သင်၏ မွေးနေ့ (မွေးရက် + မွေးလ + မွေးနှစ် ) ကို၎င်း၊ သင်၏ အမည်နာမကို၎င်း စာရွက်ပေါ်တွင် ချရေးလိုက်ပါ။ တူညီသော ဂဏန်းတလုံးသည် အကြိမ်မည်မျှအထိ ပါဝင်နေသည်ကို စီစစ်ကြည့်ပါ။
မွေးနေ့နှင့် အမည် နှစ်ခုလုံးတွင် ဥပမာ - ၂ ဂဏန်းများနေခြင်း သို့မဟုတ် ၄ ဂဏန်း များနေခြင်းတို့ကို တွေ့ရှိပါက ၂ ဂဏန်း၏စွမ်းအင်၊ ၄ ဂဏန်း၏စွမ်းအင်တို့သည် သင့်အပေါ် အခြားဂဏန်းများထက် ပိုမို၍ စိုးမိုးချုပ်ကိုင်မှု ရှိနေပါသည်။
၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။
အထူးသဖြင့် သင်၏ အမည်နာမဂဏန်းများကို စစ်ဆေးကြည့်ပါလေ။
(1) ဂဏန်း များများပါရှိလျှင် -
- ရည်မှန်းချက်ကြီးမားခြင်း
- လွတ်လွတ်လပ်လပ်နေလိုခြင်း
- အသစ်တီထွင်မှု လုပ်ဆောင်ခြင်း
- အတ္တကြီး၍ အပေါ်စီးကဆက်ဆံတတ်သူ ဖြစ်ခြင်း
(2) ဂဏန်း များများပါရှိလျှင် -
- ဆက်ဆံရေးနည်းပညာ ကျွမ်းကျင်သူဖြစ်ခြင်း
- လူမှုရေးသဟဇာတဖြစ်ခြင်း
- ဂီတ၊ အက၊ အနုပညာနှင့် အရောင်ကို မြတ်နိုးသူဖြစ်ခြင်း
(3) ဂဏန်း များများပါရှိလျှင် -
- ထင်ပေါ်ကျော်ကြားလိုသူ
- အတွေးကောင်း၍ ဟာသဉာဏ်ရွှင်သူ
- ဖော်ရွေစွာ ဆက်ဆံတတ်သူ
- တာဝန်ယူတတ်မှု၊ သည်းခံမှု ရှိသင့်သည်
(4) ဂဏန်း များများပါရှိလျှင် -
- ရိုးသား၍ ချွေတာစုဆောင်းတတ်ခြင်း
- သိပ်သည်းကျစ်လစ်ခြင်း
- အလုပ်ကြိုးစားခြင်း
- အသေးစိတ်လုပ်တတ်ခြင်း
- စွဲမြဲခြင်း၊ စည်းကမ်းစနစ်ရှိခြင်း
- အဆုံးအဖြတ်နှင့် သမာဓိကောင်းခြင်း
- ခေါင်းမာမှု မလွန်ကဲစေပါနှင့်။
(5) ဂဏန်း များများပါရှိလျှင် -
- ဆန့်ကျင်ဘက်လိင်တို့အား စိတ်ဝင်စားခြင်း
- အချစ်ခံရခြင်း
- ပျော်ပါးမြူးခုန်တတ်ခြင်း
- အပြောင်းအလဲကြိုက်ခြင်း
- ခရီးသွားလာခြင်း
- ပျော်ပျော်ရွှင်ရွှင်နေခြင်း
- လွတ်လပ်မှုကို သဘောကျခြင်း
- ဉာဏ်ကောင်းခြင်း
- ဆန်းသစ်သော အရာရာကို စိတ်ဝင်စားခြင်း
- အာရုံကြောအားနည်း စိတ်တုန်လှုပ်ခြောက်ခြားလွယ်ခြင်း
- စိတ်မြန်ခြင်း
သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
@sayalu
19.01.2022
ဟုတ် အကိုလည်း အဆင်ပြေပါစေခင်ဗျ
ကိုယ်တိုင်တွက်လို့ရတော့ အဆင်ပြေပါတယ် ရှာဖွေရေးသားပေးလို့ ကျေးဇူးပါ