သူ့ကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ သူ့စက်ကွင်းကနေလဲ ဘယ်သူမှ ပြေးမလွတ်နိုင်ကြဘူးလေ .... သူဟာ သင့်ဘဝမှာ အချိန်မရွေး ထွက်ပေါလာနိုင်ပါတယ် .... တံခါးမခေါက် ခြေသံမပေးပဲလဲ ဝင်လာတတ်တယ် .... သင့်ဘဝကိုလည်း ဝင်ရောက်စိုးမိုး ခြယ်လှယ်ပါလိမ့်မယ် .... အချိန်မရွေး နေရာမရွေးပေါ့ ....
သူဟာ ဘယ်လောက်ထိ သြဇာကြီးလဲဆိုရင် သင့်ကို သင့်မိဘရင်ခွင်ကနေလဲ ဆွဲထုတ်သွားနိုင်တယ်လေ ... သူဟာ သင့်ကို လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြစ်ချင်လောက်အောင်လဲ လုပ်နိုင်တယ် ... သူလက်အောက်မှာ မင်းဟာ အတိတ်မေ့ချင်မေ့သွားမယ် ဆွံ့အနားမကြားလည်း ဖြစ်သွားမယ် ..... သူက အဲလောက်ထိ သြဇာကြီးတယ် ....
သူက ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး .... ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ .. လူတိုင်းဆီကို သူရောက်အောင်လာခဲ့ပါလိမ့်မယ် .... သူဟာ ပူပင်ဆင်းရဲမှုကိုလဲ မကြောက်သလို ဒုက္ခဆိုတာကိုလဲ ဂရုမစိုက်ပါဘူး .... အိုခြင်း နာခြင်း သေခြင်း တစ်ခုမှ မကြောက်ဘူး ဖျားမှာလဲမကြောက်တတ်ဘူး ....
သူဟာ သင့်ဘဝကြီးကို လက်ဖဝါးနဲ့ လက်ဖမိုးပမာ ပြောင်းလဲပစ်နိုင်ပါတယ် ... သူဟာ အနိစ္စဟူ မတည်မြဲတဲ့ လောကကြီးလွန်ဆန်ပြီး
တည်မြဲစွာလည်း ရှိနေတတ်ပြန်ရော ... အချိန်တွေ နေရာတွေက သူ့အတွက် အရေးမကြီးဘူး နေရာမရွေး အချိန်မရွေး သူထွက်ပေါ်လာနိုင်တယ် ... သင့်ကို ပျော်ရွင်ခြင်းပေးချင်ပေးမယ် သောကလည်း ပေးရင်ပေးမယ် ... သူက တစ်ကယ့်အာဏာရှင် ... ဘာဘာမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး ....
သူ ဒီလောကကြီးမှာ တစ်ကယ်ရှိပါတယ် ...
သူ က .... ဘယ်သူဖြစ်မယ်လို့ သင်ထင်ပါသလဲ ....
သူ့ကို လူတိုင်းသိမယ် ထင်ပါတယ် ....
အခု သူ ကျွန်နော့ဆီကို အလည်လာနေပြီ .... သူ့ကို တားဆီးဖို့ အားအင်တွေ မရှိခဲ့ဘူးဗျာ ....
သူ .... သိပ်ကို သြဇာကြီးလွန်းပါတယ် ....
Photo Credit : Google
MSC 223
writer @aikkhorn
တားဆီ့းမရနိုင်တယ အချစ် 😁😁😁😁
အရေးအသားတကယ်ကောင်းပါတယ် bro
ကံ
လွဲပီ
အချစ်