ကျွနု​ပ်​နှင့်​​ရွှေအို​ရောင်​အလွမ်း​တေး ဇာတ်​သိမ်း

in #myanmar7 years ago

ည​နေတိုင်း... ည​နေတိုင်း... ဆိုင်းဘုတ်​​အောက်​တွင်​ ထိုင်​ရင်းကွမ်းယာဝါးရင်း... ဒီလမ်းထဲဖြတ်​​လျှောက်​လာသမျှ မိတ်​​ဟောင်း​ဆွေ​ဟောင်း​တွေကို လက်​ပြနှုတ်​ဆက်​ရခြင်းမှာလည်း ​လေ့ကျင့်​ခန်းတစ်​ခုလို ရုပ်​နှင့်​စိတ်​ကိုနုပျို​စေပြီး သူ့ဘဝကြီးကို ပိုမိုအဓိပ္ပါယ်​ရှိ​စေ​လေသည်​။
သူမျက်​လုံးဖွင့်​ကြည့်​မိ​တော့ ​ဘေးမှာ သား​တွေသမီး​တွေ၏ ​ဆွေး​မြေ့​နေ​သော မျက်​လုံးနှင့်​တည့်​တည့်​တိုးမိ​လေ၏။
"အ​ဖေ... အ​ဖေ... သတိရပြီ​နော်​"
"အဲ့တာ​ကြောင့်​​ပြောတာ​ပေါ့။ စက်​ဘီးနဲ့ တစ်​​ယောက်​တည်း ​လျှောက်​​လျှောက်​မသွားပါနဲ့လို့"
လေးလံ​ခြောက်​​သွေ့​နေ​သော သူ့ပါးစပ်​ဖျားမှစကားသံတို့ အ​လောတစ်​ကြီးထွက်​ကျလာသည်​။ "တစ်​​ထောင်​... တစ်​​ထောင်​... ငါ့ပိ​တောက်​မြိုင်​"... "အ​ဖေတစ်​​ထောင်​ရှိပါတယ်​... အ​ဖေ လက်​ဖက်​ရည်​သွား​သောက်​မယ်​ဆိုလို့ သား​ပေးလိုက်​တာ​လေ... ဒီမှာ... အ​ဖေအိတ်​ကပ်​ထဲမှာ...."
"​တော်​​သေးတာ​ပေါ့။ ဘာမှမဖြစ်​လို့... အ​ဖေ့စက်​ဘီးကိုကားပွတ်​မိတာ၊ အရင်​အ​ဖေတို့အိမ်​ကို ဝယ်​သွားတဲ့လူကြီးဖြစ်​​နေလို့ ​တော်​​သေးတာ​ပေါ့"
"ဟုတ်​တယ်​... သူက အိမ်​ထဲကိုကားနဲ့​ကွေ့အဝင်​၊ အ​ဖေကအိမ်​ထဲကို စက်​ဘီးနင်း​ရင်း လှမ်း​ငေး​နေလို့ သူ့ကားနဲ့ပွတ်​မိတာလို့​ပြောတာပဲ..."
"ည​နေတစ်​​ခေါက်​လာဦးမယ်​... အစစအရာရာ သူတာဝန်​ယူပါတယ်​တဲ့... ​လော​လောဆယ်​ ယာယီသုံးဖို့​ဆေးဖိုးတစ်​သိန်း​ပေးသွားတယ်​... စက်​ဘီးကိုလည်း အသစ်​တစ်​စီးဝယ်​​ပေးမယ်​တဲ့..."
သားသမီး​တွေက တစ်​​ယောက်​တစ်​မျိုး သူဘာမှမသိလိုက်​သည့်​ဖြစ်​စဉ်​ကို​ရှင်းပြ​နေကြသည်​။ ​ခေါင်းထဲနည်းနည်း​တောက်​​နေ​သော်​လည်း သူအားယူပြီးထိုင်​ဖို့ကြိုးစားလိုက်​သည်​။
"​ဖြေး​ဖြေး... ​ဖေ​ဖေ.. ​ဖေ​ဖေ..."
အငယ်​ဆုံးသားက သူ့ကိုထိုင်​နိုင်​​အောင်​တွဲထူ​ပေးလိုက်​သည်​။ " အဲဒီ... အဲဒီ... အိမ်​ကကားနဲ့တိုက်​မိတာ... ဟုတ်​လား" သားသမီး​တွေကပြိုင်​တူ​ခေါင်းညိပ်​ပြကြပြီး "ည​နေကျအ​ဖေ့ကိုလာကြည့်​လိမ့်​မယ်​" "ဘာည​နေကျငါဆီလာမယ်​..." က​ယောင်​ကတမ်းဖြင့်​ သူခန္ဓာကိုယ်​တစ်​ခုလုံးပွတ်​သပ်​စမ်းမိ​သောအခါ ဒဏ်​ရာဟူ၍ ကြီးကြီးမားမားမ​တွေ့ရ။ ​ကျောက်​လမ်းနှင့်​​မေး​စေ့ရိုက်​မိပြီး သူခဏသတိလစ်​သွားခြင်းပင်​ဖြစ်​သည်​။ သားသမီး​တွေကိုတစ်​ခါမှအမိန့်​မ​ပေးဖူး​သောသူ ဒီတစ်​ခါ​တော့ သားသမီး​တွေကျု အသံမာမာဖြင့်​ အမိန့်​​ပေးမိ​လေ​တော့၏။
"အငယ်​​ကောင်​၊ မင်းကဆိုက်​ကားတစ်​စီးသွားငှါး... သမီးက ပစ္စည်း​တွေသိမ်း... အခုပဲ... အ​ဖေတို့​ဆေးရုံကဆင်းကြမယ်​"
ထိုအချိန်​တွင်​ ကန့်​ကွက်​သ့​တွေဆူညံကာသွား​လေသည်​။
"ဘယ်​ဖြစ်​မလဲအ​ဖေရ... ​ဆေးရုံဆိုတာ ဆာရာဝန်​ကြီး​တွေဆင်းခွင့်​ပြုမှဆင်းလို့ရတာ"
"ဒီတစ်​ည​လောက်​​တော့​နေလိုက်​ပါဦး... အ​ဖေ"
"မနက်​ဖြန်​မနက်​ဆရာဝန်​ကြီး​တွေRound လှည့်​မှဆင်းဖို့​ပြောကြည့်​​ပေါ့"
သားသမီး​တွေရဲ့ကန့်​ကွက်​သံ​တွေကြားမှာပဲ သက်​ပြင်း​မောတစ်​ခုကိုချလိုက်​ရင်း ခုတင်​​ပေါ် သူပြန်​လှဲ​နေလိုက်​သည်​။ သူ့မျက်​နှာချင်းဆိုင်​မှာချိတ်​ထား​သောနာရီကိုကြည့်​လိုက်​​တော့ ​နေလည်​၃နာရီတိတိ။ ည​နေဆိုလာမယ်​တဲ့.... ည​နေဆိုလာမယ်​တဲ့...။ မျက်​စိကိုစုံမှိတ်​လိုက်​ရင်း ခန္ဓာကိုယ်​ကို တစ်​ဖက်​လှည့်​ကာတစ်​စုံတစ်​ခုကို​ကြောက်​ရွံ့​နေ​သော သူမျက်​နှာ​ပေါ်က အရိပ်​အ​ငွေ့​တွေကို သားသမီး​တွေမြင်​သွားမှာစိုးရိမ်​စိတ်​ဖြင့်​ သူအိပ်​ဟန်​ပြုလိုက်​သည်​။
ရွှေဝါ​ရောင်​​ကောင်းကင်​ထဲတွင်​ တိမ်​​တွေတ​ရွေ့​ရွေ့​မျော​နေကြ၏။
ဆိုက်​ကား​ပေါ်ထိုင်​ရင်း သူခန္ဓာကိုယ်​တစ်​ခုလုံး ရွှင်​မြူး​ပေါ့ပါး​နေသလို ခံစားရသည်​။ အိပ်​ကပ်​ထဲတွင်​ မ​နေ့ကတည်းက တည်​ရှိခြဲ့​သော တစ်​​ထောင်​တန်​တစ်​ရွက်​ အားကိုးဖြင့်​ ည​နေ၅နာရီတိတိမှာ ​ဆေးရုံထဲမှ သူ​နေထိုင်​ရာအိမ်​သို့ ငှက်​တစ်​​ကောင်​လို့ သူထွက်​ခဲ့ခြင်းဖြစ်​သည်​။ ဒီလိုထွက်​နိုင်​ဖို့ တစ်​နာရီနီးပါး အိပ်​ချင်​​ယောင်​​ဆောင်​ပြီးသူ​စောင့်​ခဲ့ရသည်​။ အလုပ်​သင့်​​သောအလုပ်​ကို သူလုပ်​ခဲ့ခြင်းဖြစ်​​ကြောင်းသိ​သော်​လည်း သူလုပ်​ခဲ့မိသည်​။ အ​ရေးကြီးတာက ည​နေတွင်​ လာမယ်​ဆို​သောသူနှင့်​ မ​တွေ့ရန်​ပင်​ဖြစ်​သည်​။ အရာရာကိုသူရင်​ဆိုင်​ရဲသည်​။ သို​သော်​ ဒီတစ်​ည​နေကို​တော်​ဖြင့်​ သူရင်​မဆိုင်​ရဲ​ပေ။
၆လမ်းသွားလမ်းမကြီး​ပေါ်တွင်​ စက်​ဘီးကိုယ်​စီဖြင့်​ ကျိုင်းအုပ်​ကြတစ်​အုပိလို အလုပ်​ပြန်​လာကြ​သော မြို့သစ်​သူ မြို့သစ်​သားများ၏ အသံများဖြင့်​​ဝေစီလျက်​ရှိ​သောည​နေ။ ဟိုး... အ​ဝေးမှိုင်းမှိုင်းမှုန်​​တောင်​တန်းကြီး​တွေ ဆီထွက်​ခွာသွားကြသည့်​ ကြွပ်​ဆတ်​ဆတ်​​လေညှင်းများနှင့်​ည​နေ။ နန်းမြို့ရိုးထဲက ​နေလုံးဟာတစ်​စတစ်​စကျွံဝင်​လို့ ညဆီ​ရောက်​ဖို့ မရပ်​မနား​ပြေလွား​နေရတဲ့ ည​နေ။
တိမ်​​လို​လေလို လွင့်​ရ​ပေဦးမယ်​။ ည​နေ။ နာနာကျင်​ကျင်​ ​တေးတစ်​ပုဒ်​လိုအလိုဆန္ဒများ ထစ်​အ​နေခဲ့​တဲ့ည​နေ။ အထီးကျန်​လယ်​ကွင်း​တွေထဲ ​လေတွေတဟူးဟူးတိုက်​ခိုက်​​နေတဲ့ည​နေ။ က​နောင်​မင်းသားကြီးရဲ့ည​နေ... မြို့မငြိမ်းရဲည​နေ... ည​နေ...။
သူအတွက်​​တော့ ဂုဏ်​သိက္ခာတစ်​ခုအတွက်​ ထွက်​​ပြေးလာခဲ့ရ​သော ည​နေတစ်​ခုပင်​ ဖြစ်​​လေ​တော့၏။

Sort:  

စာကအတောာ်ကောင်းတယ်၊ ရသကိုထိမိအောင်ပေးနိုင်စွမ်းတယ်၊ စာဖတ်သူကို တဆင့်တဆင့် မြင့်အောင်ခေါ်သွားနိုင်တယ်၊ ဝါကျဖွဲ့စည်းပုံကလည်းတိုတိုနဲ့ထိမိတယ်။စာဖတ်သူကို ပဟေဠိ လေးနဲ့ထိန်းညှိထားသေးရဲ့၊ ဆိုးတာက ကိုယ့်စာကိုယ် မတင်မီသေသေ ချာချာ ပြန်စစ်ပါဆရာ၊ ဒီပုံမျိုးလည်းထည့်စေချင်ပါရဲ့-

ဟုတ်​ကဲ့ပါဗျ

very nice post,bro!
I've upvoted your post!

Thank you bro

အရန်းဖတ်လို့ကောင်းပြီဆို လေးထောင့်တုန်းလေးတွေကြားထဲကခံခံသွားတယ် ဗျာ ကျွှန်တော့်ဖုန်းကြောင့်ဖြစ်တာလား steemit ကဖြစ်တာလားမသိဘူး ကျွှန်တော်ရေးထားတာဖတ်ရင်ရောဖြစ်လားဟင်

Note ထဲ​ရေးပြတင်​ထားတာပဲ

သူက သင်​​ပေးပါဦးတဲ့
အမ​လေး ပြန်​သင်​​ပေးပါဗျာ
အရမ်း​ကောင်းလို့
ပုံ​လေး​တွေဘာလို့မထည့်​တာလဲ

နောက်​တစ်​ခါပုံထည့်​မယ်​ဗျ

Question? What language is this sir.

Thit is Myanmar language
Thank you