" ရှာသူ "
-------------------_-
မနက်ခင်း .. လှေကားကဆင်းလိုက်ရင်ပဲ ..
ကမ္ဘာမြေရဲ့ကျောကုန်းပေါ် ခြေဆန့်ခွင့်ရခဲ့တယ် ..
အလှတရားတွေ ကြွရွနိုင်ဖို့ .. ဗီသိုဗင်မလို၊ ဗင်းဆင့်ဗန်ဂိုးမလို၊ ရာဘင်ဒြာနတ်တဂိုးမလို ..
ရှိနေကျအတိုင်း အရိုင်းဆန်စွာ လှပပါစေ ၊ ကြွရွပါစေ ...
ခြေလှမ်းတွေ လက်ဖြာနိုင်ဖို့ wy မလို၊ မာရှီမလို၊ ရူဘီလည်းမလို ...
ငါ့ Tempo အတိုင်း စူးရှနေမယ် ၊ မြူးကြွနေမယ် ..
နေ့တစ်နေ့ရဲ့ မီးဇာကုန်ချိန်မှာလည်း ...
အမှောင်ချိန်ကို ရင်ဘတ်ဟင်းလင်းဖွင့်ကြိုမယ် ..
မာကျူရီတွေ အလင်းဝတ်ရုံတုတွေမခြုံနဲ့ ..
ကြယ်တွေစုံပြီလား ...
ကမ္ဘာမြေရဲ့ကျောရိုးအပေါ် ခြေပြန်ဆန့်မယ် ..
အလင်းစစ်စစ်တွေရောက်မလာမချင်း ...။ ။
Lay Cho
wow wow wow
👍👍
👍👍👍👍👍