ဘဝ......

in HIVE-MYANMAR12 hours ago (edited)

​တစ်ခါတလေကျရင် ဘဝက "အပြေးပြိုင်ပွဲ" တစ်ခုလိုပါပဲ။

​မနက်လင်းတာနဲ့ စတင်လိုက်တဲ့ အလုပ်တာဝန်တွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ ရုန်းကန်ရတဲ့ လောကဓံကြားမှာ ကိုယ်ဝါသနာပါတဲ့ဘက်ကို လှည့်ကြည့်ဖို့တောင် အချိန်မပေးနိုင်ခဲ့ဘူး။

​တကယ်တော့...
စိတ်ထဲမှာ ရေးချင်တဲ့အကြောင်းအရာတွေက တောင်ပုံရာပုံပါ။

​တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံသစ်တွေ
​မျှဝေချင်တဲ့ ဗဟုသုတတွေ

​ပြီးတော့... ခင်မင်ရတဲ့ Community သားတွေနဲ့ စကားလက်ဆုံ ပြောချင်တာမျိုးတွေပေါ့။

​ဖုန်းကို ကိုင်လိုက်တိုင်း "ဒီနေ့တော့ Hive မှာ စာတစ်ပုဒ်လောက် တင်ဦးမယ်" လို့ တွေးမိပေမယ့်၊ လက်တွေ့မှာတော့ မျက်တောင်တစ်ခါခတ်လိုက်ချိန်မှာပဲ ညဉ့်နက်သွားခဲ့ပြန်ပြီ။

အားလုံးကို နှုတ်ဆက်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ပြန်နှုတ်ဆက်ဖို့တောင် အားအင်က မကျန်တော့တဲ့ နေ့ရက်တွေပေါ့ရှင်။

​"အချိန်မရဘူး" ဆိုတာထက် "အချိန်တွေက လုယူသွားတယ်" ဆိုတာက ပိုမှန်ပါလိမ့်မယ်။

​ဒါပေမဲ့ ကျွန်မ Hive ကို မေ့မသွားပါဘူး။ ဒီ Community က ကျွန်မအတွက် စာရေးရုံတင်မကဘဲ မိတ်ဆွေ​တွေနဲ့ ခင်မင်ခွင့်ရတဲ့နေရာလေးတစ်ခုဖြစ်လို့ပါ။

အခုလောလောဆယ် "ပျက်ကွက်" နေတာကို နားလည်ပေးကြဖို့နဲ့၊ မကြာခင်မှာ အားအင်အပြည့်နဲ့ ပြန်လာနိုင်မှာပါ။

​ခဏတာ ဝေးကွာနေပေမယ့် အားလုံးကို သတိရနေဆဲပါ။

ပုံလေးတွေကတော့ မပြောင်းလဲနိုင်သေးတဲ့ SAMSUNG A 21Sလေးနဲ့ ရိုက်ထားတာပါ။

Sort:  

မျက်တောင် တခါခတ်လိုက်ချိန်တဲ့ ဟုတ်ပ မစုရေ။
!PIZZA

အဲ့လိုဖြစ်နေတယ် ဘထွေးရေ အမြဲရေးနိုင်အောင်တော့ ကြိုးစားနေတယ်

PIZZA!

$PIZZA slices delivered:
htwegyi tipped suhlaing
@myanmarkoko(2/5) tipped @suhlaing

Send $PIZZA tips in Discord via tip.cc!

Welcome back ပါ မစုရေ...
ဘဝဆိုတာကတော့ အဓိပ္ပါယ်ဖွင့်ရရင် ရေးလို့မကုန်ပါဘူး။
ကျွန်တော်တို့ဟာ ဘဝဇာတ်ဆရာအလိုကျ ကနေရတဲ့ ရုပ်သေးရုပ်ကလေးတွေပါ...

!PIZZA