ကျွန်တော်နဲ့ မြေမဲ့ စိုက်ပျိုးခြင်း

in HIVE-MYANMAR3 years ago (edited)

အားလုံး မင်္ဂလာပါ။

ကျွန်တော့်ရဲ့ AI နောက်တစ်ပိုစ့်မှာတော့ ကွန်ပျူတာကို လေ့ကျင့်ပေးနိုင်တဲ့ AI ရဲ့ အောက်က Neural Network အကြောင်းဖော်ပြပေးမယ်လို့ စိတ်ကူးထားပါတယ်။ ရောဂါရှာဖွေတဲ့ နေရာမှာ၊ မောင်းသူမဲ့ကားတွေမှာ၊ စိုက်ပျိုးရိတ်သိမ်း စက်ရုပ်တွေမှာ AI ရဲ့ neural network algorithm ကို သုံးလာကြပြီဖြစ်ပါတယ်။ ကွန်ပျူတာကို ဘယ်လို လေ့ကျင့်ပြီး အသုံးချလဲဆိုတာကိုတော့ ကျွန်တော့်ရဲ့ AI နောက် တစ်ပိုစ့်မှာ ဆက်ပြီး ဖော်ပြပေးပါမယ်။

လောလောဆယ်တော့ ဒီရက်ပိုင်း စလုပ်ဖြစ်တဲ့ မြေမဲ့ စိုက်ပျိုးရေးအကြောင်းလေး ဖော်ပြပေးပါရစေ။

ဘာကြောင့် မြေမဲ့ စိုက်ချင်တာလဲ

  • မြေမဲ့ စိုက်ပျိုးခြင်းက အပင်တွေမှာ မြေပေါ်ကပိုးမွားတွေရန်က ကင်းဝေးစေပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နုန်းပိုးမွားကင်းစင်တာတော့ မဟုတ်ပါဘူး။
  • စိုက်တဲ့ အပင်တွေလိုအပ်တဲ့ အာဟာရကို လိုသလိုပေးနိုင်တာမို့ အပင်ကြီးထွားနုန်း နဲ့ အသီးသီးနုန်းက မြေမှာ ချစိုက်တဲ့ အပင်တွေထက်ပိုကောင်းတယ်လို့ ဆိုပါတယ်။

စိန်ခေါ်မှုတွေကဘာလဲ

  • ရေကို မော်တာနဲ့ လည်ပတ်နေစေရမှာမို့ လျှပ်စစ်မီး မှန်ဖို့ လိုပါတယ်။ ကျွန်တော်တော့ အင်ဗာတာနဲ့ ဘက်ထရီကို အသုံးပြုမှာ ဖြစ်ပါတယ်။

  • အာဟာရရည် ရရှိနိုင်မှု ခက်ခဲနိုင်ပါတယ်။ နိုင်ငံခြားမှာတော့ ဖျော်ရည်အတွက် မြေသြဇာမှုန့်ကို အလွယ်တကူရနိုင်ပေမယ့် မြန်မာပြည်မှာတော့ ဒီ မြေမဲ့ စနစ်က ခေါတ်မစားသေးတော့ ဝယ်ယူရ မလွယ်ကူသေးပါဘူး။ ကျွန်တော်ကတော့ စျေးကွက်မှာရနိုင်မယ့် မြေသြဇာကို အရည်ဖ​ျော်ပြီး သုံးမှာဖြစ်ပါတယ်။

  • နောက်တစ်ခုတော့ စျေးကွက်ဖြစ်ပါတယ်။ ဒီစနစ်နဲ့ စိုက်တဲ့ သီးနှံဟာစျေးကွက်မှာ စျေးအတိုင်းအတာတစ်ခုထိရှိတဲ့ သီးနှံဖြစ်မှ ကိုယ်သုံးတဲ့ မြေသြဇာ စရိတ်ကို ကာမိပြီး အမြတ်ရနိုင်မယ်လို့ထင်ပါတယ်။

အသုံးပြုမယ့် ပစ္စည်းတွေ

ကျွန်တော်တော့ ဒီမှာ အလွယ်တကူရှာလို့ရတဲ့ ပစ္စည်းတွေကို သုံးမှာဖြစ်ပါတယ်။

၁။ ရေသန့်ဗူးခွံ
၂။ စိုက်ဖို့ကြားခံပစ္စည်းအတွက် စပါးခွံ မီးသွေး
၃။ ရေမောင်းဖို့အတွက် 12 V ရေမြုပ်မော်တာ
၅။ မောင်တာ ထိန်းဖို့အတွက် ကွန်ထရိုလာနဲ ရေမြုပ်ရေ level ဆင်ဆာ တစ်စုံ
၄။ မြေသြဇာရည်အတွက် ၁၅ ပတ်လည် နိုက်ထရို ဖော်စကာ

အလုပ်လုပ်ပုံ

အောက်ပုံကတော့ system ကို ပုံစံငယ်နဲ့ အရင် လုပ်ထားကြည့်တာဖြစ်ပါတယ်။ ပုံထဲကအတိုင်း အပေါ်ကန်ကနေ ရေစက်ချစနစ်နဲ့ ရေကိုအောက်ကန်မှာ စုပြီး အောက်ကန်ကနေ တစ်ဆင့် အပေါ်ကန်ကို ရေမော်တာနဲ့ပြန်တင်မှာဖြစ်ပါတယ်။ ပုံထဲမှာတော့ စိုက်ပျိုးဖို့ ကြားခံ စပါးခွံမီးသွေးကို မထည့်ရသေးပါဘူး။ စပါးခွံမီးသွေးက အိမ်မှာ စပါးခွံအဆင်သင့်ရှိလို့ဝယ်ဖို့ အဆင်မပြေသေးတာကြောင့် ကိုယ်တိုင်ပဲ ဖုတ်ကြည့်လိုက်ပါတယ်။ အောက်ပုံတွေမှာကြည့်ပါ။

viber_image_2022_03_09_15_16_46_508.jpg

img_20220309_111957.jpg

img_20220309_133737.jpg

အောက်ကသုံးပုံကတော့ ရေ level ဆင်ဆာ၊ ကျွန်တော်သုံးဖြစ်မယ့် ကွန်ထရိုလာနဲ့ ရေမော်တာတို့ပဲ ဖြစ်ပါတယ်။

![img_20220309_134422.jpg]​()

img_20220309_154043.jpg

img_20220309_154021.jpg

စပါးခွံမီးသွေးက စျေးနေ့မှာပဲ ရနိုင်တာမို့ လောလောဆယ် ပြုလုပ်ပုံကို Youtube ကနေကြည့်ပြီးလုပ်ဖြစ်တာပါ။

ဒီ မြေမဲ့စနစ်အသုံးချပုံတွေကို ကျွန်တော် မိတ်ဆွေ စိုက်ပျိုးရေးပညာရှင် တစ်ယောက်ကအကြံပေးတာဖြစ်ပါတယ်။ ဒီနည်းနဲ့ မြန်မာပြည်ဘက်မှာ စီမံကိန်းတွေလုပ်တာ အောင်မြင်မှုတွေရှိခဲ့ပါတယ်။

ကျွန်တော်ဒီစာလေးကိုရေးနေချိန်မှာပဲ စပါးခွံမီးသွေးက မီးသွေးအနေအထားကို ရောက်လာပါပြီ။

img_20220309_155755.jpg

ကျွန်တော်တို့ နေ့စဉ်ရက်ဆက် စိန်ခေါ်မှုတွေကြုံနေရမှာပါ။ ဒီစိန်ခေါ်မှုတွေကို ကိုယ်တတ်သိ နားလည်ထားတာတွေနဲ့ အဖြေရှာ ရင်ဆိုင်ရမယ်လို့ထင်ပါတယ်။ ဒီစနစ်နဲ့ စိုက်ပြီး စျေးကွက်ကို ထိုးဖောက်နိုင်မလားဆိုတာက နောက်စိန်ခေါ်မှုတစ်ခုပါ။

မိတ်ဆွေတို့အနေနဲ့ မေးမြန်းလိုတာ အကြံပေးလိုတာတွေရှိရင် comment မှာ ရေးခဲ့ ကြပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

@princekham
9th Mar 2022

Sort:  

အားပေးပါတယ် !LOL‌

Thank you!
!LUV !LOL

What do you do with a car whose wheels are completely worn out?
You re-tire it.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @princekham
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

Why did the rooster cross the road?
To prove he wasn’t a chicken.

Credit: marshmellowman
@princekham, I sent you an $LOLZ on behalf of @ansoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@princekham(5/5) tipped @kachinhenry (x1)
htwegyi tipped princekham (x1)
donjaun tipped princekham (x1)
golden.future tipped princekham (x1)
kachinhenry tipped princekham (x1)
princekham tipped htwegyi (x1)

Learn more at https://hive.pizza.

အောင်မြင်ပါစေ။
!PIZZA

Thank you!
!PIZZA

လိုအပ်တဲ့ကစ္စည်းတွေမှာ PH နဲ့ EC မီတာတွေလဲ ပါပါတယ်။

စမ်းစိုက်တာဆိုတော့ အဟာရရေ Aနှင့်Bကိုဝယ်စိုက်လို့ရပါတယ်။
ကိုယ်စိုက်မဲ့သီးနှံရဲ့အဟာရလိုအပ်ချက် မီတာနဲ့တိုင်းပြီးဖျော်စပ်ပါ။ သီနှံတွေရဲ့လိုအပ်ချက်အဟာရဇယားရှိပါတယ်။ မအောင်မြင်စရာမရှိပါ။

ဟုတ်ကဲ့
ကျေးဇူး ပါ။
!LUV

ကျွန်တော်လည်း အဲတာမျိုးကို အရမ်းသဘောကျတာ။ ဒါပေသိ သူကလည်း သူ့အခက်ခဲ နဲ့သူ ရှိပြီးသား။ စီးပွားရေး အတွက် မဟုတ်ပဲ တနိုင်တပိုင် စားဖို့ လုပ်မယ်ဆိုတောင် အလုပ်ရှုပ်နေမလား စဉ်းစားမိတာရယ်။!PIZZA

ဟုတ်ကဲ့။ ကျွန်တော်တော့ အခု လွယ်ကူတဲ့ နည်းလေးနဲ့ရနိုင်တဲ့ပစ္စည်းတွေ သုံးထားပါတယ်။ အဆင်ပြေ မပြေ ပြန်ပြောပါမယ်။ !PIZZA

Yay! 🤗
Your content has been boosted with Ecency Points, by @princekham.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

မြေဓာတ်မပါလဲ စိုက်လို့ရတာပဲလား။

ရတယ်။ မြေကရနိုင်တဲ့ အာဟာရပေးနိုင်ရင်ရပြီ။
!BEER

You need to stake more BEER (24 staked BEER allows you to call BEER one time per day)


Hey @saikaungzawthant, here is a little bit of BEER from @princekham for you. Enjoy it!

Learn how to earn FREE BEER each day by staking your BEER.

မသိတာတွေသိရပါတယ်....ပလပ်စတစ်ဘူးတွေကိုပုံဖော်ထားတာအရမ်းလှပါတယ်...
!PIZZA
!LUV

အော်ဟုတ်
Thank you!
!PIZZA
!LUV

အရမ်းမိုက်တယ် ဒါပေမဲ့ ​ေမြပေါ်စိုက်တာထက် ကုန်ကျစာစရိတ် အရမ်းများတာ အခက်အခဲရှိ 😊😊😊 နောက်တော့ လိုက်လုက်ကြည့်ချင်ပါသေးတယ် 😊

ကုန်ကျစရိတ် လျော့အောင်တော့ လုပ်ထားပါတယ်။ အဆင်ပြေအောင်လုပ်နိုင်ဖို့ပဲလိုတယ်။