Photo crd
ဒီပုံမှာ လူတော်တော်များများကတော့..နံပတ် 4 က အရူးမိုက်ဆုံးလို့ဆုံးဖြတ်ကြတယ်..ကိုယ်ထိုင်တဲ့ သစ်ကိုင်းကို ကိုယ့်ဘာသာဖြတ်နေတာကိုး.
နံပါတ် 2 နဲ့ 3 က ယုတ်မာသူတွေပေါ့..
ဒါပေမယ့် သေချာကြည့်ပီး တွေးရင်
နံပါတ် 1 ဟာ သည်းခံနိုင်သူ
သူ့ကို ချောက်တွနိးတာ သိပေမယ့် (သူဟာ လွှနဲ့ ဖြတ်သူ ရဲ့ ဘက်ကို မျက်နှာမူထားတဲ့အတွက် သူ့သစ်ကိုင်းကို ဖြတ်တာ သိတယ်) ဘာမှ မတုန့်ပြန်ဘူး..
နံပါတ် 2 ကတော့ သူများကို ချောက်တွန်းချင်တာပဲ သိတယ်
ကိုယ့်  လုံခြုံမှု ကို ကိုယ်တိုင်သေချာ မစီစဉ်ဘူး(သူဟာ သစ်ကိုင်းနဲ့ ခပ်ခွာခွာထိုင်ထားတဲ့ အတွက် နံပါတ် 3 ရဲ့ လွှ ဖြတ်ဖို့ ကို နေရာပေးသလိုဖြစ်နေတယ်)
နံပါတ် 3 ကတော့ ယုတ်မာတတ်ပေမယ့် ပါးနပ်တယ် ( သူဟာ ဘယ်သူမှ လွှ နဲ့ ဖြတ်လို့မရအောင် သစ်ကိုင်းအရင်းမှာ ကပ်ထိုင်ထားတယ်
ကိုယ့် လုံခြုံရေးကို သေချာပြင်ဆင်ထားတယ်)
နံပါတ် 4 ကတော့ ပညာရှိ ပေါ့
သူဟာ ယုတ်မာတတ်သူ နံပါတ် 3 နဲ့ တစ်ကိုင်းထဲ မနေသင့်တာကြောင့်
ကိုယ် ထိုင်တဲ့ သစ်ကိုင်း ကို သူ့ဘာသာ ဖြတ်ချနေတယ်
လောက လူတွေ အားလုံးဟာ ဒီ လူအမျိုးအစား 4 မျိုးထဲက တစ်မျိုးမျိုး နဲ့ အကျုံးဝင်ပါတယ်..
အာ့တော့ သည်းခံမယ်ဆိုရင်လဲ နံပါတ် 1 လို ဘာမှ မတုန့်ပြန်ပဲ အဆုံးစွန် သည်းခံပါ.
ယုတ်မာမယ် ဆိုရင်လဲ နံပါတ်3 လို ကို့ အန္တာရယ် ကို ကြိုတင်ကာကွယ်ထားပါ..
နံပါတ် 4 လို ပညာရှိပါ..
နံပါတ် 2 ကို သင်ခန်းစာယူပါ..
ဖောက်ထွက်တဲ့အတွေးအခေါ်ကောင်းလေးပေါ့
ကြိုးစားဆဲပါ ဆရာ