ပြုံးရုံလေးပဲ ပြုံးလိုက်ပါ

in LeoFinance4 years ago

‌ ပြုံးရုံလေးပဲ ပြုံးလိုက်ပါ


‌ကျွန်တော်က ရပ်ကွက် သာရေးနာရေးကော်
မတီမှာ... အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတော့ ခုတ
လော အလုပ်များနေတယ်။ဒါပေမယ့် အလုပ်ပြီး
ပြီဆိုရင် (ဆရာကြီးဗန်းမော်ညိုနွဲ့ရဲ့) လက်ဖက်
ရည်ကြမ်းဝိုင်းနဲ့ ဝိုင်းဖွဲ့စကားပြောကြရာမှာ....အ
ပန်းပြေစရာ........ရှေးဟောင်း နှောင်းဖြစ်တွေနဲ့ပေါ့ဗျာ။
ကျွန်တော်တို့ သာရေး/နာရေး အဖွဲ့မှာ က
ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အပါအဝင် (၇) ယောက်
ရှိတယ်။ဒီထဲမှာ အသက်အကြီးဆုံးလည်းဖြစ်ပြီး
အတွေ့အကြုံ အများဆုံး ဖြစ်တဲ့ ..ဦးဘရန်မိုင်က
အပြောနိုင်ဆုံးပဲဗျ.....။
သူပြောပြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ
ထဲက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာလေးကို ပြန်
ဖောက်သည်ချချင်မိတယ်။
တစ်ရက်မှာပေါ့ဗျာ.....မြစ်ကြီးနားက သူ့
ယောက္ခမ.....မကျန်းမမာဖြစ်တယ်ဆိုတဲ့သတင်း
ကြားရတော့ ဗန်းမော်ကနေ မြစ်ကြီးနားကို မဖြစ်
မနေတက်ရပါတော့တယ်.....။
ဖြစ်ချင်တော့......... ဗန်းမော်-မြစ်ကြီးနား
လမ်းမကြီးရဲ့ တနေရာမှာ ...သူစီးလာတဲ့ကားက
ပျက်ပါလေရော.....။ ပျက်တာက ခဏလေးပြင်
လို့ ရမယ့် ပျက်ခြင်းမဟုတ်တော့....နောက်တစ်
ခြားကားနဲ့ ချိန်းပြီးစီးရမယ်။
ဒီအချိန်မှာNGO အဖွဲ့တစ်ဖွဲ့ရောက်လာပြီး
ဆေးခြင်ထောင်ပေးမယ်လို့ဆိုတယ်။ ပေးရာမှာ
ဝန်ထမ်းတွေကိုပေးပြီးသားဖြစ်လို့....ကျေးရွာနေ
တောင်သူတွေကို ဦးစားပေးအနေနဲ့ပေးဖို့ ရောက်
လာတာလို့ ပြောတယ်။
ဒါ့ကြောင့် ကားပြောင်းစီးရမယ့် ခရီးသည်
တွေကို အမည်စာရင်းနဲ့ ခေါ်ပြီး ဌာနဆိုင်ရာတွေ
ကို ကားပေါ်အရင်တက်ခိုင်းမယ်, .... ကျန်တဲ့ ရွာ
သားတွေကို ဆေးခြင်ထောင်ပေးပြီးမှ တက်ခိုင်း
ဖို့ပြင်ဆင်ကြတယ်။ ဒါကို ဦးဘရန်မိုင်နားမလည်
ကားစပယ်ယာက အမည်စာရင်း ခေါ်ပြီ
စပယ်ယာ- "ဦးစိုးသိမ်း"
ခရီးသည်- "ရှိ"
စပယ်ယာ- "ဘယ်ဌာနကလဲ"
ခရီးသည်- "ပညာရေးဌာန"
စပယ်ယာ- "တက်"
ဦးစိန်ဝင်း ကားပေါ်တက်သွားတယ်။နောက်ထပ်
တစ်ယောက်..."ဦးစိုင်:ဖ" ....."ရှိ" .... "ဘယ်ဌာန
ကလဲ"......"စည်ပင်ဌာန" ..... တက်။

"ဦးတူးမိုင်"....."ရှိ" ......"ဘယ်ဋ္ဌာနကလဲ"......
"တောင်သူ" ......"ဒါဆို မတက်နဲ့".......။

ဦးဘရန်မိုင် အလှည့်ရောက်တော့မယ်။ သူစဉ်း
စားနေတယ်.....ဌာန မပြောနိုင်ရင်...ငါကားစီးရ
မှာ မဟုတ်ဘူး။မြစ်ကြီးနားကို ဒီနေ့ရောက်မှ ဖြစ်
မယ်။ ဒီကား သာ မစီးရရင်.....ဒုက္ခဘဲ.....
ကားစပယ်ယာ အသံထွက်လာတယ်.......။
"ဦးဘရန်မိုင်"......."ရှိ"
"ဘယ်ဌာနကလဲ" ဆိုတော့....ဦးဘရန်မိုင် ချက်
ခြင်း တုန့်ပြန်ပြောလိုက်တယ်......။
" ဋ္ဌာနီ ဋ္ဌာန "
ကားစပယ်ယာကလဲ "တက် " ဆိုပြီး ကားပေါ်
တက်ခိုင်းလိုက်တယ်။
ကားပေါ်မှာ ကြိုရောက်နေတဲ့...ဌာနဆိုင်ရာ
တွေက သူ့ကို တအံ့တသြ ကြည့်နေကြတယ်။သူ
ပြောလိုက်တဲ့ " ဌာနီဌာန " ဆိုတာကို သူတို့အား
လုံးမကြားဖူးဘူးဖြစ်နေတာကိုး.၊....ဒီချိန်မှာ လူ
တစ်ယောက်က မိတ်ဆွေ ပြောတဲ့"ဌာနီဌာန " ဆိုတာ ..ဘယ်ဌာနကို ပြောတာလဲလို့ ....အမေးခံရတယ်။
"htani htana ဌာနီဌာနဆိုတာ....ကချင်လိုပြောလိုက်တာဗျ.....ဗမာလိုဆိုရင် ...." ထာဝရ " လို့ အဓိပ္ပါယ်ရတယ်...ဌာနဆိုတာ မပါရင် ကားမစီးရမှာစိုးလို့ကချင်လိုပြောလိုက်တာ " ဟု ပြန်ရှင်းပြလိုက်ပါသတဲ့ဗျာ :..........

victornawawng

Sort:  

တင်ပြီးသား စာတွေကို ထပ်မတင်ပါနဲ့ဗျို့

ဘယ်ဟာကို ပြောတာပါလဲဆရာ....ကျနော် မရှင်းလို့ပါ

Congratulations @victornawawng! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 50 replies. Your next target is to reach 100 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @hivebuzz:

Happy New Year - Project Activity Update
First Hive Power Up Day of 2021 - Get a Hive Power delegation