ဒီမိုကရေစီဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်အကျိုးသယ်ပိုးရတဲ့ဝါဒတစ်ခုပါ။ ဘာပဲလုပ်လုပ်ပြည်သူပြည်သားအားလုံးနဲ့ ဆုံဖြတ်လုပ်ကိုက်ရတဲ့စနစ်ပါ။ အာဏာရှင်မရှိ ဥာဏ်ကြီးတဲ့ ခေါင်းဆောင်သာရှိတဲ့စနစ်ပါ။ လူ့လွတ်လပ်ခွင့်ကို အပြည့်အဝပေးထားပြီး အစွမ်းရှိရင် ရှိသလောက် ရပိုင်ခွင့်တွေကိုလည်း ယူခွင့်ပေးထားပါတယ်။ ကိုယ်သာလျှင်အရှင်သခင်၊ ကိုယ်ဘဝကိုယ်ဖန်တီး၊ ကိုယ်သမိုင်းကိုယ်ရေးမယ့် ကိုယ့်အသက်ကိုယ်ပိုင်ဆိုင်ရေးပါ။ ခက်နေတာက ကိုယ်အသက်ကို သတ်မသေအောင် ဘယ်ဥပဒေကမှ မတားမြစ်ထားတာပါပဲ။ ကိုယ့်အသက်ကိုတောင် မနှမြောတဲ့လူကလည်း ဘယ်ဥပဒေတွေကို ဂရုစိုက်နေတော့မလဲ။ အချိန်တိုအတွင်းမှာဖျက်ကနဲပေါ်ပြီး ဖျက်ကနဲဖြစ်သွားတဲ့ကိစ္စ။ နှမလက်လျော့နေလေတော့ပေါ့။ ကိုယ့်ကိုယ်ကိုယ်သတ်သေသွား ကြသူအများစုဟာလည်း စားဝတ်နေရေးလို့ဆိုတဲ့ ရုပ်ဝတ္ထုတွေကြောင့်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့်သာ သတ်သေသွားကြသူတွေပါ။ အဲ့ဒီလူတွေထဲကမှ ကျွန်ုပ်သိသလောက် ကိုယ်ကိုယ်ကိုယ်အဆုံးစီရင်သွားကြတဲ့ လူတွေအကြောင်း ကျွန်ုပ်သိသလောက်ပြောပါရစေ။
မြို့မငြိမ်း
ဆရာမြို့မငြိမ်းဟာ မန္တလေးကမွေးပြီး မန္တလေးမှာကြီးပြင်းခဲ့တဲ့ မန္တလေးသားတစ်ယောက်ပါ။ လွတ်လပ်ရေးရပြီး စခေတ်ကြီးထဲမှာ ထွန်းကားခဲ့တဲ့ အနုပညာရှင်တစ်ယောက်။ ဆရာမြို့မငြိမ်းဟာ ဗိုလ်ချုပ်အောင်းဆန်းတို့ ခေတ်ကတည်းက သီချင်းတွေကို စတင်ရေးသားပြီး ခွေးတံဆိပ်ဓာတ်ပြားတွေ ထုတ်ဝေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာဆောင်မှာဆိုခဲ့ကြတဲ့ သက်ဝေသီချင်းဟာ ဆရာမြို့မငြိမ်းရဲ့ သီချင်းပါ။ ပြီးတော့အစိုးရအဖွဲ့က ရေးဖွဲ့ခိုင်းတဲ့သီချင်းကိုလည်း ဆရာမြို့မငြိမ်းက လူချွန်လူကောင်းဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ အရွှေးချယ်ခံရတဲ့ သီချင်းကတော့ ပြည်တော်သာ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြည်တော်သာသီချင်းကို ကြားတောင်မကြားဖူးကြဘဲ ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီးချင်းကတော့ ယနေ့အချိန်ထိ ကြားနေရဆဲပါ။ " ခေတ်မှီမှီကမ္ဘာကြည့်ကြည့်မြင်... ပါဝင် တစ်ယောက်ဆိုတအားပင်"တဲ့။ Tomorrow Never Dir သီချင်းပါ။ ဂျပန်တွေမန္တလေးကိုဗုံးကြဲတော့လည်း စစ်ကိုင်းချောင်မှာခိုလှုံရင်း ရေချိုးဆိပ်တို့ ပြည်တော်ဝင်သီချင်းတို့ကိုလည်း ဖန်တီးခဲ့ပါတယ်။ ပြည်တော်ဝင်သီချင်းဟာ တောင်သမန်မှာပြုလုပ်တဲ့ အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲမှာ မပါမဖြစ် သီချင်းပါ။ ကျွန်တော်ကလည်း သင်္ကြန်သီချင်းကောင်းကြားရင် ဆရာမြို့မငြိမ်းရေးတယ်ချည်းထင်နေသူပါ။ အထူးသဖြင့် သင်္ကြန်မိုးဇောတ်ဝင်တေးသီချင်းတွေကိုပေါ့။ တော်တော်ကြာမှပဲ ဦးမောင်မောင်ရေးတယ်ဆိုတာသိခဲ့ရပါတယ်။
ဆရာမြို့မငြိမ်းရဲ့အဖျားအနားကိုမှီအောင်လိုက်နိုင်သူဆိုလို့ မန္တလေး မှာကိုမောင်မောင် တစ်ယောက်ပဲရှိမယ်လို့ တွေးမိပါတယ်။ ဆရာမြို့မငြိမ်းဟာ စိတ်ကူးစိတ်သန်းနဲ့ အနုပညာဥာဏ်ကြီးသူပါ။ သူဖြစ်ချင်တဲ့ သူရဲ့ နောက်ဆုံးစိတ်ကူးအိပ်မက်က သူဖန်တီးထားတဲ့ သီချင်းတွေကို လူအယောက် ၁၀၀လောက်တီးရတဲ့ ဆင်ဖိုနီသြခက်စထရာတီးဝိုင်းနဲ့ သွင်းပြီး ဒါမြန်မာကွလို့ဆိုပြီး ကမ္ဘာကိုချပြချင်တဲ့စိတ်ကူးပါ။ ဒါပေမယ့် ဒီစိတ်ကူးကို သူအကောင်အထည်ဖော်ခွင့်မရခဲ့ပါဘူး။ ကျွန်တော်တို့မြန်မာပြည်ဂီတသမားတွေပဲ ဆဏာမြို့မငြိမ်းရဲ့အနုပညာ အိုင်ကျူကိုမလိုက်နိုင်လို့လား။ စည်းလုံးမှုမရှိလို့လား။ ပံ့ပိုးပေးနိုင်သူတွေလက်တွန့်နေတာကြောင့်လား ကျွန်တော်မသိပါဘူး။ ခုခေတ်မှာလည်း ကလေးတွေက သူရဲ့အိပ်မက်ကို ကူညီတဲ့အနေနဲ့ သူရဲ့သီချင်းတွေကို သြခက်စထရာနဲ့ဆိပြီး ကွန်ပျူတာနဲ့တီးပြီး အခွေထုတ်ကြပါတယ်။ သူတို့စိတ်ကူးကိုတော့ ကျွန်တော်အသိအမှတ်ပြုပါတယ်။
ဒါကတော့ လူသားကိုစက်ရုပ်နဲ့အစားထိုးတဲ့ သဘောပါ။ လေမှုတ်တူရိယာတွေနဲ့ တယောရဲ့အသံကို အခုခေတ်နောက်ဆုံးပေါ် တီးနေကြနဲ့ ကီးဘုတ်လို့ခေါ်တဲ့အရာတွေတောင် အသံတူအောင်မတီးနိုင်ပါဘူး။ ဒါတွေကတော့ နားပါးမှသိနိုင်မယ့်ကိစ္စတွေ။ ဥပမာ ဦးတင်ရီရဲ့ တယောသမားတီးတဲ့ ရွှေအိုးစည်ကို ကီးဘုတ်နဲ့ တီးပြီးအခွေထုတ်ကြည့်ပါ။ အနုပညာဟာ အနုပညာပါ။ ဆရာမြို့မငြိမ်း နောက်ဆုံးရေးခဲ့တဲ့သီချင်းလေး တိမ်လွှာမို့မို့လွင်ကတော့ ကျွန်တော်ကြိုက်တဲ့သီချင်းလေးပါ။ ဝင်းဦးသရုပ်ဆောင်ပြီး ဝင်းဦးဆိုထားတဲ့ တိမ်လွှာမို့မို့လွင် ဇာတ်ကားကိုလဲကြည့်ဖူးပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်အမြင်ကိုပြောချင်တာကတော့ တိမ်လွှာမို့မို့လွင်သီချင်းကို အဆိုမပါပဲ လူအယောက်တစ်ရာလောက်နဲ့ တီးထားတဲ့ သံစုံတီးဝိုင်းကြီးတစ်ခုနဲ့ မိနစ်၂၀လောက်တီးလိုက်ရင် ဗီသိုဗင်၊ ချိုက်ကော့စကီး၊ ယန်နီတို့ရဲ့ သီချင်းတွေလိုများ ဖြစ်လာမလားလို့ပါ။ တိမ်လွှာမို့မို့လွင်သံစဉ်ထဲမှာ စာသားမပါပဲ အသံတွေကိုချည်း ကျွန်တော်ခံစားကြည့်ဖူးပါတယ်။ သံစဉ်ထဲမှာတိမ်တွေ့ရွေ့နေတာ လှိုင်းကလေးတွေလှုပ်နေတာ အလွမ်းတွေလူးနေတဲ့ ရာသီဥတုကိုလည်း မြင်နေရပါတယ်။ ဒီတိမ်လွှာမို့မို့လွင် သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ သြခက်စထရာနဲ့ ဖန်တီးချင်တဲ့ နောက်ဆုံးအိပ်မက် သီချင်းတစ်ပုဒ်ပဲလို့ ထင်မိပါတယ်။
ဆရာမြို့မငြိမ်းဟာလည်း သူလုပ်ချင်တာတွေမလုပ်ရတဲ့ကမ္ဘာမှာမနေချင်တော့ပုံရပါတယ်။ မနက်စောစောအိမ်ကထွက်သွားပြီး တရုတ်သင်္ချိုင်းနားက မြေလမ်းကလေးပေါ်မှာ သူ့အိပ်မက်တွေကို အဆုံးသတ်ပစ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှသူဒုက္ခမပေးခဲ့ပါဘူး။ ကွပ်ပျစ်လေးနားကဖိနပ်တစ်ရံကသက်သေပါပဲ။ ကွပ်ပျစ်လေးနားမှာသာဖိနပ်မချွတ်ခဲ့ဘဲ ဖိနပ်စီးပြီး ကားအောက်ကိုတိုးဝင်ခဲ့ရင် ဟိုတစ်ဖက် ဒီတစ်ဖက် ကစဉ်ကလျားဖြစ်နေတဲ့ ဖိနပ်ကိုကြည့်ပြီး ကိုယ်ကိုယ်ကိုယ်သေကြောင်းကြံစည်တယ်လို့ ဘယ်သူယုံမှာလဲ။ သေသူဟာလည်းမြို့မငြိမ်းဖြစ်နေတဲ့အတွက် အပြစ်မရှိတဲ့ ကားသမားဟာလည်း ထောင်နန်းစံရုံသာ သိုသော် ဆရာမြို့မငြိမ်း ကွပ်ပျစ်နားချွတ်ထားခဲ့တဲ့ ဖိနပ်ကလေးတစ်ရံဟာ မြို့မငြိမ်းနောက်ဆုံးရေးထားခဲ့တဲ့ သေတမ်းစာလေးတစ်စောင်ဖြစ်နေခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။
မြို့မငြိမ်းရဲ့ဖိနပ်တစ်ရံက ကဗျာဆန်တယ်.....။
ဒီအကြောင်းအရာများသည် ကျွန်ုပ်ဖက်ခဲသောစာအုပ်များနှင် လူကြီးများပြောသော မြို့မငြိမ်းအကြောင်းများကိုအခြေခံ၍ ကျွန်ုပ်စိတ်ကူး နှင့်ပေါင်းစပ်ကာ ရေးသားထားခြင်းဖြစ်ပါသည်။
အတာဦး
done
Thank you
ခေါင်းစဉ် ဖတ်ပီး ရင်တုန်တာဟာ
😁😁😁
I voted for u and vote me again bro
Done bro
good post
ကျေးဇူးပါ
Vote
Thank you
Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the total payout received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Thank you
Good vote done bro
Thank you
Steemit မှာ စာပိုဒ်အစမှာ space ခံလို့ မရပါ။ font ပျက်သွားပါတယ်။စာပိုဒ် တပိုဒ်လုံး ထောက်နေတာ .. စာပိုဒ် အစက space ကို delete လုပ်လိုက်ပါ
ဟုတ်
ကွီးအတာ အာ့တွေအားကျပြီးလိုက်မလုပ်နက်နော် တားတားတို့ကစိတ်မခိုင်ဝူးဂျ
ဟားဟားဟား
nice post,bro!
ကျေးဇူးပါ
အောက်ဆုံးစာပိုက်က ဖတ်မရဘူး ပြင်အူးဗျ။
အယ် ဒီမှဖတ်လို့ရ
ဂမ္ဘီရဆရာတွေကတော့ အမြင်တစ်မျိုးရှိကြတယ်ဗျ
ဟု
ကောင်းတယ် ဆက်ရေးပါအုံးနော
ဟုဟု