(ချစ်သူများနေ့. 14 . အမှတ်တရ )
14 . ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ
ကျွနိုပ်အမေရယ်..သူငယ်ချင်းတစ်ယောက်ရယ်
ကျွန်တော်ရယ် သုံးယောက်စလုံး အလုပ်နားပြီး
မူဆယ်မြို့မှာ..အထင်ကရဖြစ်စေတဲ့ မင်္ဂလာမူဆယ်မှာ
သွားပြီး...အနားယူခဲ့ကျတယ် ကျွန်တော်နဲ့ ကျွန်တော်
သူငယ်ချင်းနဲ့က. ချစ်သူရည်းစားမရှိကျတဲ့အတွက်
လွှတ်လွှတ်လပ်လပ်ရှောက်လည်ကျတာပေါ့ဗျာ
သူများလို အတွဲမရှိတော့ နည်းနည်းစိတ်အားငယ်သာဗျ
ဒါပေသိ သူငယ်ချင်းနဲ့ ကျွန်တော်က. တစ်ယောက်ကို
ဆစ်ယောက် အားပေးစကားတွေနဲ့ ပြုံးပျော်ရွှင်ခဲ့တယ်
ကျွနိုပ်ရဲ့. အမေကလဲ ကျွန်တော်အတွက်
အညးပေးစကားများနဲ့အတူ ပြုံးပျော်ရွှင်လျှက်ပေါ့ဗျာ
ဒါနဲ့ပဲ ကျွန်တော်တို့သုံးယောက်စလုံး မင်္ဂလာမူဆယ်မှာ
စားသောက်ဆိုင်ကောင်းကောင်းလေးဖြစ်တဲ့ ဆိုင်တစ်ဆိုင်မှာ
ကျွန်တော်တို့. ကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲကြော်
ထမင်းကြော်နဲ့. ထော်ပတ်သီးအအေးတစ်ယောက်
တစ်ခွက်နဲ့. ဗိုက်ပြည့်အောင် ဝါးတီဆွဲခဲ့ကြတယ်ပေါ့ဗျာ
စကားလေး တစ်ပြောပြောနဲ့. သုံးယောက်သာ
ရယ်ကာမောကာနဲ့. ကျွန်တော်တို့ထိုင်စားနေတဲ့
စားပွဲဝိုင်းဘေနားကို လာထိုင်တဲ့သူတွေက. ထိုင်
စားလို့သောက်လို့ပြီးသွားတဲ့ အတွဲလေးတွေက ထပြန်ကြပေါ့
ကျွန်တော်တို့လဲ သူတို့အတွဲလေးတွေကိုကြည့်ပြီး
ရင်တော့ခုန်သလိုမျိုး ဖြစ်ဖြစ်သွားတယ်ဗျ ။ ဒါပေမဲ့
ကျွန်တော်ရင်မှာ ခဏလေးပဲဖြစ်ပြီး ခဏလေးနဲ့ပြန်ပျောက်သွားပြန်တယ် အဲ့လို ဖြစ်ဖြစ်နေတဲ့ ကျွန်တော်ရဲ့နှလုံးကို
ကိုယ့်ကိုကိုယ်ပြန်ပြီး စမ်းသပ်ကြည့်မိခဲ့တယ် ပြန်ပြီးတော့လဲ
မေးခဲ့မိတယ် ကျွန်တော်ကို ကျွန်တော် ပြန်မေးမှု
ကြောင့် ကိုယ့်ကိုကိုယ်သိခဲ့ရတယ်ဗျ ကျွန်တော်သိတဲ့
အချစ်ဆိုတဲ့ နှလုံးသားအကြောင်းက ကျွတော်နဲ့
နည်းနည်းလေး ဆန့်ကျင်ဘက်ဖြစ်နေသလိုမျိုးပဲဗျ
ကျွန်တော်ငယ်ရွယ်တဲ့ လူပျိုပေါက်စအရွယ်တုန်ကဆို
ကျွန်တော့်ရှေ့မှာ ဖြတ်လျှောက်သွားတဲ့ မိန်းမလှလေးတွေ
ဆိုရင် နောက်ကနေပြီး ရည်းစားစကားလိုက်ပြောနေကျဗျ
သူလက်ခံတာ လက်မခံတာနောက်ထား ကျွန်တော်ရင်မှာ
ဖြစ်တည်လာပြီဆိုရင် ပြောရဆိုရမှ ကျွန်တော်ရင်ထဲမှာ
ဘဝင်ကျခဲ့တာဗျ အဲ့ဒီလို လိုက်ပြောနေတဲ့အချိန်လေးတွေ
ဆိုရင် စိတ်ကြမ်းကိုယ်ကြမ်းရှိလှတဲ့ လက်သွက်တဲ့
မိန်းကလေးတွေနဲ့. ဆုံခဲ့တဲ့အခါမျိုးမှာဆိုရင်လဲ
ကျွန်တော့်ရဲ့. ပါးပြင်လေးတွေနီသွားအောင်လို့.
ပညာပေးခဲ့ဖူးတာလဲ ကြုံခဲ့ရဖူးတယ် ။ ဒါပေမဲ့ ကျွန်တော်
စိတ်မဆိုးမဲ့အပြင် သူရဲ့လက်လေးတွေကို ကျွန်တော်
နှစ်သက်သလိုမျိုး ခံစားရတယ် ပြီးတော့ မိန်းမလေးရဲ့
လက်သံလေးတွေက. နားဝင်ချိုသလိုပဲဗျ
အဲ့ဒီလို ကျွန်တော့်ရဲ့အကျင့်လေးတွေက. စိတ်ကြမ်း
ကိုယ်တဲ့ မိန်းမလေးတွေနဲ့ဆိုရင် ကျွန်တော်က. ပိုပြီး
အစွဲလန်းကြီးသလိုပဲ အဲ့ဒီလို ဖြစ်ခဲ့တဲ့ရက်မျိုးမှာဆိုရင်
ကျွန်တော်ညအိပ်ယာဝင်တဲ့အခါ ယောင်မိတယ်ဗျ
ကျွန်တော်က ကိုယ်မရတဲ့အရာမျိုးဆိုရင် ပိုပြီးတော့
လုပ်လေ့ရှိတဲ့ အကျင့်တစ်ခုတော့ရှိတယ် ငယ်ငယ်က
ကျွန်တော်ရဲ့. ဖြစ်ပုံလေးတွေကို ပြန်တွေးမိပြီး
တစ်ဖြေးဖြေးနဲ့. ကြီးပြင်လာတာနဲ့အမျှ အသိတရားတွေကလဲ တိုးပွားသလို ကောင်းမူမကောင်းကို ဝေခွဲတတ်လာတဲ့
ကျွန်တော်ရဲ့စိတ်တွေက. တစ်ဖြေးဖြေးနဲ့.ရင့်ကျက်လာလို့
လာတော့မသိဘူးဗျ နှလုံးသားကို ဦးနှောက်နဲ့ပဲ
ဆုံးဖြတ်တတ်သွားခဲ့တယ် ကျွန်တော်ရဲ့ခေါင်ထဲမှာလဲ
စီးပွားရေးနဲ့. လူမူ့ရေးတွေကိုပဲ ဦးစားပေး
ထားသလိုမျိုး ဖြစ်လာခဲ့တယ် ဒီတော့ ကျွန်တော်ကြုံဆုံခဲ့တဲ့
မိန်းမလေးတစ်ယောက်ကို ပေါင်းဖတ်မရခဲ့လို့
နာကြီးသွားတဲ့လို့. တွေးမိတဲ့အခါ
ကျွန်တော်ရင်ထဲမှာ အဲ့ဒီလိုမျိုး မဟုတ်ခဲ့ဘူးဆိုတာကို
ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ကို ထားသွားတဲ့ မိန်းမလေးကို
စိတ်မဆိုးမဲ့အပြင် ကျွန်တော် ခုချိန်မှာ ကျေဇူးတောင်
တင်နေမိနေတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ ငယ်ရွယ်တဲ့
အချိန်လေးမှာ အချစ်ကိုဦးစားပေးခဲ့မိမယ်ဆိုရင်
ကျွန်တော်တို့ငယ်ငယ်ရွယ်ရွယ်နဲ့. အိမ်ထောင်ရေးဆိုတဲ့
ဒုက္ခလှလှလေးတွေ ခံစားနေရမှာဗျ အခုလို ကျွန်တော်ကို
ထားပြီး လမ်းခွဲ့တဲ့အတွက်ကြောင့် ခုချိန်ထိ လူပျိုဆိုတဲ့
ဂုဏ်ကို ကျွန်တော်ပိုင်ဆိုင်ထားရလို့. ကျေနပ်နေမိတယ်
အခုတော့ တစ်ယောက်ထဲဆိုတော့ သွားချင်ရာကို
သွားနိုင်သလို နေချင်သလိုလဲနေလို့ရတဲ့အတွက်
လွှတ်လပ်စွာ ပေါ့ပါးလန်းဆန်းတဲ့ ခံစားမူ့မျိုးကို
စံစားနေရတုန်ပဲလို့. ကျွန်တော်သိခဲ့ရတယ်ဗျ
ချစ်သူက. ထားသွားလို့. ခံစားခဲ့ရတဲ့ ရက်မျိုးတွေကို
ကျွန်တော် ခုချိန်မှာနှမျှောနေသလိုပဲ
အခု ကျွန်တော်အမေနဲ့. ကျွန်တော်သူငယ်ချင်းနဲ့
လျှောက်လည်နေတဲ့ မင်္ဂလာမူဆယ် စားဖွယ်မျိုးဆုံရှိတဲ့
နေရာမှာ အတွဲလေးတွေက. ပြုံးလို့ရွှင်လို့. မြင်နေရတဲ့
အချိန်မှာတော့ ကျွန်တော် ပီတိဖြစ်ပါတယ်ဗျ
သူတို့ကိုကြည့်ပြီး ဥုံဖွပြီး ချစ်သူလေးတစ်ယောက်တော့
ရချင်မျသားလားဗျ ဒါပေသိ တစ်ခါတစ်ရံ ကျွန်တော်တို့
လက်ရှိနေတဲ့ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာ မနက်မိုးမလင်း
သေးဘူး ကျွန်တော်ကြားကြားနေရတဲ့ အိမ်ထောင်ရေး
ရန်ဖြစ်သံတွေနဲ့ အတူ အိုးခွက်ပန်ကန်တွေကိုရိုက်ခွဲနေတဲ့
သံပေါင်းစုံတီးဝိုင်းတွေက. နားနဲ့မကြားဝံ့အောင်ပဲ
ကျိန်ဆဲနေတာမျိုးနဲ့. သာွးသမီးတွေငိုနေတဲ့ အသံတွေကို
ကျွန်တော်ကြားနေရတဲ့အခါမျိုးမှာဆိုရင်
ရည်းစားထားဖို့မပျော်နဲ့. အကိုရေ. မောင်ရေ
အချစ်ရေ. အသည်းရေ ဆိုတဲ့ အပြန်အလန်ခေါ်နေတဲ့
စကားလှလှလေးတွေကို မိုင်းတစ်လုံးနဲ့ ပေါက်ကွဲပစ်လိုက်သလိုမျိုးပဲ အစပြန်ရှာလို့မရတော့ အကြင်နာနွေးနွေး
နှလုံးသားနဲ့. ချစ်ခဲ့သူတွေက. ဘယ်မလဲအကို
ဘယ်မလဲအချစ်ဆိုတဲ့ ခံစားမူ့မျိုးကို ကျွန်တော်ခံစား
မိနေတယ်ဗျ ပြီးတော့ ကြောက်လဲကြောက်မိတယ်
အဲ့ဒီတော့ ချစ်သူများနေ့မှာ ပျော်ရွှင်နေတဲ့ စုံတွဲလေးတွေကို
မြင်ရတော့ တကယ်ပဲ ကြင်ကြင်နာနာရှိနေပါလားလို့
တွေးမိနေတာပေါ့ဗျာ လက်ကလေးကိုယ်စီချိတ်လို့.
တစ်လှမ်းခြင်းလျှောက်နေကျတဲ့ ခြေလှမ်းလေးတွေက
နွေးနွေးထွေးထွေး ရှိနေလားလို့. တွေးခဲ့မိတယ်ဗျ
တစ်ချို့အတွဲလေးတွေကျပြန်တော့လဲ နှစ်ကိုယ်ကြား
ချစ်ကတိတွေပြုဖို့အတွက် ဘုရားသွားတဲ့သူတွေကသွားပေါ့
ဗျာ ပန်းရေချမ်းနဲ့. ဆီးမီးအမွှေးနံ့သာတိုင်တွေကို ထွန်းညှိ
ကာ ရိုးမြေကျပေါင်းရပါလို၏ ဆုမွန်တွေတောင်းနေကြ
တယ် တစ်ချို့ကြပြန်တော့လဲ အင်္ကျီးဝတ်စုံဆင်တူလေးတွေဝတ်လို့. ပန်းခြံလေးတွေထဲမှာ မှီခိုထားတဲ့
ခေါင်းလေးတွေက. လေးညှင်းသွေးသလိုမျိုးပဲ
ယိမ်းယိမ်းနွဲ့နွဲ့လေးတွေက. ကျောပေးနေလျှက်ပေါ့ဗျာ
အတွဲမရှိတဲ့သူတွေအဖို့မှာတော့ တစ်ယောက်ထဲနေတတ်သလိုမျိုးနဲ့. ထိုင်နေကြတာပေါ့ဗျာ အဲ့ဒီမြင်ကွင်းလေးတွေကို
ကျွန်တော်မြင်ရတော့ ကြည်နူးရပြန်တယ်ဗျ
ကျွန်တော်လဲ ကျွန်တော်ဗိုက်ကို အစားစာများပြည့်အောင်
ဖြည့်ပြီး ချစ်သူများနေ့မှာ ကုန်ကျမဲ့ ငွေတွေကိုသုံးစွဲခဲ့တာ
ပေါ့ဗျာ ချောကလပ် နဲ့ ပန်းစီ အရုပ်နဲ့ အင်္ကျီးတွေကို
ဝယ်ပေးကျတဲ့ ချစ်သူစုံတွဲ အတွဲလေးတွေအတွက်
အမှတ်တရလက်ဆောင်လေးကတော့
အရမ်းကိုလှပကြတယ် အရမ်းလဲ စွဲမက်စေတာတော့အမှန်ပဲ
ကျွန်တော်ကလဲ ပေးစရာအတွဲမရှိ ကျွန်တော်ကိုပေးမဲ့
သူကလဲမရှိဆိုတော့ မနက်ပိုင်းမှာ ကျွန်တော်ဝါသနာပါတဲ့
အားကစားအတွက် ဘောလုံးချိန်ကန်နေတယ်
ဘောလုံးချိန်ကန်ပြီး ပြန်လာတဲ့အခါ ရေမိုးချိုး
အလန်းစာ မဟုတ်တဲ့ အဝတ်စားလေးတစ်ထည်နဲ့
ကျွန်တော်တို့သုံးယောက်စလုံး မင်္ဂလာမူဆယ် စားသောက်
ဆိုင်မှာ ဗိုက်ဝအောင်စားသောက်ပြီး ပြန်ခဲ့တဲ့
ဲ့အမှတ်တရ. ရက်လေးပေါ့ဗျာ......။
Photo.my
အမှက်တရဖြစ်သွားအောင် ဖတ်ရှူပေးခဲ့ပါသည်
ဟုတ်ဟုတ်ဗျ
မှတ်ထားတယ်ဗျာ valentine day နေ့မှာစုံတွဲတွေလိုမဟုတ်ဘဲ ဘောလုံးကန် ဆိုင်မှာဝင်စားပြီးပြန်လာတယ်ဆိုတာ hee hee
ဟုတ်ကဲ့ပါဗျို့
ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်ဆိုတာ ပြတာပေါ့
အဲ့လိုလဲဟုတ်ပါဘူးဗျာကြိုက်မဲ့သူမတော့လို့ပါဗျာ☺
ဖတ်လို့ကောင်းတယ်
ဟုတ်ကဲ့ပါbro
အားပေးနေပါတယ်ဗျ
ဟုတ်ကဲ့ပါဗျာ
ဝိုးးးထမင်းကြော်တွေ
ဗိုက်တောင်ဆာလာပီဗျာ
ပို့ပေးလိုက်ချင်ပါတယ်အစ်ကိုရေ နှီးရင်ပေါ့
အမှတ်တရလေးက အရမ်းgoodဒယ် ဗိုက်ဝအောင် စားပြီးမှ ပြန်ခဲ့တယ် 😁😁
ဟုတ်တယ်ဗျ သူများလိုအတွဲမရှိတော့လဲ ဗိုက်ပြည့်ပြီးပြန်ခဲ့ရတာပေါ့ဗျာ
ထမင်းကြော်ဘဲမြင်တော့တယ်😁
ဆုံတဲ့အခါ ပါဆယ်ဆွဲလာမယ်ဗျို့ bro ရေ
ညီတော့ V day မှာတစ်နေကုန်ဂိမ်းဆော့နာ😁
အလွမ်းအဆွေးကင်းတဲ့အလုပ်ပဲဗျာ good တယ်ညီလေး
ဘာပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်နေရတယ်ဆိုတဲ့
အမှက်တရနေ့တစ်နေ့ဖြစ်သွားခဲ့ရတာပေါ့ဗျာ
ရီးစားရှိတာ မကောင်းပါဘူးဗျာ😁😁😁
ဟုတ်တယ်အစ်ကိုရေရည်စားရှိခဲ့ရင်အနည်းဆုံတော့နားပူတိုက်မှာပဲအစ်ရေ
ပျော်ခဲ့သည် 😝
ဟုတ်ပါ့broရေ
အားမငယ်ပါနဲ့ ဘဒို တစ်ချိန်တော့ ဖြစ်လာမှာပါ
😁😁😁
မျှော်တော့မျှော်နေတာဗျို့ဒါပေသိ အရွယ်ကဟိုင်းလာပြီဗျ
အမှတ်တရ v day ထမင်းကြော်ပေါ့ ဘဒို 😁
ဟုတ်တယ် ဘဒိုရေ သူများလိုအတွဲမရှိတော့လဲ ထမင်းကြော်လေးနဲ့ နှစ်ပါးသွားရတော့ပေါ့ဗျာ
ဗိုက်ဖြည့်လိုက်တာပဲ ကောင်းပါတယ်
အသေချာဆုံးပဲအစ်ကိုရေ
အမှတ်တရဖြစ်ပါစေ။
ဖြစ်သွားပြီအစ်ကိုရေ
ဟုတ်ပဗျာ အတော်မျက်နှာပြောင်ရတာ စကားလိုက်ပြောရတဲ့အချိန်
ဟုတ်တယ်ဗျ ရှေ့မျက်နှာနောက်ထားပြီးပြောလိုက်ရတာပဲအစ်ကိုရေ
ဝါသနာရင်းတူတယ် Bro 👍🏻
ဟုတ်လားဗျ
Ok
ချစ်သူနဲ့လျှောက်မလည်ဖြစ်ပေမဲ့လည်း အမှတ်တရလေးဖြစ်သွားတာပေါ့..
ပိုက်ဆံကုန်သက်သာသွားတာပေါ့ နော်
You got a 9.23% upvote from @adriatik courtesy of @arkarsoe!
4.14% @pushup from @arkarsoe
You got a 11.41% upvote from @nado.bot courtesy of @arkarsoe!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.
This post has received a 3.99% upvote from @aksdwi thanks to: @arkarsoe.
For more information, click here!!!!
Send minimum 0.050 SBD|STEEM to bid for votes.
This post has received a 7.03% upvote from thanks to: @arkarsoe.
Do you know, you can also earn daily passive income simply by delegating10SP, 100SP, 500SP, 1000SP or Another amount your Steem Power to @minnowhelper by clicking following links: