ဘဝတစ်​​ကွေ့က ချစ်​ဦးသူ

in #myanmar6 years ago (edited)

FB_IMG_1526286710471.jpg

( ဘဝတစ်​​ကွေ့က ချစ်​ဦးသူ )

ကျွန်​​တော်​မ​ရေးဖြစ်​ခဲ့တဲ့ စာ​တွေ
ကျွန်​​တော်​မ​ရေးဖြစ်​ခဲ့တဲ့ ကဗျာ​တွေကို
ကျွန်​​တော်​အခု steemit ​မှာ ဆောင်းပါး​လေး
တစ်​ပုဒ်​အဖြစ်​နဲ့ ​။ ရေးချင်စိတ်​​တွေ​ပေါ်လာတာနဲ့
ချ​ရေးလိုက်​ခြင်းပဲဖြစ်​ပါတယ်​ ဘာရယ်​ ညာရယ်
တော့မဟုတ်​ပါဘူး..။
ကျွန်​​တော်​တို့တ​တွေ
မြင်​​တွေ့ ကြား​နေရတဲ့ တစ်​​နေ့တာဆိုတဲ့ အချိန်
တစ်​ရက်​တာဆိုတဲ့ ​နေမင်းကြီးက ​နေကွယ်​စ
ပြုလာပြီဆိုတဲ့ အချိန်​ကို​ရောက်​တိုင်း
အ​မှောင်​ကျသွားတဲ့ ​ကောင်းကင်းရဲ့​အောက်​မှာ
လမ်း​လျှောက်​​နေ​သော်​လဲ ဝိုးတစ်​ဝါးမြင်​ကွင်း​တွေနဲ့
အ​တွေးတစ်​စ​ပေါ်တွက်​လာတဲ့ ​ဆောင်းပါး​လေး​ပေါ့ဗျာ..။
ကဲ..အခုကျွန်​​တော်​ရင်​ထဲမှာ ဖြစ်​တည်​လာတဲ့ အ​ကြောင်းရင်းနဲ့ အကျိုး​ကြောင်းကို​တော့
စာဖတ်​ပရိတ်​သက်​​တွေ ကိုယ်​တိုင်​ပဲ
ဝေဖန်​ ​ထောက်​ရှု့ပြီး​တော့ သုံးသက်​​ပေးကြပါဦးဗျာ..။

FB_IMG_1522226810140.jpg

ဖြစ်​စဉ်​က..တစ်​​နေ့မှာ ကျွန်​​တော်​သည်​ဆို​သော်
ကျွန်​​တော်​ဟာ ရင်​ခုန်​တတ်​စအရွယ်​မဟုတ်​​တော့တဲ့
လူပျိုဟိုင်းတစ်​​ယောက်​ဖြစ်​နဲ့ ရပ်​တည်​​ကာ
နုနယ်​​နေ​သော ကျွန်​​တော်​ရဲ့နှလုံးသား​လေးကို
မထိခိုက်​​အောင်​ မနာကျင်​​အောင်​လို့
သိမ်းထားခဲ့သူတစ်​​ယောက်​​​ပေါ့ သို့​သော်​လဲ
တစ်​ချို့ တစ်​ချို့​သော သူငယ်​ချင်း​တွေက
မင်းမှာ ချစ်​သူရှိလာလို့ ​မေးလာတဲ့အခါကြရင်​​တော့
ကျွန်​​တော့်​ရဲရင်​မှာ​လေ အ​ဖြေချင်​ဆုံးစကား​လေးတစ်​ခွန်​က
အလိုချင်​ဆုံးက ချစ်​သူ​လေးတစ်​​ယောက်​ပါကွာလို့
ဖြေလိုက်​ချင်​ပါတယ်​။
ဒါ​ပေမဲ့ ကျွန်​​တော်​အဲ့ဒီအ​ဖြေကို ကျွန်​​တော်​မ​ဖြေခဲ့ပါဘူး ။
မရှိပါဘူးဆိုတဲ့ စကားနဲ့ပဲ ကျွန်​​တော့်​ကို ကျွန်​​တော်
ပြန်​ပြီးအား​ပေး​နေရတဲ့ စကားမျိုး​တွေနဲ့
မျိုးသိပ်​ထားခဲ့ရတဲ့ ရက်​​တွေကို ​ကျော်​ဖြတ်​ရင်း
ကံကြုံ​တော့ပြန်​ဆုံရတဲ့ ငယ်ချစ်​ဦးကို
ကျွန်​​တော်​ပြန်​​တွေ့လိုက်​ရတယ်​။
မြင်​​တွေ့လိုက်​ရတဲ့ ငယ်​ချစ်​ဦးရဲ့ မျက်​နှာ​လေးက
အရင်​ကလို ချိုသာတဲ့ အပြုံး​လေးနဲ့ ကျွန်​​တော်​ကို
ကြို​နေသလိုမျိုး ခံစားလိုက်​ရ​ပေမဲ့
ကျွန်​​တော်​သိထားတဲ့ ဖူးစာရှင်​က ဦးရာသူအတွက်
ကြင်​​ဖော်​ဖက်​တစ်​​ယောက်​နဲ့ ​ရွှေဂ​ဟေဆက်​လို့
ဘဝခရီးလမ်းကို ​လျှောက်​လှမ်း​နေကြပြီ​လေ။

FB_IMG_1522131821512.jpg

ကျွန်​​တော်​ရဲ့ နှလုံးသား​လေး နာကျင်​မှာကို
ကြောက်​​နေမိတဲ့အဖြစ်​က အနာ​ပေါ်ကိုဒုတ်​ကျသလိုမျိုး
တစ်​စက်​စက်​နာကျင်​​​နေ​သော်​လဲ
ချစ်​ဦးသူ​လေးရဲ့​ရှေ့​မှောက်​မှာဖြင့်​ မာ​ကြောထားနိုင်​ခဲ့တယ်
ချစ်​ဦးသူ​လေးက ​ဖော်​​ရွေ​နေသလို
ကျွန်​​တော်​ကလဲ အပြုံး​လေးနဲ့ နူတ်​ဆက်​လိုက်​ပါတယ်
 မင်္ဂလာပါ သူငယ်​ချင်း​​ရေ ဆိုတဲ့စကား​လေးနဲ့​ပေါ့
ကျွန်​​တော်​ အဲ့ဒီလို နူတ်​ဆက်​မိလိုက်​တဲ့အတွက်
ကျွန်​​တော်​ နာကျင်​နေတဲ့ နှလုံးသားကို
ဖြေသိပ်​​ပေးလိုက်​သလိုမျိုးပဲ စိတ်​ရဲ့ခံစားချက်
တစ်​ချို့ကို သက်​သာ​စေခဲ့တယ်​​ ဒါ​ပေသိ
ပြန်​ဆုံးလို့ လွဲခဲ့ရတဲ့ချစ်​ဦးသူ​လေးရဲ့
မျက်​နှာ​လေးက​တော့ ကျွန်​​တော့်​ကို​ငေး​မောစွာ
စိုက်​ကြည့်​​နေရင်း မတုန်​မလှုပ်​တဲ့
မျက်​ဝန်​​လေးရဲ့ တံခါးဝနား​လေးမှာ
မျက်​ရည်​မိုးစေ​လး​တွေ ၊ဆွေ​နေတာကို ကျွန်​​တော်
မြင်​​တွေ့လိုက်​တဲ့အတွက်​ ကျွန်​​တော်ရဲ့ရင်ထဲမှာ
ကျေနပ်​စွာပြုံးလိုက်​မိပါတယ်​ အရင်​ကသာ ငါချစ်​ခဲ့သလိုမျိုး
မင်းသာ ပြန်​ချစ်​ခဲ့မယ်​ဆိုရင်​ အခုလိုမျက်​ရည်​မိုး​တွေ
ရွာဖို့အတွက်​ မင်းမှာ ဖြစ်​လာစရာအ​ကြောင်း
ရှိလာမှာမဟုတ်​ပါဘူးလို့ ကျွန်​​တော်​ရဲ့စိတ်​ထဲမှာ
တွေးလိုက်​မိတယ်​ ဒါ​ပေသိ ကျွန်​​တော်​ရှုံးသွားတယ်
ချစ်​ဦး​သူလေးကို ဒီတစ်​​ခေါက်​​တော့ ကျွန်​​တော်
အနိုင်​ရသွားပြီလို့ ​တွေးထားမိတဲ့ မခံချင်​စိတ်​က
အရမ်းမှားသွားလို့ပါပဲ​လေ...ဒီ​တော့ ကျွန်​​တော်
ပြန်​​တွေးကြည့်​တယ်​ သူ ဘာ​ကြောင့်​ ကျွန်​​တော့်​ရဲ့
ရှေ့ကျမှ မျက်​ရည်​မိုး​တွေက
ရွာမလိုလိုမျိုး ဘာ​ကြောင့်​များ ဖြစ်​​နေရတာလဲလို့
ကျွန်​​တော်​အ​ဖြေရှာရင်းနဲ့ ကျွန်​​တော်​ရဲ့
စာ​လေးကို​ဆောင်းပါးအဖြစ်​နဲ့သာ သိမ်းထားလိုက်
ပါ​တော့တယ်​...။
@arkarsoe
Photo.google