(✿◠‿◠)❤.ဂျစ်ပစီရဲ့
Gentleman(✿◠‿◠)❤
အပိုင်း(3)
""ဦး.....""
""ဗျာ.....ကလေး""
""အရမ်းချစ်တယ် ဦး.ရယ်.
ကလေး လေ. ဦး နဲ့ လက်ထပ်ရဖို့ အိပ်မက်
တောင် မမက်ခဲ့ဖူးပါဘူး မျှော်လင့်ခဲ့တဲ့
အိပ်မက် လေး လက်တွေ့ကျလာတော့
ကံကြမ္မာ ကိုယ် သိတ်ကျေးဇူးတင်တယ် ဦး"
""ဟွန်း.....အဲ့လောက်ထိ ကလေးက
ဦး ကိုယ် ချစ်တယ် ဟုတ်လား ဦး
သေပျော်ပါပြီ ကလေးရယ်....""
""အို.....ဦးနော်.. နမိတ် မရှိတဲ့ စကား
မပြောပါနဲ့. ကလေး မခွဲနိုင်ဘူး ဦး နဲ့
မနက်ဖြန် ကလေးတို့. လက်ထပ် ရတော့
မယ်လေ. ဦး ဝမ်းမသာဘူးလား ဟင်""
""ဘယ်လိုများပြောလိုက်တာလဲ
ကလေးရယ် ဦးလောက် ပျော်တဲ့သူ
ဒီကမ္ဘာမှာ မရှိနိုင်တော့ပါဘူးကွယ်"
""အိုက်စ့်.....အဲ့ဒါ ကြောင့်ချစ်တာ
ဦး ကိုယ် ကလေး နား လာပါဦး ဦးရယ်""
အချွဲနည်းပေါင်းစုံဖြင့် ဦးဘုန်းသော်
ညွှတ်ကွင်းက. မလွတ်အောင် ရတီ
မာယာကြိုးတွေဖြင့် တရစ်ပြီး တစ်ရစ် မြူစွယ်
ဖြားယောင်းနေပါတော့သည် ရတီ ရဲ့
အချစ်နွံ့ထဲမှာ ဦးဘုန်းသော် ရှင် ရုန်းထွက်
မရအောင် နစ်မြုပ်ပြမယ် ......
"" ကလေးရယ်....""
ဦးဘုန်းသော် ရတီ ရဲ့ မာယာညွှတ်ကွင်း
တွေထဲ အလဲလဲအပြိုပြို ညွှတ်တွား သွားပါ
တော့သည် ရတီ ဘေးမှာ နှစ်ခြိုက်စွာ
အိပ်မော ကျနေသော ဦး ဘုန်းသော်ကိုယ်
အသာငေး ကြည့်ရင်း ရတီ ရဲ့. နှူတ်ခမ်း
တွေက. စားပွဲခုံက. တစ်ရှူးစနဲ့. သုတ်ပစ်
လိုက်သည် သက်ကြားအို အရွယ်ကြီးကိုယ်
ရတီ လို ဆယ်ကျော်သက် အရွယ်လေးက
မက်မောမယ်တဲ့လား ဟင့်အင်း
ဝေးပါတယ်.... သူများနဲ့တန်းတူ ဝတ်ချင်လို့
စားချင်လို့. ဒီလို သက်ကြားအိုကြီးကိုယ်
ဘဝပုံပေးပြီး လက်ထပ်တာလေ. ဒီအရွယ်
ကြီးကိုယ် ချစ်ရအောင်က. နှစ်လုံးသားက
အဲ့လောက် အန်းတိတ် မဖြစ်သေးဘူးလေ
ခ်ခ်း.....အတွေးတွေနဲ့ ရယ် နေမိသည်.
ထိုအချိန် ဦးဘုန်းသော် နိုးလာပြီး ရတီ
ခန္ဓာ ကိုယ် သွယ်သွယ်လေး ကိုယ် ဖက်လိုက်
တာမို့. အလိုက်သင့်လေး ဦးဘုန်းသော်
ရင်ခွင်ထဲ မှီနေလိုက်သည် မချစ်သော်လည်း
အောင့်ကာ နမ်းဆိုတာ မျိုးလေ.....
""ကလေး....ဦး....ရေခ်ျိုးမလို့. ကလေး
ကော ချိုးမလား လာလေ""
"ဟင့်အင်း....ဦး သွားနှင့်ပါ ပြီးမှ
ကလေး လိုက်လာမယ် နော် အေးနေမယ်
မြန်မြန်ချိုး ဦး ရဲ့""
""ဟုတ်ပါပြီဗျာ့...ဒေါ်ရတီရဲ့ သဘောပါ"
ရတီရဲ့ နဖူးထက် အနမ်းတွေ ခြွေချပြီး
ဦးဘုန်းသော် ရေခ်ျိုးခန်းထဲ ဝင်သွားပါတော့
သည်.. ထိုအချိန်တွင် ဦးဘုန်းသော်ရဲ့
Phလေးမှ မြည်လာတာမို့. ရတီ စိတ်ဝင်စားကာ
ကိုင်လိုက်မိသည်......
""Hello...ဦးဘုန်းသော်လား ခင်ဗျာ့""
""ဦးဘုန်းသော် မိသားစုဝင်ထဲကပါ
ဘာဖြစ်လို့လဲ ရှင့်"
""ဟုတ်ကဲ့..ကျွန်တော်က. ဒုရဲအုပ်
ဝင်းဇော်ပါ ချောက်ထဲ ကျသွားတဲ့ ကားကိုယ်
ပြန်တွေ့ပါပြီ ခင်ဗျာ့ လူသေ အလောင်းက
အမျိုးသမီးအလောင်းလို့. ထင်မှတ်ရတဲ့
အလောင်းတစ်ခုပဲ တွေ့ရှိထားပါတယ်
ခင်ဗျာ့ ရုပ်ကတော့ အတော်ပျက်စီးနေပါပြီ
ဦးဘုန်းသော်ရဲ့. သား လမင်းမောင် ရဲ့
အလောင်းကိုယ်တော့ ရှာလို့ မရပါဘူးခင်ဗျာ့
တောကောင်တွေများ ချီသွားတယ်လို့ပဲ
ကောက်ချက်ချ လိုက်မိပါတယ် အသေးစိတ်ကို
သိချင်ရင် စခန်းကိုယ် လာခဲ့နိုင်ပါတယ်
အဲ့ဒါ လှမ်းပြောတာပါခင်ဗျာ့""
""Omm...ကျေးဇူးတင်ပါတယ် ရှင့်
ဒါပင်မဲ့လေ. မိသားစု တွေ အကုန်လုံး က
စိတ်ညစ်နေကြတာပါရှင့် ဦးဘုန်းသော်
သမီး အငယ်ဆုံးလေးဆိုလည်း အဲ့ဒီ စိတ်နဲ့
အိပ်ယာထဲလဲနေတာ မထနိုင်တော့ဘူး
ဒါကြောင့် တာဝန်ရှိသူတွေက လုပ်သင့်တာ
အကုန်လုပ်ပါနော် လိုအပ်တာလည်း
ပြောပါနော် ဒါပင်မဲ့ သေဆုံးသူတွေနဲ့
ပက်သက်ပြီး ကျန်တဲ့သူတွေကိုယ်စိတ်မညစ်
စေချင်လို့ပါရှင့် ဦးဘုန်းသော်ရဲ့. သားက
တကယ်လို့. အသက် ရှင်တယ်ပဲဖြစ်ဖြစ်
သဲလွန်စ. ဘာပဲတွေ့တွေ့. ရတီဆီပဲပြောပါနော်
.သူ့တို့ကိုယ် စိတ်မညစ်စေချင်လို့ပါ
နားလည်ပေးပါနော်..ရတီ phက.09..............
အဲ့phကို အချိန်မရွေးဆက်ပါနော်""
""ဟုတ်ကဲ့ခင်ဗျာ...ဒါဆို.ဒါပဲနော်""
ဒုရဲအုပ် ဝင်းဇော် phချသွားတာနဲ့
ဦးဘုန်းသော် ထွက်မလာခင် phနံပက်တွေ
အကုန်ဖြက်လိုက်ပါတော့သည် ဦးဘုန်းသော်
ရဲ့သား အသက်တကယ်လို့ ရှင်တယ်ဆိုရင်
ဦးထိပ်ပန်မှာ အင်အားများသွားပြီး ရတီကို
တိုက်ခိုက်ဖို့ အင်အား ပိုများသွားမှာမို့
ဦးဘုန်းသော်ရဲ့ သားနဲ့ ပက်သက်တဲ့ သဲလွန်စ
မှန်သမျှ ဖျောက်ဖျက် ပစ်ဖို့ ဆုံးဖြက်လိုက်သည်
ရတီ လျှောက်မဲ့ လမ်းကြောင်းထဲ အမှိုက်တစ်စ
ရှိနေရင်တောင် မီးရှို့ ပြာချပြစ်မယ်
ဦးထိပ်ပန် ရဲ့ အကို ပေါ်ထွက်မလာပါစေနဲ့
တစ်ခုခု ဖြစ်လို့ သူ့အမေနဲ့အတူ ပျောက်ဆုံး
ပေးသွားပါ........
""ကလေး....ဦးအတွက် သဘက်
ယူလာပါ့ဦး""
""ဟူတ်ကဲ့ ဦး....လာပြီ""
ဦးဘုန်းသော် ခေါ်ရာ ရေခ်ျိုးခန်းဆီ
ရတီ ထွက်လာခဲ့ပါတော့သည် . မရခင်ကတော့
ကျွန်မက. ရှင့်ရဲ့ အရုပ်ပေါ့ ဦးဘုန်းသော်
တစ်နေ့ ကျရင် ရှင်က. ကျွန်မစေခိုင်းရာ
ကြိုးဆွဲရာ အောက်မှာ ခံရမဲ့ ရုပ်သေးရုပ်
ဖြစ်စေရမယ်.......
💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘
တောနယ်လေးတစ်ခုမှ ဆေးဆရာကြီး
ဦးသာဝ နဲ့. သူ့ရဲ့ သမီးလေး နှင်းပန်းဖြူတို့
နေထိုင်ကြသည် နှင်းပန်ဖြူရဲ့. အမေက
နှင်းပန်ဖြူ ငယ်ငယ်က တောထဲ သွားရင်း
ပိုးထိလို့ အသက်ဆုံးရှူံးခဲ့တာမို့. ဦးသာဝက
သူ့ဇနီးလို ဒီပြင်လူတွေ အသက် ဆုံးရှူံးရမှာ
စိုးလို့. သမာအာဇီဝ ကျတဲ့ တောဆေးရွက်တွေ
ရှာပြီး ဆေးဖော် ကူပေးသည် မရှိနွမ်းပါးသူကို
အခမဲ့ ကူးပေးတာမို့ တစ်ရွာလုံးက. လေးစား
ချစ်ခင်ကြသည် နှင်းပန်းဖြူကတော့
တောမှာမွေး တောမှာကြီးဆိုတော့ စာကိုယ်
အနည်းငယ်လောက်ပဲ ဖက်တတ်သည်.
ဦးသာဝနဲ့အတူ ဆေးဖက်ဝင်တဲ့အပင်တွေ
တောထဲ လိုက်ရှာရင်းနဲ့ပဲ ဘဝကိုယ်
ကျော်ဖြက်လာခဲ့တာ အခုဆို အသက်တောင်
17နှစ်ရှိနေပြီ ဖြစ်သည်. အခုလည်း အဘက
တောထဲ သွားမလို့ ခေါ်တာမို့. နှင်းပန်းဖြူ
အဘနဲ့. တောထဲ လိုက်ခဲ့တော့သည်
တောထဲ ရောက်တော့ အဘက တစ်နေရာ
ဆေးရွက်ခူး နှင်းပန်ဖြူက. တစ်နေရာ
ခုးနေသော အချိန်တွင်.......
""အင်း........အင်း......""
""ဟင်...""
ပထမတော့ ခိုတစ်ကောင်ရဲ့
ညည်းသံလိုလိုဟု နှင်းပန်းဖြူ ထင်ခဲ့သည်
သို့သော် သေချာနားထောင်ကြည့်တော့....
""အင်း.....အင်း....အဟင်း....ဟင်း.""
""ဟင်....ဒါ...လူညည်းသံပဲ
ဘုရားရေ. သရဲများခြောက်တာလား ""
နှင်းပန်းဖြူ အထိတ်တလန့်  ရေရွတ်ကာ
အဘ. ကိုယ် လှမ်းခေါ်လိုက်မိသည်....
.""အဘရေ....အဘ....နှင်းပန်းဆီ
လာပါဦး ""
"ဝေ့.....သမီး...ဘာဖြစ်လို့လဲ ""
အဘက. ပြောပြောဆိုဆို နှင်းပန်း
နားရောက်လာသည် ...
""သမီးဘာဖြစ်တာလဲ ဘာကောင်တွေ့
လို့လဲ""
""အဘ....လူညည်းသံကြီး ကြားတယ်
တောခြောက်တာလား မသိဘူး""
""ဟင်.. .မဖြစ်နိုင်တာ...သမီးလေး
တစ်သက်ဘဲ..ဒီတော ဒီတောင်ထဲ အဘ
ဆေးမြစ်ရှာတာ""
""အဘက လည်း...သေချာနားထောင်
ကြည့်....""
""အင်း....ဟင်း...အဟင်း......""
""ဟော...ကြားလားအဘ.""
""နေဦး.. .အဘ သွားကြည့်လိုက်မယ်"
""အဘကလည်း မကြည့်နဲ့ ဘာမှန်းမသိ
တစ်ခုခုဆို ဘယ်လိုလုပ်မလဲ""
အဘက. နှင်းပန်းဖြူ ပြောနေတာကို
ဂရုမစိုက်ဘဲ ညည်းသံ ကြားရာဆီ
သွားကြည့်နေတာမို့. နှင်းပန်းဖြူလည်း
စိတ်မချဖြစ်ကာ အဘ. နောက်က. လိုက်ကြည့်
မိသည်.....
""ဟင်....""
လူတစ်ယောက် သွေးတွေနဲ့
တစ်ကိုယ်လုံးပေကျံကာ. ညည်းတွား နေပါ့
လား .....
""ဟဲ့....သမီး...ဘာကြောင် ကြည့်
နေတာလဲ လူပါကွယ် တစ်ခုခုဖြစ်တာ
နေမယ် အဘ တို့ ရွာခေါ်သွားရအောင်
သနားပါတယ်ကွယ်""
""ဟုတ်ကဲ့အဘ..""
သွေးတွေနဲ့. ညစ်ပေနေတဲ့ ဟိုလူကို
တွဲမယ် အလုပ်မှာ လှမ်းကြည့်လိုက်မိသည်
နှင်းပန်းထက် အသက် ကြီးမဲ့ အရွယ်ပါ့လား
ဘယ်လို ဖြစ်လို့ ဒီလို ဒဏ်ရာ တွေနဲ့
ဖြစ်နေရတာလည်း မသိဘူး ဟူး....
အတွေးထဲက ရုန်းထွက်ကာ အမည်မသိ
ဟိုလူကိုယ် အဘနဲ့အတု တွဲပြီး ရွာကိုယ်
ခေါ်လာခဲ့တော့သည်......
💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘
နှင်းပန်းဖြူတို့ အိမ်ရောက်တာနဲ့
သတိမေ့မြောနေသော အမည်မသိလူကြီးကို
အဘက. ရေမိုးချိုးအဝတ်အစားလဲကာ
အဘ အကျီင်္ီတွေ လဲပေးထားတာမို့. အဘ
ခဏနားနေတုန်း နှင်းပန်းဖြူ အမည်မသိ
လူကြီးနား ထိုင်စောင့်နေမိသည်.....
ထိုစဉ်.............
""အင်း....အင်း.....ကျွတ်...""
""ဟင်....အမည်မသိလူကြီး သတိရလာ
ပြီ..အဘရေ..လာပါဦး""
နှင်းပန်းဖြူ အသံကြောင့် ဦးသာဝ
အနားရောက်လာသည် အမည်မသိလူကြီးက
ညည်းညူသံပေးပြီး မျက်ခံွံ့လေးတွေကိုယ်
ဖြည်းညှင်းစွာ ဖွင့်လိုက်သည်...
"" လူငယ်လေး သတိရလာပြီလား""
သူ့ သတိရလာကာ သူ့ဘေးက
မိန်းကလေးနဲ့. အဖိုးကြီးတစ်ယောက်ကိုယ်
ကြည့်လိုက်သည်...ထို့နောက်......
""ခင်ဗျား.....ခင်ဗျားတို့က ဘယ်သူလည်း
ကျွန်တော်.. .က ဘယ်ကိုယ်ရောက်နေတာလဲ"
""အမည်မသိလူကြီးကို နှင်းပန်းတို့
တောထဲ သွားရင်းတွေ့လို့. ကယ်လာတာလေ
ဒါနဲ့ ဘာကြောင့် တောထဲမှာ ဒဏ်ရာတွေနဲ့
ရောက်နေရတာလဲ နံမည်ကကေားဘာလဲ."
""ဗျာ...ကျွန်တော့်.နံမည်ဟုတ်လား
ခုဏက. ညီမခေါ်တာ အမည်မသိလူကြီးဆို
အဲ့ဒါ မဟုတ်ဘူး လားဟင်""
.""ခ်ခ်း....အဲ့ဒါ နံမည်မသိလို့ခေါ်တာလေ
စဉ်းစားကြည့်ပါ့ဦး အမည်မသိလူကြီး
နံမည်ကိုယ်.""
သူ့....ပြန်စဉ်းစားကြည့်တော့ ပုံရိပ်တွေ
ပုံရိပ်တွေ မျက်လုံးထဲ ဝါးပြီး မြင်လာပြီး
ခေါင်းတွေ ထိုးကိုက်လာတာမို့. စဉ်းစား
မရတော့ပါ့လေ.....
""အား.....ခေါင်း....ခေါင်းထဲက မူးလိုက်
တာ ကျွန်တော် နံမည် ကျွန်တော်မသိဘူး
ပြီးတော့...ဒဏ်ရာတွေ ရတာလဲ ကျွန်တော်
မမှတ်မိဘူး ကျွန်တော်က ဘယ်သူလည်းဟင်"
ဘုရားရေ. ဒါဆို သူ့က. ခေါင်းက
ဒဏ်ရာကြောင့် အတိတ်မေ့သွားခဲ့တာလား
ရှင်ဘယ်လိုလူမှန်းမသိပဲ ရှေ့ဆက် ဘယ်လို
စခန်းသွားကြမလဲ အမည်မသိလူကြီးရယ်
ဟူး......ရင်မောလိုက်တာ......