T Zone vs T phyoe

in HIVE-MYANMAR3 months ago

T Zone vs T Phyoe

Me : ငါ့ဟာ အဲ့နေ့က မနက်ပိုင်းကြီး
သရဲခြောက်ခံရတာဟ
(ထိုစဉ် ကားသာ မောင်းနေတာ
သူ့မျက်နှာမှာ သေးသေးလေးသာကျန်၏)
She : အေး ဘုရားတရား မမေ့နဲ့ဟ
Me: ဒါနဲ့ ငါ့အမေက သံပုရာသီးဆောင်ခိုင်းပြီဟ ငါထင်တယ် နင်လည်း ဆောင်သင့်တယ်
She : သံပုရာသီး ဆောင်မှနော့
(သူ သံယောင်လိုက်ပြော၏)

Me: ဆောင်ဟ ရတနာမိုင်တောင်
သံပုရာသီး ဆောင်လို့
အပျိုကြီးဘဝကျွတ်သွားတာ

ကျွန်တော့်အပြောတွင်
သူရော ကျွန်တော်ပါ ပြိုင်တူ
အော်ရယ် မိ၏

She : ရတနာမိုင်ဖြေတယ်လေ
အဆင်လေးမြင်ရင် သံပုရာသီးထုတ်ထုတ်ပြီး အနံ့ရှူရတာတဲ့

Me : နင့်ကျတော့ရော

She : ငါက အဆင်မြင်ရင်
သံပုရာသီးလည်း မကယ်နိုင်တော့ဘူး

Me : ဒါဆို နင်က
Next level တက်သွားပြီ

ဟူ၍သာ 😛😛😛

သံပုရာသီးဆောင်တတ်တဲ့ သူငယ်ချင်းလေးများရှိရင်လည်း

မန့်ခဲ့ကြပါအုံး

ခဏတာ ပြုံးမိပါစေ
ချစ်တဲ့ တီဖြိုး

၂၁ရက်ဇူလိုင်၂၀၂၄