ကျွန်တော်နှင့်အရည်မရ အဖက်မရသော ရိုးရာဓလေ့တစ်ခု

in HIVE-MYANMAR3 years ago

ခေါင်းစဥ်ကိုပြန်ဖတ်မိပြီး အနည်းငယ်ထူးဆန်းသလိုရှိလို့ ပြုံးမိခဲ့သေးတယ်။
အမှန်တစ်ကယ်မှာလည်းကျွန်တော်တို့မြန်မာလူမျိုးများအကြားမှာ အရည်လည်းမရ အဖက်လည်းမရပါပဲ ပိုက်ဆံကုန် ရောဂါသာ ရတဲ့ ကွမ်းယာစားသုံးတဲ့ ဓလေ့ဟာ ယခင် ဘိုးစဥ်ဘောင်ဆက်ထဲက လက်ဆင့်ကမ်းလာခဲ့တာ အခုဆို ကမ္ဘာ့ကွမ်းအစားဆုံး ၆ နိုင်ငံမှာ နံပါတ် ၁ ဖြစ်လာခဲ့ပြီလို့ဖတ်လိုက်ရတယ်။

bkllkjljklkfdjbh_0.jpg

မြန်မာနိုင်ငံမှာ ကွမ်းယာကို အနော်ရထာမင်းလက်ထက်မှာစတင် စားသုံးခဲ့တယ်လို့ သိရတယ်။ယခင်ကတော့ ထုံး ကွမ်းသီး ဆေးရွက်ကြီး ရယ်ပဲ ရှိမယ်ထင်ပါတယ်။ နန်းတွင်းမှာ တော်၀င်ကွမ်းအစ် ကွမ်းအုပ်နဲ့ အကျအန အသေအချာ စားသုံးခဲ့ကြဟန်တူပါတယ်။

download (1).jpeg

download (2).jpeg

ယနေ့ခေတ် မှာတော့ မြို့နယ် ရပ်ကွက်တိုင်းရဲ့ လမ်းဘေး ဝဲ ၊ယာ မှာ ကွမ်းယာဆိုင်ဟာ အင်မတန် ပေါများလာပါပြီ။ ယခင်ကလို သမားရိုးကျ မဟုတ်သော အိန္ဒိယ ဘက်က လာတဲ့ ပြုပြင်ပြီး ဆေးအမျိုးအစားများကလည်း အတော်စုံလင်နေပါပြီ။ ကျွန်တော်သိသလောက် 92 ၊ Sagar ၊ ဘုရင်မ ၊ 162 ၊ စစ်ဂနယ် စသည်ဖြင့် အတော်စုံလင်လာသလို လူွေကလည်း အမျိုးစုံ ရောကာ စားသုံးနေတာတေ့ရပါတယ်။
ဒီလိုဆို ကောင်းကျိုး ဘာရှိလည်း၊ ဆိုးကျိုးဘာရှိလည်း ဆို ကောင်းကျိုးထက် ဆိုးကျိုးကသာ အဆမတန် များပြားနေတာကိုတေ့ရပါတယ်။ ကွမ်းယာမှာ ပါတဲ့ ဆေးရွက်ကြီးနဲ့ ပြုပြင်ပြီး ဆေးရွက်ကြီး ထုံး ကွမ်းသီးက ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတေကြောင့် ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ နဲ့ ဆီးအိမ်ကောျက် တည်တာမျိုးွေဖြစ်တတ်ပါတယ်။ လက်ရှို မြန်မာနိုင်ငံ ကွမ်းယာ စားသုံးသူတေရဲ့ 34% ဟာ ခံတွင်းကင်ဆာခံစားနေရပါတယ်။

images (9).jpeg

images (8).jpeg

ပိုက်ဆံကုန် ရောဂါရ ရုံပဲလားဆို ဒီတင်မကသေးပါဗျားးး။ ကွမ်းယာ ေထွးဖို့ နေရာရှာရ ၊ အိတ်ဆောင်ရ၊ ရေဗူးဆောင်ရနဲ့ အင်မတန် အလုပ်များ လှပါတယ်။ လုပ်ငန်းခွင်မှာကွမ်းလေးဝါးမိလို့ကတော့ လူကြီးသူမနဲ့ စကားပြောရအဆင်မပြေတာမျိုး၊ အလုပ်လုပ်ရင်း ကရိကထ များတာမျိုးနဲ့ တင် အရင်က ကွမ်းယာဝါးတဲ့ ကျွန်တော်တော့ ကွမ်းယာ ပြတ်သွားတာပါပဲ 😅ကိုယ်မဝါးတော့ မှ ဒီလိုမျိုးရေးရလား ဆဲရင်လည်း ခံရမှာပါပဲဗျာ။ ကျွန်တော့်အသိမိတ်​ေ ဆွများထဲ ကွမ်းယာဝါးသူများပါရင်လည်း ရံဖန်ရံခါသာ သုံးဆောင်ပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ။

လေးစားစွာဖြင့်

IMG_20210518_100548.jpg

Sort:  

အင်.... အရည်မရ အဖတ်မရ ဆိုပေသိ ... အလုပ်ကလေး များလုပ်ရင် ပါးစပ်ထဲ အဲဒီ အရည်မရအဖတ်မရ လေးမှ ငုံ မထားရရင် တမျိုး လိုသလိုလို.....

အမှန်ပါပဲအကို အရင်လိုအများကြီးမစားဖြစ်ပေမယ့်လည်း အလုပ်လုပ်နေချိန်ဆို ပါးစောင်လေးထဲငုံနေရမှ

ကိုယ်တွေတော့ မခံစားတတ်တော့ ငွေကုန် ရောဂါရ သက်သာတယ်ဟေ့

အဲဒါအကောင်းဆုံးပါပဲဗျာ