးပေါ့။

ဒါပေမယ့်။
လိမ်တာပါ ကျနော်ဘာလို့မယုံတာလဲ။
လိမ်တာလို့ ဘာလို့ပြောနိုင်တာလဲဆိုရင်
ကျနော်မိုးကုတ်မှာ တွင်းလုပ်နေတာ
ငယ်ငယ်လေးထဲကဗျ၊။

တွင်းထဲမှာစားစရာအပြည့်အစုံနဲ့
တစ်ပတ်လောက်ပဲနေကြည့်ပါ။
အပေါ်တက်လာရင် မျက်နှာရောစိတ်ရော
လုံးဝမှကိုမကြည်တော့ပါဘူး။

ဒါတောင်တွင်းဝတ်အနွေးထည်တွေဝတ်သွားတာပါ။
အခုက အဝတ်အစားကလဲ ထူထူထဲထဲမဟုတ်ဘူး၊
စားစရာလဲဘာမှပါမသွားဘူး၊ပြီးတော့
တစ်ရက်နှစ်ရက်လဲမဟုတ်ဘူး၊ဆယ်ရက်ရှိနေပြီ၊
အဲဒီကိုနေကိုတိုး၁၃ကောင်ကို
မိုးကုတ်ခေါ်ပြီး မိုးကုတ်က (လူး)တွေထဲခေါ်ထည့်ပြလိုက်ချင်တယ်ဗျာ၊
ဒီအဝတ်အစားမျိုးလေးတွေနဲ့ကတော့၊
ထမင်းဆာတာကတစ်မျိုး၊ချမ်းတာကတစ်မျိုးနဲ့
၁၀ရက်သာထားကြည့်လိုက်၊မသေရင်တောင်
အပေါ်ကိုအသက်လဲ့လဲ့ပဲပါမယ်။
ဒါတောင်သူ့ဟာသူလမ်းမလျောက်နိုင်တော့ဘူးနော်
ထမ်းတင်ရမှာ။

သဘာဝ ကျောက်ဂူတွေဆိုတာ
အထဲမှာခပ်ကြာကြာလေးနေကြည့်လိုက်
အရိုးထဲထိကိုစိမ့်ပြီးအေးတာဗျ။
ဒါတောင်အလုပ်လုပ်နေသေးလို့၊
ဒီမျောက်၁၃ကောင်လိုသာထိုင်နေကြည့်ပါလား?
ငုတ်တုတ်ပါမေ့သွားမယ်မှတ်။

တစ်ခြားသူတွေကတော့ယုံချင်ယုံကြမှာပေါ့ဗျာ၊
ယုံတဲ့လူတွေကိုတော့အပစ်မပြောလိုပါဘူး၊
မိုးကုတ်မှာလုပ်ဖူးတဲ့သူတွေကတော့၊
ဘုရားစူးလို့ကျိမ်ပြရင်တောင်ဘယ်သူမှယုံမှာမဟုတ်ပါဘူး။
ဒီကိစ္စကို ကမ္ဘာကျော်အောင်လုပ်ပြီး
ဒီဂူကိုကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားအောင်
ဂွင်ဖန်တာတာလား?
အစိုးရအဖွဲ့ကပဲနိုင်ငံရေးအမြတ်ထုတ်ချင်လို့
ဥာဏ်ဆင်လား?

အို……ဗျာာာာာာာာာ ဘာတွေတွေးမိတာပါလိမ့်
စဉ်းစားရင်း စဉ်းစားရင်း

Sort:  

Congratulations @aungzawlwin7! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published 4 posts in one day

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 4


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!