ငတင်မှ"ဟာဒီမသာမ သေတော့မှာဘဲ ဒီတပြွဲပီးရင်လိုက်ခဲ့မယ် ပြန်နှင့်"ဟုဒေါသသံနှင့်ကြိမ်းမောင်းပြောဆိုလေကာမှ မမျိုးလည်း
ဗျစ်တောက်ဗျစ်တောက်နဲ့  ပြောဆိုကာ ပြန်လေတော့၏။
.
ငတင်ဆိုသည့်သူကား ရပ်ကွပ်အတွင်း အဝီစိတွင်းများ လက်ခံကာတူးသည့်လုပ်ငန်းအားလုပ်ကိုင်ပါသည်။ သူ့လုပ်ငန်း၏ ဝင်ငွေလေးသည်လည်း မဆိုးလှဟု ဆိုရပေမည်။တွင်းတစ်တွင်းကို တစ်သိန်း၊တစ်သန်းခွဲ၊နှစ်သိန်း အစားစားရရှိလေသည်။ပစ္စည်း လက်ခအပြတ်ယူလုပ်ကိုင်သဖြင့် သူ့အတွက်ကား
တွင်းတစ်တွင်းတူးလျှင် သုံးပုံတစ်ပုံလောက်
များသောအားဖြင့်ကျန်တတ်သည်။
ငတင်မှာ သားတစ်ယောက်၊သမီးတစ်ယောက်နှင့်သူမိန်းမ မမျိုးအပါဝင်တွက်မည်ဆိုပါမှ မိသားစုလေးယောက်သာရှိလေသည်။ကလေးငယ်များကိုကြည့်လျှင်လည်း သပ်သပ်ရပ်ရပ် မရှိကြပေ။သူ၏ဝင်ငွေနှင့်ဆိုလျှင်ကလေးများအား လူတန်းစေ့ မထားနိုင်လျှင်တောင်မှ အိမ်နီးနားချင်များနှင့်တော့ တန်းတူထားနိုင်ရပေမည်။ယခုတော့ ငတင်သည်ကား အရက်ကလေးသောက်လိုက်၊ဖဲလေးရိုက်လိုက်နှင့် ကံကြမ္မာ မျက်နှာသာပေးချိန်တွင် ယမကာ မြစ်ရေကြောမှာ မျော၍ကောင်းနေဆဲဖြစ်လေ၏။
.
နေညိုချိန်လောက် ရောက်လေမှ ငတင်ဖဲဝိုင်းမှထလိုက်လေသည်။မထ၍လည်းမဖြစ်တော့ပေ၊သူ၏အိပ်အတွင်းပါသည့် ပိုက်ဆံများလည်း အကုန် ရှုံးလေပြီ။
ငတင်တို့လက်ထဲငွေပြတ်သောအခါမှ လုပ်ငန်းဘက်သို့ ခြေဦးလှည့်ပါလေတော့သည်။
မနေ့ကလာအပ်ထားသည့် တွင်းတစ်တွင်းတူးရန် လိုအပ်သည့်ပစ္စည်းများကို တပည့်များအားသယ်ယူခိုင်း၍တွင်းတူးရမည့်အိမ်သို့ သွားလေတော့သည်။အဝီစိတွင်းတူးရမည့်အိမ်သို့ရောက်ရှိလျှင် အိမ်ရှင်အား ကန်တော့ပွဲ၊ဖယောင်းတိုင်၊အမွှေတိုင် စသည့်လိုအပ်သော ပစ္စည်းများဝယ်ယူခိုင်း၍ ငတင်နှင့်သူ၏တပည့်သုံးယောက်တို့ကား တွင်းတူးမည့်မြေနေရာအား ရှင်းလင်းခြင်းပြုကြလေတော့၏။ အိမ်ရှင်မှ လိုအပ်သည့်ပစ္စည်းများကို လာရောက်ပို့ပြီးသည်နှင့် တစ်ပြိုင်နက် အဝီစိတွင်း တူးခြင်းလုပ်ငန်းအား စတင်လုပ်ဆောင်လေတော့သည်။
.
.
(အပိုင်း ၃ အားဆက်လက်ဖတ်ရှုပေးပါရန်)
photo credit;Google Image.
Msc no 179
Author : Aung Gyi
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေအပိုင်း ၁ အား၍နေရာတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် https://steemit.com/myanmar/@aunggyi100/ko-y-kan-km-akopan-tithu-9dc1c9f09365a
အပိုင်း၃စောင့်မျှော်နေမယ်bro
ကျေးဇူးပါပဲ bro
အပိုင်းသုံး မျှော်
Thank bro
မျှော်နေမယ် အပိုင်း၃ Bro
ကျေးဇူးပါပဲ bro
အပိုင်း(၃)ကိုအားပေးရန်
ဟုတ်bro
ရေးလို့တင်တော့ ဖတ်ပြီး voteရမပေါ့
ကျေးဇူးပါပဲ အကို
အပိုင်း၃ကိုစောင့်နေမယ်
ဟုတ်ကျေးဇူးပါ bro
ဝိုင်းကောင်းရင် ခေါ်ဦး
ဟုတ်လာမယ်bro
ကျေးဇူး bro ရေ
ဟုတ်bro