သူများနိုင်ငံက နည်းပညာဆိုတာ အစိုးရ ကသုံးပြီး တပတ်ရစ် တချို့နည်းပညာဆို ၃ပတ်ရစ်လောက် ဖြစ်သွားတော့မှ public ကိုပေးသုံးတာ။ ကွန်ပြူတာ ဆိုတာ စစ်ဘက်တွေမှာ အရင်ဆုံးသုံးခဲ့တဲ့နည်းပညာပါ။ နောက်ပိုင်းမှ ပြည်သူတွေသုံးဖို့ ထုတ်ပေးတာပါ။ ခုထိလည်း စစ်ဘက်ဆိုင်ရာ နည်းပညာအမြင့်တွေကို အစိုး၇တွေကသာ ထိမ်းချုပ်ထားပြီး အပြင်ကို ချမပြသေးတဲ့နည်းပညာပေါင်းများစွာရှိနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု အစဟာ တက္ကသိုလ်တွေက ထူးချွန်လူငယ်တွေကို အသုံးဖို့သုတေသန ဦးစားပေး တက္ကသိုလ်တွေ တည်ထောင်ခြင်းပါ။ အဲ့ကနေတဆင့် တကမ္ဘာလုံးက နည်းပညာရှင်တွေ ပါရမီရှင်တွေကို စုံစမ်းပြီး သူ့နိုင်ငံကို လာရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ E=mc2 ပိုင်ရှင် အိုင်းစတိုင်းလည်း အမေရိကန်ဇာတိသားမဟုတ်ပါဘူး။ အဲ့လိုပဲအခြားသော ပညာရှင်တွေလည်း အမေရိကန်မွေးတွေမဟုတ်ပါဘူး။ ဒီလူတွေကို ဘယ်လိုမက်လုံးတွေ ပေးပြီး ဆွဲဆောင်ခဲ့ပါသလဲ။ အဲ့လူတွေဟာ သူ့ဇာတိကို ဘာလို့ပြန်မသွားတာလဲ ဘာလို့ပစ်ပြီးထွက်လာတာလဲဆိုတာ အတော်လေးစဉ်းစားစရာအချက်ပါ။ ဒီလို သုတေသနအားကောင်းတဲ့ တက္ကသိုလ်တွေက ပညာရှင်တွေကို စစ်တပ်ဘက်က နည်းပညာ အဆင့်မြှင့်ဖို့ ပြန်ခေါ်သုံးပါတယ်။ လက်၇ှိ ကျွန်တော်တို့ သုံးနေတဲ့ အင်တာနက် ဆိုတာကလည်း ပထမပိုင်းမှာ စစ်ဘက်က သီးသန့်သုံးတဲ့ နည်းပညာရပ်ပါ။ နောက်မှ ပြည်သူတွေသုံးခွင့်ရလာတာပါ။ ကျွန်တော်တို့ နိုင်ငံကို ပြန်လှည့်ကြည့်ရအောင်။
ပြည်သူတွေသုံးပြီး ဖန်တရာတေတာတောင် အစိုးရဌာနတွေ့ မသုံးသေးတဲ့နည်းပညာက ပိုများတယ် :P :P
လွှတ်တော်အမတ်တွေကို viber သုံးနည်းပြန်သင်ပေးနေရတယ်။ စစ်ဘက်အောက်က ရဲတပ်ဖွဲ့က အများသုံး ဗိုင်ဘာကို အဓိက သုံးနေကြတယ်။ အဲ့မှာ ဗိုင်ဘာ ဟက်ခံရတယ်ဆိုတဲ့ သတင်းမျိုးတောင်ထွက်လာတယ်။ မနေ့တနေ့က အစိုးရဌာနတစ်ခုကို g drive သုံးနည်း ပညာပေးတယ်ဆိုတာကို သတင်းတစ်ခုအဖြစ် ထည့်ရေးနေရတယ်။ တကယ်တော့ Google drive ထဲ save တာမျိုး share တာမျိုးက အရမ်းကို အခြေခံကျလွန်းပါတယ်။ အဲ့လိုနည်းပညာသင်တာကို သတင်းလုပ်ရေးနေရတုန်းပဲလား။ မြန်မာပြည်က ပညာရှင်တွေက နည်းပညာမှာ ခေတ်နောက်ကျကျန်ခဲ့လို့လား။ မဟုတ်ပါဘူး။ မြန်မာမှာ နည်းပညာနယ်ပါယ်ထဲမှာ အတော်ထက်ထက်မြက်မြက်တွေ၇ှိနေပါတယ်။ စစ်ဘက်မှာလည်း နည်းပညာပိုင်ဆိုင်ရာ နိုင်င့ခြားပြန်တွေ၇ှိတာပဲ။ ဘာလို့ အဲ့ထက်ပိုမသုံးနိုင်တာလဲ။ နိုင်င့တော်ဌာနတွေရဲ့ ၀က်ဘ်ဆိုက်တွေရဲ့ အရည်းအသွေးတွေကို ကြည့်ပါ။ ငွေကောင်းကောင်းမသုံးနိုင်တာလား။ မဖြစ်နိုင်ပါ။
တင်ဒါတွေမှာ ဈေးတွေက လန်ပြန်နေတာအများကြီးပါ ။ အစိုးရကို နည်းပညာပိုင်းဆိုင်ရာ အသိပညာပေးတာတွေလုပ်ပေးဖို့လိုတယ်။ မလုပ်နိုင်ရင်တော့ သူတို့မသိတိုင်း ပိတ်မယ်တားမယ်ချည်း လုပ်နေရင် ရှေ့တိုးမရ ဖြစ်နေမယ်။ နည်းပညာ ဆိုင်ရာကိစ္စတွေကလည်း အစိုးရတစ်ရပ်လောက် အင်အားရှိတဲ့သူတွေတွန်းမှ ရှေ့ကိုရွေ့တာ။ နိုင်ငံတော် အဆင့်က မဟုတ်ဘဲ တနိုင်တပိုင်လုပ်နေရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဥပမာ - မြို့ကြီးတိုင်းက ကျောင်းသားတွေဟာ အထက်တန်းအဆင့် ပြီးရင် computer basic လောက် တတ်နေသင့်ပြီ။ အင်တာနက်ဆို email သုံးနည်း Googling လုပ်နည်းလောက်တော့မဖြစ်မနေတတ်နေသင့်ပါပြီ။ ဒီလောက်မှ မဖြစ်နိုင်သေးရင် တစ်နေ့ထက်တစ်နေ့ မြင့်မားလာသော နည်းပညာခေတ်တွင် နောက်ဆုံးရဲ့ နောက်ဆုံးမှာ နေရတဲ့ အခြေနေဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်တဲ့ အခြေနေကိုရောက်လာပါလိမ့်မယ်။
image credit - http://www.nunnovation.com
Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056
သူများတွေ လေယာဉ်စီးနေကြပြီ ဒီမှာက ထော်လာဂျီစီးဖို့ ကြံနေတုန်း...
ထော်လဂျီတောင် ဝယ်မစီးနိုင်တဲ့ ဘဝပါ
ထော်လဂျီတောင် တရုတ်က သွင်းနေရတာ :D
ဟုတ်တယ် ပြောပလိုက် bro
MSU 018
Nice bro
Nice