ဝိတ်တက်နေတဲ့ မီးမီး ကိတ်မုန့်ဖြတ်

in HIVE-MYANMAR2 months ago

မီးမီးက ကိတ်မုန့် အချို တစ်လုံးစလုံးကို အကုန်စားပစ်ပြီး မောင်မောင်ကို လှမ်းပြောလိုက်တယ်

I must stop to eat sweet cakes.

ငါ ကိတ်မုန့် အချိုတွေကို ဖြတ်မှ ဖြစ်မယ်

(မီးမီး ပြောလိုက်တဲ့ စကားက ငါ ခဏ ရပ်ပြီး ကိတ်မုန့် အချိုတွေ စားမှ ဖြစ်မယ်လို့ အဓိပ္ပါယ် ရောက်နေတယ်)

ဒီတော့ မောင်မောင်က

You already ate the whole cake by yourself. Do you need more?

နင် ကိတ်မုန့် တစ်လုံးစလုံး နင်တစ်ယောက်တည်း စားပစ်တာ၊ ထပ်ယူဦးမလို့လားလို့ မေးလိုက်တယ်

ဒီတော့ မီးမီးက I am overweight because of eating sweet cakes too much. So I must stop to eat them.

ငါက ကိတ်မုန့် အချိုတွေ အများကြီးစားနေလို့ ဝိတ်တက်နေလို့ ငါ ခဏ ရပ်ပြီး စားရမယ်ပြောတာ

(မီးမီး ဆိုလိုချင်တာက ကိတ်မုန့်အချို စားတာကို ဖြတ်ရမယ်လို့ ဆိုလိုချင်တာပါ)

ဒီတော့မှ မောင်မောင်က နားလည်ပြီး

You should say I must stop eating sweet cakes.

I must stop eating sweet cakes. လို့ ပြောရကြောင်း ရှင်းပြလိုက်တယ်

I stop to eat sweet cakes. လို့ပြောရင် နင်က လမ်းသွားနေရင်း တနေရာမှာ ရပ်ပြီး ကိတ်မုန့်စားတယ်လို့ အဓိပ္ပါယ် ရောက်သွားမယ်လို့ ရှင်းပြလိုက်တယ်

Stop နောက်က Verb+ing လိုက်ရင် to quit ဖြတ်တယ်လို့ အဓိပ္ပါယ်ရတယ်

Stop နောက်က To+ verb 1 လိုက်ရင်တော့ ခဏရပ်ပြီး အဲဒီ verb ကို လုပ်တယ်လို့ အဓိပ္ပါယ် ရောက်သွားတယ်လို့ ရှင်းပြလိုက်တယ်

I stopped writing my letter.

ငါစာရေးတာကို ရပ်လိုက်တယ်

I was writing a letter. Then I stopped to smoke a cigarette.

ငါက စာရေးနေတယ်၊ ပြီးတော့ ခဏရပ်ပြီး စီးကရက်သောက်တယ်

(ဒီမှာ စီးကရက်သောက်တာကို ရပ်တာမဟုတ်ပါဘူး လုပ်လက်စအရာကို ခဏရပ်ပြီး စီးကရက်သောက်တာပါ)

မောင်မောင်က မီးမီးကို ဆရာကြီး လုပ်နေတုန်း မေမေ ဈေးကပြန်လာသည်ဖြစ်ရာ မီးမီးက

Maung Maung, stop teaching me lessons. Go fetch Mom's basket.

မောင်မောင် စာသင်တာတွေရပ်တော့ မေမေ ခြင်းတောင်း သွားယူချေ လို့ ပြောလိုက်တယ်