Today is the thirty-nine
Garbage collection.
တနေ့က မိုးရွာထား၍ လမ်းမနှင့် လမ်းကြားမှာ
အမှိုက်များက သောင်ထွန်းနေသည်။ မိုးက
ကောင်းသည်။ မိုးရေတို့က အနိမ့်ပိုင်းဖြစ်သော
ကျွန်တော်တို့ခြံအတွင်းသို့ အလုအယက်ဝင်
လာကြသည်။ အိမ်ရှေ့မှာရှိသော လမ်းမကြီးကိုပင်
ရေက ဖုံးလွမ်းသွားသည်။ ရေက တော်တော်နှင့်
မကျပေ။ ရေတက်လာစဉ်က အလျှင်အမြန်ရေများ
ဝင်လာပြီး ရေကျချိန်မှာတော့ ရေက ကျခဲလှသည်။
မနက်ပိုင်းမှရေများက တအိအိနှင့် အိမ်ဝင်းအတွင်း
ရှိသည်။ နေ့ခင်းမှာ ရေက တဖြည်းဖြည်းချင်း
လျှော့နည်းလာသည်။ ရေထုက တနာရီကို
လက်မဝက်ခန့် လျော့ကျသည်။ ကျွန်တော့်အကို
က ရေကျနှုန်းကို သိရန် အိမ်တိုင်ကို မြေဖြူတို့၍
မှတ်သားထားသည်။ အိမ်ဝိုင်းအတွင်း မိုးရေတို့နဲ့
အတူ ရေမြွေတို့က ပျော်ပါးမြူးထူးကြသည်။
ရေကျသွားပြီးနောက် ခြံအပြင်ဖက်မှာ
တင်ကျန်ခဲ့သော အမှိုက်များကို ကောက်ယူ
ပစ်ရသည်။ ရေနဲ့အတူ မျောပါလာသော
ခေါင်းအုံး၊ ကားကူရှင်းများနှင့် အမှိုင်သရိုက်များက
တနေ့တည်းနှင့် ရှင်းမရပေ။ နှစ်ရက်ခန့်ရှင်းယူ
ရသည်။ ခြံအပြင်ဖက် မြေကြီး ဖို့မြေများသည်လည်း
ရေတိုက်စား၍ မျောပါသွားသည်။
ရေနဲ့အတူ မျောပါလာသော အမှိုက်များက
စုံလင်လှသည်။ ဖော့ဘူး၊ ပလပ်စတစ်အိတ်၊
အချိုရည်ဗူးမျိုးစုံနှင့် အခြား အမှိုက်ပေါင်းစုံ
ဖြစ်လေသည်။ ရေများက မြောင်းကို ပြည့်လျှံပြီး
စီးသည့်အပြင် ကားလမ်းမကြီးထက်သို့ပင်
ပြည့်လျှံနေသည်။ ကလေးငယ်အချို့က
ထိုကားလမ်းကြီးပေါ်ရှိ ရေများကို ရေကူးကန်
သဖွယ် အားရပါးရ ပျော်ရွှင်စွာကူးနေကြသည်။
အချို့သော လူတို့က ကားလမ်းမပေါ်သို့ စက်ဘီး
စီး၍ တမျိုး၊ ဆိုင်ကယ်ဖြင့် တသွယ်၊ ကားစီး
၍လည်း ရေလျှံကားလမ်းမပေါ် ရေကြည့်ရန်
အတွက် ဖြတ်သန်းသွားလာကြသည်။
ကိုယ်တွေကသာ ရေများပြည့်နေ၍ စိတ်ပျက်
နေသော်လည်း ရေလာကြည့်သူနှင့် ရေကူး
နေသူ ကလေးများကတော့ တဝါးဝါး တဟားဟား
သဘောကျနေကြပေသည်။ ဒီလိုပါပဲ လောကကြီးသည်
လောကဓံမျိုးစုံဖြင့် ကပြ နေကြသည်
မဟုတ်ပါလား။ ငိုလိုက် ရီလိုက်ဖြင့် မည်သည့်
အရာမှ မမြဲပါ။ တဖြည်းဖြည်းနဲ့ ကျွန်တော်လည်း
ဘဝသံသရာ သီချင်းစားသားများအတိုင်း
ရေးနေမိပါလေတော့သည်။
@htwegyi
September 1, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻