ကျွန်တော်ကျောင်းတက်ဖို့ အိမ်က သူတို့ဟာသူတို့လျှောကိထားတာ မေဂျာကျလာတယ်ဆိုပါတော့။ ရတဲ့မေဂျာက မြန်မာစာတဲ့။ အဲဒီနှစ် ဆယ်လပိုင်းကျတော့ အိမ်ကပြန်လာခဲ့ ကျောင်းပြန်တက်ပေါ့ဗျာ။ အဲ့အချိန်မှာ မြန်မာနိုင်ငံပညာရေးစနစ်က ဘာမှလုပ်မရဘူးဆိုတဲ့အသိရယ် ဘေးပါတ်ဝန်းကျင်မှာလည်း ဘွဲ့ရအလုပ်လက်မဲ့တို့ ဘွဲ့ရဆိုက္ကားနင်းနေတဲ့သူတို့ တွေ့နေရတာဆိုတော့ ကျောင်းဆက်တက်ဖို့ဆိုတာ စိတ်ကူးထဲ မရှိချိန်လေ။ နောက်ပြီး မိသားစုထဲမှာ တော်တော်များများက ဝန်ထမ်းတွေကများတယ်။ သူတို့ရတဲ့လစာလည်းကြည့်လိုက်ဦးလေ အဲဒီအချိန်က ကျွန်တော့်တရက်စာ ဝင်ငွေတောင်မရှိတဲ့အချိန်ဆိုတော့ ကျောင်းဆက်တက်ဖို့နဲ့ အိမ်ကလူတွေလမ်းစဉ်အတိုင်း ဝန်ထမ်းလုပ်ဖို့ဆိုတာ စဉ်းစားလို့ကို မရတဲ့အချိန်ပေါ့။ ပြောရရင် စိတ်ကြီးဝင်နေတဲ့အချိန်ပေါ့။
အဖေ့ကို စာပြန်လိုက်တယ် " အဖေ " အဖေတို့ စေတနာ မေတ္တာ ကိုနားလည်ပါတယ်ပေါ့။ ဒါပေမဲ့သုံးစားမရတဲ့ ပညာရေးစနစ်နဲ့ ကျွန်တော်ရတဲ့မြန်မာစာ မေဂျာနဲ့ ကျွန်တော်ဘွဲ့ရခဲ့ရင်လည်း မြန်မာဘီအေ ဆိုတဲ့ဘွဲ့နဲ့ စာရေးစရာနှင့် ဘိတ်သိတ်ဆရာလောက်ပဲ ရမှာပေါ့။ ကျွန်တော်က က ခ တောင် ဖြောင့်အောင်မရေးတတ်တာ ဆရာဆရာလည်း ဖြစ်နိုင်မှာ မဟုတ်ပေါ့။ အဲ့ဒီအချိန်က စာရေးဆရာတွေက သူတို့နောက်မှာ ဘွဲ့ရဂုဏ်ပုဒ်တွေ တတ်တတ်ကြတယ်ဗျ။ ဥပမာ လွန်းထားထား(ဆေးတက္ကသိုလ်)တို့ ရှင်မိုး(ဆေးတက္ကသိုလ်)တို့ တက္ကသိုလ်တင်မြင့် တို့ အစရှိသည်ဖြင့်ပေါ့လေ။ ဘိတ်သိတ်ဆရာ လုပ်ရအောင်ဆိုတာက လည်း နဂိုကတည်းကမှ ကျွတ်တော်က စကားပြောမကောင်းတဲ့အပြင် အသံကလည်း မစွံဆိုတော့ ကျောင်းဆက်တက်ဖို့ ကိစ္စ ငြင်းခဲ့တယ် ဆိုပါတော့။
ဒီလိုနဲ့ 2002 2003 2004 အထိ ကျွန်တော်ဟာ မြစ်ကြီးနား လဖ ရွှေမှော် စက်လှေ ဆိပ်မှာ ဓါတ်ဆီရောင်းရင် ကချင်ပြည်နယ်ရဲ့မြို့တော်မှာ ကျင်လည်ခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်တော် အသက် 18 19 လောက်မှာ ဆန့်ကျင်ဘက်လိင် မိန်းကလေးတွေကို စစိတ်ဝင်စားတတ်ခဲ့ပြီပေါ့ ။ စိတ်ဝင်စားတယ်ဆိုတာ ဒီလိုပါ။ တစ်ယောက်တည်း နေရတာ ဘဝမှာ ခြောက်သွေ့သလို ခံစားလာခဲ့ရတယ် အိမ်ထောင်ပြုပြီး မိသားစု ဘဝ တစ်ခု အိမ်ထောင်တခု တည်ဆောက်ချင်လာတယ်ပေါ့ဗျာ။ အဲ့အချိန်မှာ ဘာဖြစ်လာလဲဆိုတော့ အိမ်ထောင်တစ်ခုပြုမယ်ဆို မင်္ဂလာဆောင်ရမယ်ပေါ့ဗျာ။ မင်္ဂလာမဆောင်ပဲလည်းပြုလို့ရတာ သိပါတယ်။ ဒါပေမဲ့ ကိုကလည်း အထိုက်အလျောက် ငွေရှာနေနိုင်ပြီဖြစ်တဲ့အတွက် ပြီးစလွယ်လည်း မဖြစ်ချင်ဘူးလေ။ အဟဲ အိမ်ထောင်ပြုဖို့သာ စဉ်းစားနေတာ ကျွန်တော့်မှာ အဲ့ဒီအချိန် ချစ်သူမရှိသေးဘူးဗျ။ အသက်ကလည်း 18 နှစ်ပဲ ရှိသေးတယ်။ အိမ်ထောင်ပြု မင်္ဂလာဆောင်ရမယ် ဆိုရင် ကျွန်တော်မှာ ဖိတ်စာရိုက်တဲ့အချိန် ကျွန်တော့် နံမည်နောက်မှာ ဘွဲ့တစ်ခုခု ထည့်ချင်လာတယ်ဗျ ။
ရောဂါပဲဗျ ဘာရောဂါလို့ ခေါ်ရမလည်းတော့ မသိပါဘူး။ ကျောင်းပြန်တက်ချင်လာမိပါတော့တယ်။ ကျွန်တော်ဝန်ခံပါတယ်။ ကျောင်တော်ကျောင်းပြန်တက်ချင်ရတဲ့ရည်ရွယ်ချက်က ကျွန်တော့်မင်္ဂလာပွဲမှာ ဖိတ်စာမှာ ကျွန်တော့်နံမည်နောက်မှာ ဘွဲ့တပ်ချင်လို့ပါပဲ။ ဒီလိုနဲ့အလုပ်လုပ်ရင်း မြစ်ကြီးနားမှာပဲ ကျောင်းဆက်တက်ဖို့ စီစဉ်ရပါတော့တယ်။ အောက်ပိုင်းက အိမ်ကို မုံရွာကနေ မြစ်ကြီးနားကို ကျောင်းပြောင်းဖို့ လုပ်ပေးဖို့ပူဆာရပါတော့တယ်။ ကျွန်တော့်အဖေက လိုလိုချင်ချင်လုပ်ပေးရှာပါတယ်။ လုပ်ပေးမှာပေါ့ဗျာ အဖေက ဝမ်ထန်းဟောင်းဆိုတော့ သားသမီးတွေကို ပေးနိုင်တာ ပညာအမွေ ပဲလို့ခံယူထားတဲ့လူလေ။
ဒီလိုနဲ့2005 ပညာသင်နှစ်မှာ မြစ်ကြီးနားတက္ကသိုလ်မှာ မြန်မာစာအဝေးသင် တက်ခဲ့တယ်ဆိုပါတော့ဗျာ။ ကျောင်းတက်တဲ့အချိန်မှာ ကျောင်းသားသူငယ်ချင်း အပေါင်းအသင်းအတော်လေးရလိုက်တယ်ဗျ။ အဲ့လိုရလိုက်တာ ကျွန်တော့်အတွက် မကောင်းခဲ့ဘူးဗျ။ မကောင်းဘူးဆိုတာ ဒီလိုပါ။ ကျွန်တော်အပြင်လောကမှာ နေတုန်းက လုပ်တဲ့အလုပ်ကလည်း ကောင်းရောင်းကောင်းဝယ်ပါပဲ။ ဘယ်သူ့မှလည်းမရှက်တတ်သလို ဂရုလည်း မစိုက်တတ်ပါဘူး။ ဒါပေမဲ့ တက္ကသိုလ် တက်ပြီးသူငယ်ချင်းတွေ ရတဲ့အချိန်မှာ စိတ်က တစ်မျိုးကြီးဖြစ်လာတယ်ဗျ။ သူငယ်ချင်းတွေ က ကျွန်တော် ဆီရောင်းနေတာတွေ့တော့ ကျွန်တော့်ဆီမှာ ဝင်အားပေးကြတယ်ဗျ။ ယောက်ျားလေးသူငယ်ချင်းရော မိန်းကလေး သူငယ်ချင်းရောပေါ့ဗျာ။ သူတို့ကတော့ ကို့သူငယ်ချင်းဆိုတဲ့အသိနှင့် အားပေးကြပေမဲ့ ကျွန်တော် ရှက်တတ်လာတယ်ဗျ။ ဒီလိုနဲ့ ......
ကျွန်တော်ရေးတာ ဆက်အားပေးမဲ့သူရှိကြရဲ့လား မသိပါဘူးဗျာ
Aung Zaw Htwe
Group တစ်ခုထဲ ထည့်ပေးထားတယ် မက်ဆင်ဂျာမှာ
အဲဒီမှာ sbd များများရအောင် ကိုယ်တိုင်ရေး post တွေ ပရိုမိုးရှင်းတင်လို့ရတယ်
ဟုတ်ကဲ့bro ကျေးဇူး ဘယ်လိုလုပ်ရမလဲ
အဲမှာဝင်ဖတ်ကြည့်https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/
ok ကျေးဇူး
woow အားပေးနေပါတယ်ဗျာ ချ ဆြာ
ကျေးဇူးပါဗျာ
nice post.
5 တင်း
ဟုတ် bro.
Congratulations @aungzawhtwe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
thank for your support.
အားပေးနေတယ်ဘရိုလေး
ကျေးဇူး ပါ broရေ
done vote and follow
Thank for your support.
Congratulations @aungzawhtwe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP