အားပေးတက်လာတယ်

in Ecency4 years ago

ကိုယ်ကိုယ်တိုင်ကပူလောင်ခဲ့ဘူးတော့
သူတစ်ပါးပူလောင်မှုတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကနွေးထွေးမှုနဲ့ဝေးခဲ့ဘူးတော့
အိမ်လွမ်းသူတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်က ရိုးအ ခဲ့ဘူးတော့
ရိုးအ တဲ့သူတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကချော်လဲခဲ့ဘူးတော့
ချော်လဲတဲ့သူတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကစိတ်ဓာတ်ကျခဲ့ဘူးတော့
စိတ်ဓာတ်ကျသူတွေကိုအားပေးတတ်လာတယ်။