ဒီနေ့ မနက် ၉:၂၀ နာရီ လောက်မှာ , ခရီးထွက်ဖို့ ရှိလို့ , ရန်ကုန် လေဆိပ်ရောက်တော့ ...
၁)USD ဒေါ်လာလဲ နဲနဲ ယူသွားချင်လို့ , ရန်ကုန်လေဆိပ် Terminal 1 မှာ ရှိတဲ့ CB , MAB , KBZ , AYA Bank တွေရဲ့ Money Changer counter တွေမှာ ငွေ လိုက် လဲမိပါတယ် ..
လေယဉ် အချို့လဲ ဆိုက်ရောက်နေတာမို့ Exchange counter တွေ မှာ နိုင်ငံခြား ခရီးသည်တွေက USD , Euro တွေ လဲလှယ်နေတာမို့ counter တွေ မှာ ခဏစောင့်ဆိုင်းရင်း မိမိ အလှည့် ရောက်တော့ ဘဏ်ဝန်ထမ်း များက မရောင်းပေးနိုင်ကြောင်း ပြောပါတယ် ...
မိမိ ရဲ့ အရှေ့မှာ ဘဏ်က လှဲလှယ်ထားတဲ့အချို့ထဲက ပြန်ရောင်းပေးဖို့ request လုပ်ပြီး လိုချင်တဲ့ amount ကလဲ , USD 300 / 400 သာဖြစ်ကြောင်းပြောပြ သော်လည်း လုံးဝ မရောင်းနိုင်ကြောင်း ( ဘာလို့ မရောင်းတာလဲ မေးတော့ ရုံးက မရောင်းရန် ညွန်ကြားထားကြောင်း သွယ်ဝိုက်ဖြေကြားပါသည် ) နှင့် နောက်ဆုံး AYA Bank ကတော့ SGD 100 သာရောင်းပေးနိုင်ကြောင်း ပြောလာရ်ျ မိမိ SGD 100 သာလဲခဲ့ပါသည် ....
မိမိ လိုဘဲ ခရီးသွားမည့် မြန်မာ ၃ - ၄ ယောက်ကတော့ USD ဘဲ လိုချင်တာမို့ မရလို့ ပွစိပွစိ နဲ့ ဖြစ်ကျန်နေခဲ့ပါတယ်
၂)Exchange counter မှာ ရပ်စောင့်နေတုံး ဘေးကကောင်တာ တခုမှာ ဂျပန်လူမျိုးတစ်ယောက် က ပါလာသော သူ့Japan YEN အချို့လဲချင်တာ ကိုဘဏ်ရဲ့ Exchange counter က No , No , No နဲ့ပြောနေတော့ (မလဲပေးနိုင်ကြောင်း ပြောတော့ ) မြင်တွေ့ရပြန်တယ် .. ခဏကြာတော့ အဲဒီ ဂျပန် က ခေါင်းတရမ်းရမ်း ဖြစ်ပြီး ထွက်သွားတော့ လူတစ်ယောက် ချည်းကပ်လာပြီး မိနစ်အနည်းငယ် လက်ဟန်ခြေဟန် နဲ့ပြောနေကြပြီး ငွေလဲ လှယ် ဖြစ်သွားတယ် ...အဲဒီ ဂျပန် ဟာ လဲသာ လဲလိုက်ရတယ် , ပျော်ရွင်မှု မရှိတဲ့ သူ့မျက်နှာ အမှုအရာကိုပါ တပြိုင်တည်း သတိထားတွေ့လိုက်မိပါတယ်
ကိုသန်းလွင်ထွန်း Than Lwin Htun ရေ ^ ဟိုနေ့ ( ၁၂-၁၂ -၁၆) ညက , ခင်ဗျား ရန်ကုန်လာတုံး, ရန်ကုန် လေဆိပ်မှာ ဂျပန် လူမျိုး တစ်ယောက် , သူ့ ငွေကြေး YEN. နှင့် ကျပ်ငွေ လဲလှယ်တာ အဆင်မပြေတဲ့ အကြောင်း ကို ကျနော့်ကို ပြောပြလို့ မှတ်ထားနေတုံး , ဒီနေ့ မနက် မိမိ ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရခြင်းဖြစ်ပါတယ်
အထက်ပါ အဖြစ်အပျက် နှစ်ခု ကို ဒီနေ့မနက် မှာ , အချိန် (၂၅ ) မိနစ် အတွင်း မှာ မိမိ ကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်
သိချင်တာ / ပြောချင်တာ / တိုတ်တွန်းချင် တာက ....
က)ကျပ်ငွေ နှင့် တည်ထောင်ထားတဲ့ မြန်မာဘဏ်တွေက နိုင်ငံခြားသားခရီးသည်တွေဆီက ဝယ်ထားတဲ့ USD / Euro တွေကို ပြန်မရောင်းဘူးဆိုတော့ ... သူတို့ကိုယ်တိုင် လဲ အသုံးလို နေလို့ ဝယ်နေတာလား ? ........ အပါအဝင် ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးခွန်း ဘဲရှိ အဖြေ မရှိ လို့ ! နောက်ပြီး ဒါက Local Bank တွေက တကယ် ထုတ်ထားတဲ့ ညွန်ကြားချက်တွေလား လို့ သိချင်တာကြောင့် , ............
သိရင် ဖြေပေးပါ ^ ဒါပေမဲ့ ပြည်ပ ခရီးသွား မြန်မာလူမျိုး တွေကိုတော့ အနည်း နဲ့အများ အဆင်ပြေအောင် ရောင်းပေးသင့်ကြောင်း ပြောလိုပါတယ် ^
ခ)နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာပြည် ကို လာလည်ဖို့ ကမ္ဘာ ကို ဖိတ်ခေါ်နေချိန် , ဟိုတယ်-ခရီး ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် Tokyo မှာ လုပ်တဲ့ JATA 2016 မှာ သွားရောက်ပြီး ဂျပန်လူမျိုး တွေကို ဖိတ်ခေါ်နေချိန် မှာ , မြန်မာပြည်ကို အကူအညီအများဆုံးပေးခဲ့ / နေ ပြီး Foreign Investment လဲမကြာခင် အများဆုံး တိုင်းပြည် ဖြစ်လာနိုင်တဲ့ ဂျပန် နိုင်ငံက လူတွေ ( Japan tourists & business man ) ဝင်လာနေချိန် မှာ ..
ဒီလို တိုင်းပြည် ၏ မျက်နှာစာအဝင်ဝ ရန်ကုန် လေယဉ်ကွင်း မှာ သူတို့ငွေကြေး လှဲလှယ်မှု လေးတောင် အဆင်မပြေ မှုတွေ ဟာမရှိသင့်တော့ပါဘူး ...
မြန်မာပြည်ကိုလာနေကြတဲ့ တိုင်းပြည်တွေက ပိတ်ဆံ အမ်ျုးအစား တော်တော် များများ ကို Exchange Counter များကလက်ခံ လဲလှယ်နိုင်အောင် နိုင်ငံတော် နှင့် ဘဏ်တွေ က အမြန်ဆုံး ပြုပြင် ပြောင်းလဲ ပြင်ဆင် ထားသင့် ကြောင်း တိုတ်တွန်း လိုက်ရပါသည်
ခရီးသွားလုပ်ငန်း ပိုမို တိုးတတ်ရေး နှင့်
ရွှေပြည်တော် မျှော်တိုင်း ဝေးဝေးမသွားဖို့ စဉ်းစားမိရင်း ....