အိမ်မှာတော့ ပိန္နဲသီးတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိန္နဲပင်ရှိလို့ပါ။ ပိန္နဲပင်ကြီးရှိတော့ တစ်ခါတစ်လေ ပိန္နဲသီးတွေ မစားချင်ဘဲစားရတာပေါ့။ ကျွန်တော်ကတော့ ပိန္နဲသီးအစေ့ကို စားရတာကြိုက်တယ်။
ဒီပိန္နဲသီးကတော့ နည်းနည်းထူးဆန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပင်ရဲ့အောက်မှာ ရှိနေလို့ဖြစ်တယ်။ အဲ့တော့ အပင်ပေါ်တက်ပြီး ခူးစရာမလို့တော့ဘူး။ ဒီတိုင်းဓားနဲ့ ခုတ်စားရုံပဲ။
ဒါပေမဲ့ ပိန္နဲသီးအချို့က အိမ်ရဲ့ခေါင်မိုးပေါ်မှာတောင် သီးနေတော့ ဘယ်လိုခူးစားရမလဲတောင် မသိတော့ပါဘူး။ ပိန္နဲသီးတွေက ဒီလောက်ပဲလားဆိုတော့ မဟုတ်ပါဘူး။
ဒါကတော့ အပင်မှာသီးနေတဲ့ ပိန္နဲသီးတွေပါ။ အပင်မှာတော့ ပိန္နဲသီးတွေ အများကြီးသီးပေမဲ့ ကျွန်တော်ကတော့ ဒီလောက်ပဲ ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလေးမှာဆိုးလို့ပါ။
Date: 13, June, 2024 Thursday