အမှားကိုအဆိပ်​ထုတ်​ခြင်း (အပိုင်း-၃)

in #myanmar7 years ago (edited)

ကို​ကျော်​ဇင်​တ​ယောက်​အ​တွေးများဖြင့်
လုံးလည်​ရှာလည်​လိုက်​ရင်း တ​နေ့တာကုန်
ဆုံးပြီးလို့  ပြန်​လည်​နိုးထ အသက်​ဝင်​​ခဲ့​လေပြီ ။ ​ငွေ​ကြေးရှာပုံ​တော့အတွက်​ ​ဆွေမျိုးနီးစပ်​ ​တော်​သူများထံ အကူညီ​တောင်း​သော်​လည်း ဆန္ဒကားမပြည့်​ဝခဲ့ 
မည်​သူတစ်​ဦးတစ်​​ယောက်​ဆီကမှ ယုံကြည်​မှု မရခဲ့  ။ ​ရေနစ်​သူဝါးကူထိုးသကဲ့သို့  နစ်​နစ်​နာနာရင့်​ရင့်​သီးသီး စကားများရရှိခြင်းသာ မိမိတွင်​အဖတ်​တင်​ခဲ့​ လေသည်​။

1383264_487388148025688_1937343843_n.jpg

ဆွေမျိုးမဟုတ်​ ​တော့
" ​ရွှေရှိမှ အမျိုး​တော်​ချင်​တဲ့  ​ရွှေမျိုး" ​တွေမိဘများရှိစဉ်​က မည်​သူမှ​ကျေဇူးမကင်းခဲ့
သူများ ယ္ခု​တော့ ကြဉ်​ဖယ်​ကြ​လေပြီ ။

ဆိုင်​ရှင်​အကိုကြီးမှ သူတတ်​နိုင်​သ​လောက်​ပံပိုးမည်​ မင်း သာလုပ်​ငန်းဖြစ်​​အောင်​ရဲရဲတင်းတင်းလုပ်​ဟုဆိုလာသဖြင့်​ ကျန်​ရှိ​နေ​သေးသည့်​ ​​လက်​ကျန်​​ငွေ​လေးနှင့်​ ဆိုင်​တစ်​ဆိုင်​ဖြစ်​​အောင်​ မနည်းကြိုးစားပမ်း စားတည်​​ဆောက်​ခဲ့ရသည်​။လိုအပ်​ချက်​များကို ဆိုင်​ရှင်​အကိုကြီးမှတကယ့်​​စေတနာအရင်းခံနှင့်​ ကူညီ​ပေးခဲ့၍သာ​တော်​​တော့သည်​။
" အခက်​ခဲဖြစ်​​နေချိန်​ကူညီ​ပေးသူသည်
တကယ့်​မိတ်​​ဆွေ​ကောင်းမည်​ပါ​ပေသည်​။"ဆိုင်​ရှင်​အကိုကြီးကား မိမိအတွက်​တကယ့်
မိတ်​​ဆွေ​ကောင်းပါတကား။

25fca811d5b394393284aac590e85d30.jpg

KTV , Massage စသည့်​အတွက်​လိုအပ်​သည့်​ ဝန်​​ဆောင်​မှုများအတွက်​ နှစ်​ဆိုင်​တစ်​ဆိုင်​ ပုံစံမျိုးဖြင့်​ အသက်​သွင်းပြီး ဆိုင်
စတင်​ဖွင့်​ဖြစ်​ခဲ့သည်​ ။

ဆိုင်​​နေရာက အချက်​အချာကျသည်​က
တ​ကြောင်း အလုပ်​သမား လူဦး​ရေထူထပ်​လာသည်​ကတ​ကြောင်း ကို​ကျော်​ဇင့်​ဆိုင်​ စဖွင့်​ကတည်းက အလွန်​ပင်​ အဆင် ပြေ ခဲ့သည်​။

အဆင်​​ပြေလာ​တော့ ထုံးစံအတိုင်း
လက်​ကဖွာလာသည်​။ မိမိကိုယ်​တိုင်​ ​ကောင်​တာမထိုင်​ချင်​​တော့ ။ လူလိုလာ​တော့ ဆိုင်​ရှင်​အကိုကြီးစီမံ​ပေးသည့်​ ၎င်း မိတ်​​ဆွေညီမဖြစ်​သူအား မန်​​နေဂျာခန့်​အပ်​ကာ မိမိမှ အ​ပေါင်းသင်းအတွက်​​ခြေဆန့်​ခွင့်​ရ​ခဲ့လေသည်​ ။ ယ္ခုတကြိမ်​တွင်​​တော့ မြို့ နယ်​အတွင်းမှ တကယ့်​ဂရိတ်​ စိတ်​ထား​ဖြောင့်​မတ်​သူ​​တွေကိုသာ​ရွေး​ပေါင်း​​လေတော့သည်​။

စီးပွား​ရေးဂွင်​သစ်​များကို ရှာ​ဖွေသည်​။
ငွေ​ကြေးအရှိန်​အဝါကို ကို​ကျော်​ဇင်
တ​ယောက်​ ​ယောက်​​ကောင်း​ကောင်း
မြည်းစမ်းပြီး သိရှိခဲ့ပြီမဟုတ်​ပါ​လော ။
ယခင်​ အနာကလည်းရှိ​လေ​တော့ ​မြှောက်​ ထိုးပင့်​​ကော်​ ကပ်​ဖားရပ်​ဖားများ အား အခိုင်း​စေသဖွယ်​သာဆက်​ဆံခဲ့​လေ​တော့ သည်​။

images (39).jpg

အရက်​ကိုမူး​နေ​အောင်​​သောက်​ခွင့်​မရ
မန်​​နေဂျာ မမ မှ တားဆီးပိတ်​ပင်​ထား
သည်​။

ကေတီဗွီမာဆတ်​တွင်​ ​ဘော်​ဒါများနှင့်
ထင်​တိုင်းကြဲမရ မန်​​နေဂျာမမမှ ပိတ်​ပင်​ထားသည်​။
(အဆိုးထဲကအ​ကောင်း)
မန်​​နေဂျာ​ကောင်းတစ်​​ယောက်
ရထား​သောကို​ကျော်​ဇင်​အထိန်းအကွပ်​နှင့်​ဖြစ်​လာခဲ့သည်​။ တကယ်​ပင်​​တော်​​သောအမျိုးသမီးပါ​ပေ။ လစာမှလွဲ၍မည်​သည့်​အကျိုးအမြတ်​မှ ယူသည်​မဟုတ်​။သို့​သော်​ သူတို့နှစ်​ဦးကား မိတ်​​ဆွေသူငယ်​ချင်း အဆင့်​ တွင်​သာ ကြာလာ​တော့ပတ်​ဝန်း​ကျင်​ မှ ကို​ကျော်​ဇင်​အားထိုအမျိုးသမီးနှင့်​သ​ဘောတူကာစပ်​ဟပ်​​ပေးခြင်းဖြင် သူတို့ နှစ်​ဦး အိမ်​​ထောင်​ကျခဲ့​လေ​တော့သည်​။

သားသမီးမထွန်းကားသည်​မှ အပ
အိမ်​​ထောင်​​ရေးကားအထစ်​အ​ငေါ့မရှိခဲ့။
အလွန်​ပင်​အဆင်​​ပြေခဲ့သည်​။ အထိန်း အကွပ်​မရှိသူနှင့်​ အထိန်းအကွပ်​​ကောင်း
သူ။

စီးပွား​ရေးအ​ကြောင်းလည်းကျွမ်းကျင်​လာသလို ​အပေါင်းသင်းများမှ တဆင့်​အဆက်​သွယ်​​ကောင်းများရပြီးစီးပွား
လည်းဖြစ်​လာသည်​။ ​မြေကွက်​များ​ဈေး
ပိုတက်​လာသည်​။ အ​ပေါင်းသင်းများမှ
တဆင့်​ ​မြေကွက်​ဝယ်​ယူသူများကို​ကျော်​ဇင်​ဆိုင်​တွင်​ အမြဲအပန်း​ဖြေလေ့ရှိသည်​။

ကံ​ကောင်းချင်​​တော့ကို​ကျော်​ဇင်​​မြေကွက်​ ဟိုတယ်​​ဆောက်​ရန်​ အတွက်​လျာထားချက်​တွင်​ ပါဝင်​လာ​လေ​တော့သည်​။ ပုဂ္ဂလိကမှတန်​ရာတန်​​ကြေးဝယ်​ယူသည်​ ဖြစ်​သည့်​အတွက်​ အလွန်​ပင်​အဆင်​​ပြေခဲ့​လေသည်​။

တခြား​နေရာတွင်​ အစိုးရမှ သိမ်းယူကာ
တန်​ရာတန်​​ကြေးမရအိမ်​တလုံးအပြင်​ နစ်​နာ​ကြေးပင်​ဟုတ်​တိပတ်​တိမရခဲ့ ။ ကို​ကျော်​ဇင်​ကား ကံ​ကောင်း​လေပြီ ။ ​မိမိပိုင်​ဆိုင်​သည့်​အထဲက မြေကွက်​အနည်းငယ်​ကို ထိုး​ရောင်းကာ ကျန်​သည့်​အပိုင်းကို ​ပေါက်​​ရောက်​သည့်​အ​ပေါင်း အသင်းများမှတဆင့်​ ဂရမ်​​ဆောင်​ တည်း ခိုခန်းဖွင့်​ကာတည်း ခိုခန်းပိုင်​ရှင်​ အဖြစ်​ရပ်​တည်​ပြီး​ ကျန်​ရှိ​နေ​သော ​မြေကွက်​လပ်​ကို ဟိုတယ်​အားအငှါးချထားလိုက်​​လေ​တော့သည်​။ အဆက်​​သွယ်​ကောင်း များလည်း ရရှိခဲ့​လေပြီ။အထိန်းသိမ်း​ကောင်းသည့်​မိန်းမနှင့်​အကွက်​မြင်​တတ်​သည့်​ ကို​ကျော်​ဇင် တို့ကား ပဏာသင့်​ခဲ့​လေပြီ ။

download.png

ထို​ဒေသအတွင်းရှိ ​မြေရှင်​များ ကို​ကျော်​ဇင်​အားဦးတိုက်​ရ​တော့သည်​။ ယခင်​စိတ်​မျိုး
နှင့်​ဆိုလျှင်​ ဘီယာတစ်​ဝိုင်းနှင့်​လာဘ်​ထိုး
၍ရမည်​ဖြစ်​​သော်​လည်း ​"​ရေမြင့်​၍ကြာတင့်​ခဲ့​လေပြီ " ယခုမူကားမရ​တော့။ (ကို​ကျော်​ဇင်​ ပျဉ်​ဖိုးနားလည်​ခဲ့​လေပြီ။)

ဇတ်​သိမ်းပိုင်းဆက်​လက်​​ဖော်​ပြပါမည်​။
...

Author @ahkhayar (MSC-048)
(ကိုယ်​ပိုင်​အ​တွေးဖြင့်​ ​ရေးသားသည်​။)

Photo by google

Sort:  

Congratulations @ahkhayar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Good writing

Thank for supporting😃

ခုလို ပျော်စရာ လေး ဖတ်ရတဲ့ အခါမျိုးလည်း ရှိဦးမှ...
Waiting the next part.

လောကမွ ပေ်ာ်စရာထက် စိတ်ညစ်စရာက
ပိုမ်ားတယ် ။ ကြမ္မာကလည်းအလွည့်ေျပာင် မ်ားတယ်။

ဇာတ်သိမ်းပိုင်း စောင့်မျှော်လျက်

ဟုတ်​ ..လာမည်​​မျှော်​ 😃

ဒီလောက်အခြေအနေဆို ကိုကျော်ဇင် ကို မိန်းမပေးစားလို့ ရပီထင်တယ်

ဝျွါတ်ြ​လေ ဘရို 😃

Very Good Bro.

Thank you 😃

ကောင်းပါ့ ဗျာ ဖတ်ရတာ

Cင်

ဆက်ထုတ်ရအုံးမယ် အဆိပ်တွေ

ကျန်နေသေးတယ်လား အဆိတ်တွေ

Right..sure
How to remove ပွိုင်​စင်​?

အရမ်းကောင်းပါတယ်

ကျေးဇူးပါဗျ

good post

ဒါက ဘာမှ မဟုတ်​ပါဘူး ။
ဆရာက ​တော်​ပါတယ်​ဗျာ ။

နောက်​ပါ​​လေ 😑😑

Good Writing & Story

Thank for supporting!

 7 years ago (edited) Reveal Comment

Thank for supporting .