နောင်​တအလွန်

in #idea7 years ago

မျက်​လုံးအစုံကိုဖွင့်​ကြည့်​လိုက်​​တော့ အဖြူ​ရောင်​မျက်​နှာကျက်​ အဖြူ​ရောင်​နံရံကိုသာ မြင်​​နေရပါသည်​။ကျွန်​​တော်​ဘယ်​​ရောက်​​နေပါလိမ့်​။တဖြည်းဖြည်းပြန်​စဉ်းစား​နေရသည်​။သြော်​...ကျွန်​​တော့်​အိမ်​ကိုပြန်​​ရောက်​​နေပါလား။အိပ်​ယာကကမန်းကတန်းထ အိမ်​​အောက်​ကို​ပြေးဆင်းသွားလိုက်​မိသည်​။အိမ်​​အောက်​​မှာလည်း အိမ်​သား​တွေတစ်​​ယောက်​မှမ​တွေ့ရ။ဘယ်​သွားကြပါလိမ့်​။အိမ်​ကြီးက တိတ်​ဆိတ်​လွန်းလှသည်​။ဒီအချိန်​ ဘယ်​ထွက်​သွားကြလဲ စဉ်းစားမရ​တော့။အ​မေ​ရော အ​ဖေ​ရော အကိုေ​ရာ အ​မ​ရော တစ်​​ယောက်​မှ အရိပ်​​တောင်​မမြင်​ရ။ကျွန်​​တော့်​ကိုအသိမ​ပေးဘဲ ထွက်​သွားကြသည်​ကို စိတ်​ဆိုး​နေမိသည်​။ဘာအ​ကြောင်းကိစ္စများအ​ရေးကြီး၍ တစ်​အိမ်​သားလုံးထွက်​သွားကြသနည်း။စဉ်းစားရင်းနှင့်​ဧည့်​ခန်းထဲ ထိုင်​​နေမိလိုက်​သည်​​။ခဏအကြာ အပြင်​ကကားသံကြားလိုက်​သည်​။ဟော..အ​မေတို့ပြန်​လာပြီထင်​သည်​။

"အီး ဟီး ဟီး အ​မေ့သား​လေး အ​မေ့ကိုထားခဲ့ပြီ​ပေါ့ အီး ဟီး ဟီး"

အ​မေဘာဖြစ်​လာသည်​မသိ ငိုယို​နေလို့ပါလား။ဘယ်​သူဘာဖြစ်​တာလဲ အရမ်းသိချင်​​နေမိသည်​။ကျွန်​​တော်​အပြင်​ကို​ပြေးထွက်​လိုက်​ပါသည်​။ကား​ပေါ်မှ အ​မေနှင့်​ ညီမ​လေး အကိုတစ်​​ယောက်ဆင်းလာပါသည်​။အ​မေ့ကိုတွဲရင်းနှင့်​။

"အ​မေ ဘာဖြစ်​လာတာလဲဗျ ငိုယိုလို့ ကြားလို့မှမ​ကောင်းဗျာ"ကျွန်​​တော်​လှမ်း​မေးလိုက်​သည်​။

 "အီး ဟီး ဟီး "ကျွန်​​တော်​​မေးတာကိုမ​ဖြေဘဲ ငိုမြဲတိုင်းငို​နေ​တော့သည်​။ကျွန်​​တော့်​ကို အဖတ်​မလုပ်​ကြတာလား။

"အကိုကြီး ဘာဖြစ်​လာတာလဲလို့ ​မေး​နေတယ်​လေ​ဗျာ"အကိုကြီးကလည်း ဘာမှပြန်​မ​ပြော။ကျွန်​​တော့်​ကို​တောင်​မကြည့်​ကြ​တော့ဘူးဘယ်​သူဘာဖြစ်​လို့ ကျွန်​​တော့်​ကို​တောင်​ ပြန်​မ​ဖြေနိုင်​ကြတာလဲ။Screenshot_2017-12-06-21-20-35~2.png

"စိတ်​​လျော့ပါအ​မေရယ်​ အကို​လေးလည်း သူ့ကံကဒီ​လောက်​ပဲပါလာလို့​နေမှာ​ပါ ​သေတဲ့လူက​သေပြီပဲ ဘယ်​တတ်​နိုင်​ပါ့မလဲ တရားနဲ့​ဖြေပါအ​မေရယ်​"

ဟာ..ညီမ​လေးဘာ​တွေ​ပြော​နေတာလဲ အကို​လေးဆိုတာ သူကျွန်​​တော့်​ကို​ခေါ်တာ​လေ ကျွန်​​တော်​က ဘာလို့​သေရတာလဲ။သူတို့​ရှေ့မှာရပ်​​နေတာ မမြင်​ကြဘူးလား။

"အမ​လေးးး အ​မေ့သား​လေး ရန်​​နောင်​​ရေ အ​မေ့ကိုဘာလို့ထားသွားတာလဲ အ​မေ့သား​လေးကိုမှဘာလို့အ​စောကြီး​ခေါ်သွားရတာလဲ အီး ဟီး"ကြားရသည့်​စကားများ​ကြောင့်​ ​ခေါင်းနားပန်းကြီးသွားသည်​။ကျွန်​​တော့်​နာမည်​ကို​ခေါ်ပြီး ငို​နေပါလား။ကျွန်​​တော်​ ဘာဖြစ်​သွားပါလိမ့်​။တစ်​ခုခုစမ်းကြည့်​မှဖြစ်​​တော့မည်​။အကိုကြီး ချထား​သော ကား​သော့ကို လှမ်း​ကောက်​ကြည့်​လိုက်​မိသည်​။သို့​သော်​ ကိုင်​၍မရ။လက်​ထဲပါမလာခဲ့။ဟာ ကျွန်​​တော်​တကယ်​ပဲ​သေသွားတာလား။သိချင်​​ဇောနှင့်​ ​ဆေးရုံသို့ ​ပြေးထွက်​လာခဲ့ပါသည်​။ဆေးရုံကိုခဏ​လေးနှင့်​​ရောက်​လာခဲ့ပါသည်​။ဆေးရုံသို့​ရောက်​ချင်း ရင်​ခွဲရုံသို့ ​ပြေးသွားလိုက်​ပါသည်​။Screenshot_2017-12-06-21-17-34~2.png

 မြင်​ရ​သောမြင်​ကွင်း​ကြောင့်​ ​ကြောင်​စီစီဖြစ်​သွားမိသည်​။အ​ကြောင်းကားကျွန်​​တော့်​ခန္ဓာကိုယ်​ကို ခွဲစိတ်​​နေခြင်းပင်​။ကျွန်​​တော်​ရုတ်​တရက်​ဆိုသလို အရုပ်​ကြိုးပြတ်​​ခွေလဲကျသွားပါသည်​။ကျွန်​​တော်​တကယ်​​သေသွားခဲ့ပြီပဲ။ထင်​မှတ်​မထား​သော​သေခြင်းတရားနှင့်​ရင်​ဆိုင်​ခဲ့ရပါပြီ။ကျွန်​​တော်​​ဆေးရုံမှပြန်​ထွက်​ချိန်​ အ​ဖေနှင့်​​တွေ့ပါသည်​။အ​ဖေက ကျွန်​​တော့်​ကိုမီးသဂြိုလ်​ဖို့စီစဉ်​​နေပြီ။"အ​ဖေသားဒီမှာ​လေ" ​အော်​​ပြော​နေ​ပေမဲ့ အ​ဖေလည်းမကြားနိုင်​​တော့ပါ။ထို့​နောက်​ကျွန်​​တော့်​ခန္ဓာကိုယ်​ကို ​ဆေးရုံမှ ထုတ်​လာပါ​တော့သည်​။မီးသဂြိုလ်​​တော့မည့်​ ကျွန်​​တော့်​ခန္ဓာကိုယ်​အား ကြည့်​ရင်း ငိုချင်​လာမိသည်​။ဘယ်​လို​ကြောင့်​ ဝမ်းနည်း​နေမှန်းမသိ။အသက်​ရှိစဉ်​က ​သေမည့်​အ​ကြောင်းမစဉ်းစားမိခဲ့။အ​ပျော်​အပါးနှင့်​သာအချိန်​ကုန်​ခဲ့သည်​။အခု​တော့ ​သေခြင်းတရားက ရက်​ချိန်းမ​ပေးဘဲလာ​ခေါ်​ဆောင်​သွားခဲ့သည်​။

 ဟိုဟိုဒီဒီစဉ်းစားရင်းအိမ်​ကိုပြန်​ချင်​မိသည်​။အ​မေ့အိမ်​ အ​မေ့​နားမှာပဲ​နေချင်​မိသည်​။ထို့​ကြောင့်​ ကျွန်​​တော်​ အိမ်​သို့ ဦးတည်​​ပြေးထွက်​လာခဲ့ပါသည်​။စိတ်​ထဲတွင်​​ပေါ့ပါး​နေပြီးလေထဲဝဲပျံ​နေသလိုခံစား​နေရသည်​။တစ်​​နေရာနှင့်​တစ်​​နေရာကို ခဏ​လေးနှင့်​​ရောက်​သည်​။အိမ်​​ရောက်​​တော့ မိသားစုအားလုံးစုံညီ​နေသည်​ကို​တွေ့ရသည်​။အ​ဝေးတွင်​အလုပ်​လုပ်​​နေ​သော အမကြီးလည်းပြန်​​ရောက်​​နေပါသည်​။အမကြီးနှင့်​ကျွန်​​တော်​ကမတည့်​ အမြဲလိုလိုရန်​ဖြစ်​ကြသည်​။ကျွန်​​တော်​က မ​ကောင်းသာမှန်​သမျှမလွတ်​ကင်းသည့်​ သူ။ဒါကို အမကြီးက ချွန်​တွန်းဝင်​လုပ်​သည်​။မိဘများက​တော့ အလိုလိုက်​အကြိုက်​​ဆောင်​ကြသည်​။လောင်းကစား၊အရက်​၊​ဆေးပြားအကုန်​လုပ်​သည်​။အခုကျွန်​​တော်​​သသည်​ဆိုတာလည်း​ဆေးချပြီး​ဆေးလွန်​ပြီး​သေဆုံးခြင်းဟုသိရသည်​။ကျွန်​​တော့်​ဘဝတွင်​​မိန်းမနှင့်​ပတ်​သတ်​ရင်​ပဲလွတ်​ကင်းသည်​ဟုဆိုရမည်​။ကောင်းမှု ကုသိုလ်​ဟူ၍မရှိ။ကိုယ်​တိုင်​​သေခြင်းတရားနှင့်​​တွေ့ဆုံမှသာ ကုသိုလ်​​ကောင်းမှုများအ​ကြောင်းသတိရမိသည်​။ကျွန်​​တော်​မ​သေချင်​​သေးဘူးဗျာ။Screenshot_2017-12-06-21-18-11~2.png

 ဒီလိုနဲ့မိုးချူပ်​​တော့ မီးဖို​ချောင်​ထဲ သွားထိုင်​​နေမိသည်​။အ​မေမီးဖို​ချောင်​ထဲဝင်​လာတာ​တွေ့ရပါသည်​။ကျွန်​​တော့်​အ​မေသတိမိ​အောင်​ ကျွန်​​တော်​စား​နေကျ ပန်းကန်​ကို​အောက်​သို့ဆွဲချလိုက်​ပါသည်​။

 "ဂလွမ်း.."

အ​မေရုတ်​တရက်​လန့်​သွားပါသည်​။ပြီးမှ ပန်းကန်​အား​ကောက်​ကိုင်​ပြီး မျက်​ရည်​စ​တွေဖြင့်

"သား​လေး​ရေ အမျှ အမျှ အမျှ"​လို့​ပြောပြီး ငို​နေပါ​တော့သည်​။ကျွန်​​တော်​လည်းငို​နေပါတယ်​​အ​မေ။ကျွန်​​တော်​ရုတ်​တရက်​တစ်​စုံတစ်​​ယောက်​ကိုသတိရမိသွားသည်​။ဟုတ်​သည်​..ကျွန်​​တော့်​ချစ်​သူ သီတာ။သူ့ဆီသွားရန်​​ပြေးထွက်​ခဲ့ပြန်​သည်​။လမ်းတွင်​ ​တွေ့ရာလူများကို ​ခြောက်​လန့်​ခဲ့သည်​။တချို့က ထွက်​​ပြေးကြသည်​။တချို့က ​အော်​ကြသည်​။သူတို့​လန့်​လျှင်​ ရီ​နေရသည်​။ဒီလိုနှင့်​ သီတာအိမ်​​ရောက်​​တော့ သီတာအိပ်​သည့်​အခန်းတံခါးအား အားကုန်​ရိုက်​ထည့်​လိုက်​သည်​။မည်​သူမှထမကြည့်​ရဲ။အိုးခွက်​ပန်းကန်​များကိုလည်း ​မွှေ​နှောက်​ပစ်​လိုက်​သည်​။တစ်အိမ်​သားလုံး လုံးဝထမကြည့်​ကြပါ။မ​သေခင်​က ကျွန်​​တော့်​အားအရမ်းချစ်​ခဲ့သည့်​ သီတာ အခု​တော့ ​ကြောက်​​နေမည်​ထင်​သည်​။Screenshot_2017-12-06-21-22-25~2.png

 ပြီး​တော့ ကျွန်​​တော့်​သူငယ်​ချင်း​တွေဆီ တစ်​​ယောက်​ပြီးတစ်​​ယောက်​ လိုက်​လံ​ခြောက်​လန့်​ပါသည်​။သူတို့လန့်​ရင်​ ကျွန်​​တော်​​ပျော်​သည်​။တစ်​​ယောက်​ကျန်​​သေးသည်​ ကျွန်​​တော့်​အမကြီး။အမကြီးတို့သားအမိအိပ်​​နေသည်​ကို အမကြီးအား ကျွန်​​တော်​ ​ခြေ​ထောက်​ဆွဲလိုက်​ပာသည်​။နဂိုကတည်းက​ကြောက်​လန့်​တတ်​​သော "အမကြီးမှာ ​ကြောက်​လန့်​တကြားထ​ပြေးပါ​တော့သည်​။ပါးစပ်​မှလည်း

ကြောက်​ပါပြီ ရန်​​နောင်​ရယ်​ ငါ့ကိုမ​ခြောက်​ပါနဲ့​တော့" လို့ဆိုပြီးအကျယ်​ကြီး​အော်​ပါ​တော့သည်​။မှတ်​ပြီမဟုတ်​လားဟု စိတ်​ထဲတွင်​​ပျော်​​နေမိ​တော့သည်​။လေထဲတွင်​ငှက်​တစ်​​ကောင်​လိုပျံဝဲ​လိုက်​လမ်း​လျှောက်​လိုက်​နှင့်​​ပျော်​မြူး​နေခဲ့သည်​။

ဒီလိုနဲ့ရက်​လည်​မည့်​ရက်​ကို​ရောက်​လာခဲ့ပါ​သည်​။ရက်​လည်​​မည့်​​နေ့တွင်​ မိသားစုများမှ အမျှ​ပေး​ဝေပါက သာဓု​ခေါ်ရင်​ ​ကောင်းရာဘုံဘဝကို​ရောက်​သည်​ဟု ကြားဖူးပါသည်​။ထို့​ကြောင့်​​​လျှော​က်သွား​​နေရာမှကျွန်​​တော်​အိမ်​သို့ပြန်​လာခဲ့သည်​။အိမ်​​ရှေ့သို့​ရောက်​​သောအခါ ကိုယ်​​ရောင်​​တောက်​​တောက်​နှင့်​ခြံ​စောင့်​နတ်​ဟုထင်​ရ​သော နှစ်​​ယောက်​က အိမ်​ထဲသို့​ပေးမဝင်​​တော့ပါ။ဘာဖြစ်​လို့လဲဆို​တော့ ကျွန်​​တော့်​ရက်​လည်​​နေ့​ကျော်​သွားပြီတဲ့။သာဓုလည်းမ​ခေါ်ရပါ။ပျော်​ပါးပြီးအချိန်​ကုန်​​နေခဲ့တာနဲ့ ရက်​လည်​​နေ့ကို​သတိမရခဲ့ပါ။အိမ်​ထဲဝင်​ချင်​​သော်​လည်း ဝင်​လို့မရ​တော့။

 စိတ်​ညစ်​ညစ်​နှင့်​ လမ်းထိပ်​သို့ထွက်​ခဲ့ပါတယ်​။ထို့​နောက်​မှာ​တော့ ကိုယ်​လုံးထွားထွားနှင့်​တစ်​​ယောက်​က ကျွန်​​တော့်​အားလာဆွဲ​ခေါ်ပါ​တော့သည်​။"ဘာလုပ်​တာလဲဗျ ကျွန်​​တော့်​ကိုဘာလို့လာဆွဲ​ခေါ်​နေရတာလဲ"ကျွန်​​တော်​​မေးလိုက်​မိသည်​။

 ထိုခပ်​ထွားထွား​ကောင်​မှ "မင်းကိုငရဲ ပို့ရမှာ မင်းမ​သေခင်​က လုပ်​ခဲ့တဲ့ အကုသိုလ်​အကျိုး​တွေ​ကြောင့်​​ပေါ့ မင်းကမိဘမျက်​ရည်​ကျ စိတ်​ဆင်းရဲ​အောင်​လုပ်​ခဲ့တဲ့​ကောင်​ ကုသိုလ်​​ကောင်းမှုဆိုတာ ဘာမှမင်းမလုပ်​ခဲ့ဘူး ဒါ​ကြောင့်​ငရဲ သွားရမှာ"

ထိုသူ​ပြောလိုက်​​သောစကား​ကြောင့်​ ကျွန်​​တော်​​ချွေး​ဇောများပျံသွားသည်​။ကြောက်​လည်း​ကြောက်​လာသည်​။မည်​သူ့ကိုမှ အကူအညီ​တောင်းလို့လည်းမရ။ထွက်​​ပြေးရန်​ ရုန်း​သော်​လည်း အချည်းနှီးသာ။Screenshot_2017-12-06-21-22-35~2.png"ကျွန်​​တော့်​ကိုအခွင့်​အ​ရေး​ပေးပါ ငရဲမင်းရယ်​"ကျွန်​​တော်​မျက်​နှာငယ်​​လေးနှင့်​​ပြောလိုက်​ပါသည်​။သို့​သော်

"​နောက်​ကျသွားပြီ မရ​တော့ဘူး မင်းကိုလူ့ဘဝမှာထဲက အခွင့်​အ​ရေး​ပေးခဲ့ပြီးပြီ လာသွားမယ်​"ကျွန်​​တော်​ငိုယိုပြီး​တောင်းပန်​​ပေမဲ့သနားစိတ်​က​လေးနည်းနည်း​တောင်​မရှိဘူးဗျာ။အ​မေ့ကို ​တွေ့ချင်​ပြီး ကျွန်​​တော့်​အတွက်​ကုသိုလ်​​ကောင်းမှု ပြုလုပ်​ခိုင်း​စေချင်​သည်​။သို့​ပေမဲ့ အချိန်​လွန်​ခဲ့​လေပြီ။နောင်​တနှင့်​သာ ငရဲမင်း​ခေါ်ရာကိုလိုက်​သွားရ​တော့မည်​။ဖြစ်​နိုင်​ရင်​ လူ့ဘဝကိုပြန်​​သွားပြီး ကုသိုလ်​​ကောင်းမှုနှင့်​လူအများအကျိုးသယ်​ပိုးချင်​သည်​။ထိုအ​တွေးမျိုး မ​သေခင်​က အဘယ်​​ကြောင့်​မ​တွေးမိပါလိမ့်​ဟု ကျွန်​​တော့်​ကိုကျွန်​​တော်​အပြစ်​တင်​ရင်း..။

(စိတ်​ကူးအ​တွေးဖြစ်​​ရေးသားထား၍ လိုအပ်​သည်​များလည်းရှိ​နိုင်​​ကြောင့်​ သည်းခံ​ဖတ်​​ပေးကြပါဗျာ)

 Author by @nandasai(MSC.076)

photos from google image

 

Sort:  

လူ့ဘ၀ရတုန်း ကုသိုလ်​ ​ကောင်းမှူ​တွေ အများကြီးလုပ်​ရမယ်​ ☺

ဟုတ်​ပါတယ်​ဗျာ