ကျွန်ုပ်ဒီနေ့ဆံပင်ညှပ်ခဲ့ပါတယ်။

သာမန်လူတွေကတော့ "ဒါကပုံမန်ပဲ မဟုတ်လား? ဆံပင်ညှပ်တာပဲဟာကို။" ဒါပေမဲ့ ဒါကကျွန်ုပ် ဆံပင်ညှပ်ဆိုင်ကနေပြန်လာဖူးတဲ့ အဆိုးဆုံးရုပ်ပဲ။ ဖြစ်စဉ်က...
ဒီနေ့ကျွန်ုပ်မနက်စာ စားပြီးသွားတော့ အမေကကျွန်တော့ကို ဆံပင်ညှပ်တော့တဲ့။ ဆံပင်ရှည်နေပြီ။ အမှန်တစ်ကယ်လဲ ရှည်နေပါပြီ။ အဲ့တာနဲ့ အမေနဲ့ ညှပ်နေကြဆိုင်သွားတော့ ဆိုင်ကပိတ်ထားတယ်။ အဲ့တာနဲ့ဘေးကဆိုင်ကို လှမ်းကြည့်လိုက်တော့လဲ ပိတ်ထားတယ်။ အဲ့တာနဲ့ အိမ်ရှေ့ကဆံပင်ညှပ်ဆိုင်ကို ရောက်သွားတယ်ပေါ့။ ထိုင်ခုံပေါ်ထိုင်။ ဟိုဟာကလဲညှပ်။ ညှပ်တယ်...ညှပ်တယ်...ညှပ်တယ်။ ဘေးကနေစက်နဲ့အရင် မရိတ်ဘူးဗျ။ ခေါင်းအပေါ်တည့်တည့်ကနေ စရိတ်တာ။ ကျွန်ုပ်လဲ ဘာလဲပေါ့။ ဒါပေမဲ့သိတယ်မို့လား။
"Don't judge a book by its cover 🗿"
အဲ့တာနဲ့ကျွန်ုပ်လဲ ညှပ်ပြီးမဲ့အထိစောင့်။ အမေကဘေးကနေ "ဆရာ အနောက်မညီဘူးလားလို့"
အဲ့ဒါနဲ့ ကျွန်တော်ဘယ်လောက် ရုပ်ချောသွားပြီလဲကြည့်လိုက်တာ။မှန်ကိုလဲကြည့်လိုက်ရော...

ဘယ်ဘက်ကရှည်။ ညာဘက်ကတို။
👍
ပုံထဲမှာသာမသိသာတာ။ အိမ်ရောက်တော့ အိမ်အနောက်က အမကြီးက ကျွန်တော့ကိုကြည့်ပြီး ရယ်တော့တာပဲ။
😂
😁😁😁တောင်ကြီးကို ဆံသ လာအုံးမှ။