လိမ်ညာခံရတယ်ဆိုတာ

in #lied6 years ago

သင် အလိမ်ခံရတိုင်း သူတစ်ပါးကို

အပြစ်တင်မနေပါနဲ့ သင့်ရဲ့ အားနာတဲ့စိတ်ကို

သူတစ်ပါးက အသုံးချသွားတာပါ။



သင် အလိမ်ခံရတိုင်း သူတစ်ပါးကို

မနာကျည်းပါနဲ့ သင့်ရဲ့ ယုံကြည်ထားမှူအပေါ်

သူတစ်ပါးက အခွင့်​အ​ရေး ယူသွားတာပါ။



သင် အလှည့်စားခံရတိုင်း သူတစ်ပါးကို

ဗွေမယူပါနဲ့ လှည့်စားခံလိုက်ရတယ်ဆိုတာက

သင် ညံ့လို့ ခံလိုက်ရတယ်လို့ မှတ်ယူပါ။



သင် အသုံးချခံရတိုင်း အခြားသူတွေကို

စိတ်မပျက်လိုက်ပါနဲ့ အသုံးချခံရတယ်ဆိုတာက

သင့်ရဲ့ အလိုက်သိစိတ်ကြောင့်ဖြစ်ပြီး သင်က

အသုံးတည့်လို့ အသုံးချခြင်းခံရတာပါ။



အလိမ်ခံရတယ်ဆိုတာက

လူတစ်ယောက်ကို ယုံသင့်တာထက် ပိုယုံမိတာရယ်

အားနာတတ်တဲ့ စိတ်ရယ် ၊ အလိုက်သိတဲ့ စိတ်တွေကြောင့်

ဖြစ်ပါတယ်။သင် အလိမ်ခံရလိုက်ပီဆိုရင်

သေချာတယ် သင့်ရဲ့ "ရိုးသားမှူ"ကို လူအများကိုချပြခြင်းပဲ။



ဘာလို့လဲဆိုတော့ ရိုးသားသူတွေကိုပဲ

လူတစ်ချို့က ကလေးအကွက်တွေနဲ့

အယုံသွင်းပြီး လိမ်ညာသွားကြတာပဲလေ။

Sort:  

Congratulations @doubloo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @doubloo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!