ကျွန်တော်တို့ မှာ ဓါတ်ပုံရိုက်ကြတာကို ယခုအခါမှာ လူတိုင်းလိုလို လုပ်နိုင်လာကြပါပြီ ။ ကျွန်တော်လဲ အပျော်လိုက်ရိုက်တတ်သည်မှာ ယခင်ကတည်းကပင် ဖြစ်သည် ။ စရိုက်တုန်းကတော့ အပျော်ဖြစ်သည် ။ တစ်ဖြည်း အချိန်ကြာလာသည့်အခါ အလွန်မေ့တတ်သော ကျွန်တော့ အတွက် အမှတ်ရစရာလေးတွေ ဖြစ်လာသည် ။ ထို့နောက် တစ်ချို့သူများမှာ ပြန်မတွေ့ရတော့သော သမိုင်းတစ်ခုသဖွယ် ဖြစ်လာတော့သည် ။
အပျော်ရိုက်သည့် နေရာတွင် တစ်ခါတစ်လေ ရင်းနီးသူများကို ရိုက်ဖြစ်သည် ။ တစ်ခါတစ်လေ သိပ်မရင်းနီး တစ်ခါတစ်လေ ထို တစ်ခါသာ မြင်ဖူးလိုက်သူတို့ပါ ဖြစ်နိုင်သလို တစ်ခါတစ်လေမှာ အသက်မရှိသော ရှုခင်းများ ပစ္စည်းများ တောင် ဖြစ်နေနိုင်ပါသည် ။ ပြန်မရနိုင်တော့သည့် အရာတို့သည် ပစ္စည်းများတွင်လည်း ရှိနေသည် ။ တစ်ခါက ခနော်ခနဲ့ သစ်သားလှေကား အဆင်းလေးထိပ်မှာ အလှူ့ရှင်များ တစ်ကျပ်နှစ်ကျပ် စုပေါင်းဖြင့် တစ်ခုလုံး ၄၅ ကျပ် ဆိုသော နေရာတွင် သိန်း လေးရာ ကျော်မျှ တန်ကြေးရှိသော လှေကား လှလှပပ ကြီးနေရာယူထားသည်မှာ အလွန်ကောင်းမွန်လှပနေသော်လည်း ၄၅ ကျပ်တန် လှေကားပုံလေးမှာပြန်မရနိုင်သော အမှတ်တရ ဖြစ်လိမ့်မည် ။ ယခု ပြန်ရှာကြည့်တော့ ထိုလှေကား ပုံလေး မတွေ့တော့ပါ ။
ယခင်က ရိုက်ထားသော ပုံများ ဖြစ်ပြီး နှစ်ယောက်လုံးမှာ သေဆုံးသွားပြီး ဖြစ်သောကြောင့် ဘယ်သူ့ဆီကိုမှ ခွင့် ပြုချက်မတောင်းဘဲ တင်လိုက်ပါသည် ။ဟိုးတုန်းက ရိုက်ထားတာကြောင့် ပုံအရည် အသွေးများမှာ ယခုပုံများနှင့်တော့ များစွာခြားနားနေနိုင်ပါသည် ။
ကျွန်တော်တို့မှာလဲ ရှိထားကြပါတယ် ။
ဟုတ်ကဲ့ပါ