အကွက်လေးတွေလှတယ်

in HIVE-MYANMAR3 years ago

ဒီနေ့မှ အိမ်ကတူရယ် ဘာစိတ်ကူးပေါက်သည်မသိ။ ညစာစာပြီး ခုနှစ်နာရီလောက်အချိန်ကျမှ "ကဲ ....ကားလျှောက်စီးမယ်။ ဘယ်သူတွေလိုက်မလဲ။ လိုက်ချင်တဲ့သူကားပေါ်တက်" လို့လဲပြောလိုက်ရော အိမ်ကညီမက အပြေးအလွှာနဲ့ "အမရေ လာ..လာ ကားလျှောက်စီးမလို့တဲ့"ဟု သတိတရလာခေါ်သည်။

ကျမလည်း အိမ်မှာနေရတာ ပျင်းတာရယ်၊ ဘယ်တွေများ ကားလျှောက်စီးမှာလည်းဆိုသည့် စပ်စုစိတ်ရယ်ကြောင့် နှစ်ခါမခေါ်ရပဲ အပြေးအလွှားလေးလိုက်လာခဲ့ပါတယ်။ အိမ်မှ မထွက်ခင် အမက ဘေးအိမ်မှ (၈)လသားအရွယ် အမွှာကလေးလေးနှစ်ယောက်ကိုပါ ခေါ်သွားလိုက်ပါဆိုသောကြောင့် တူလေးမိသားစု သုံးယောက်ရယ် အမွှာကလေးနှစ်ယောက်နှင့် သူတို့အမဖြစ်သော မြေးလေးနှင့်ရွယ်တူမိန်ကလေး တစ်ယောက်ရယ်၊ ညီမတို့သားအမိရယ်၊ ကျမရယ် စုံစုံလင်လင်ဖြင် ကားလျှောက်စီးဖို့ ထွက်ခဲ့ကြပါတယ်။

img_0.7248283150000896.jpg

ရည်ရွယ်ချက်မရှိပဲ လျှောက်စီးနေတာဖြစ်လို့ အနီးအနားက
ကျမသူငယ်ချင်းအိမ် အလည်သွားဖို့ ပြောတော့ တူလေးက လိုက်ပို့ပေးပါတယ်။ သူငယ်ချင်းအိမ်ရောက်တော့ အိပ်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ဒါနဲ့ ခဏတဖြုတ်နေပြီး ပြန်လာကြပါတယ်။

အိမ်ပြန်ရောက်တော့ တူလေးက "ညကျမိုးရွာမယ်ထင်တယ် ဇလီချောင်းတွေကားပေါ်တင်ပြီး မနက်စောစောရွာသွားပို့ရအောင်"ဆိုပြီး သူ့မိန်းမကိုပြောပါလေရော။ တူလေးက သူ့
မိန်းမရွာမှာ နွားတွေမွေးထားတာပါ။ အဲ့ရွာမှာ နွားတွေအတွက် နွားခြံတဲဆောက်ဖို့ ဇလီချောင်းတွေဝယ်ထားတာသုံးရက်လောက်ရှိပြီ။ ခုမှစိတ်ကူးပေါက်ပြီး ကားပေါ်တင်မယ်လုပ်တော့ ကျမတို့တစ်တွေ ဝိုင်းပြီးတင်ပေးရပါတယ်။ ခုလေးမှ သူ့ကားနဲ့လျှောက်လည်တာ လိုက်မိထားတာလေ။ လုပ်ပေးရမှာပေါ့နော့။

img_0.7047729834080849.jpg

ကျမတို့အားလုံးက "အမလေး သူ့ကားလေးနဲ့ တစ်ခါလောက် လိုက်စီးပါတယ်။ အပြန်ကျ မုန့်ဟင်းခါးနဲ့တိုးပြီ၊ အကွက်လေးတွေက လှလိုက်တာနော်၊ လိပ်ပြာလုံပါစေ"ဆိုပြီး တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတော့ သူ့ထုံးစံအတိုင်း ကွမ်းကြီးငုံပြီး ပြုံးစိစိနဲ့လုပ်နေတယ်။ ပါးစပ်ကပြောလည်းပြော တစ်ယောက်တစ်လက် ကျောင်းသားလက်ဆိုသလို အားလုံးဝိုင်းကူလုပ်လိုက်တာ ဇလီချောင်းပုံကြီးတစ်ခုလုံး ခဏလေးနဲ့ ကားပေါ်တင်လို့ပြီးသွားပါတယ်။ အဲ့ဒါကြောင့် လူကြီးတွေကပြောတာ။ ဘယ်အရာမှအလကားမရပါတဲ့။ ဒီတော့ သူ့ဆန်စားရဲရသလို သူ့ကားကိုစီးမှတော့ သူ့အလုပ်လေးကူညီပေးရမှာပေါ့။

img_0.9845003884768996.jpg

ဪ မနက်ကျ ရွှေမန္တလေးက မြှီးရှည်ဝယ်ကျွေးမယ်ဆိုတာတော့ ထည့်မပြောတော့ဘူးနော်။


14-10-2021@nweoomon

Sort:  

အိမ်း အကွက်လှသားပဲ မြီရှည်ဆိုတော့ကား။
!PIZZA

PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nweoomon (x1)
(9/10)
htwegyi tipped nweoomon (x1)
nyinyiwin tipped nweoomon (x1)
Learn more at https://hive.pizza. @uthantzin tipped @nweoomon (x1)

အဲဒါ မျှားခေါ်တဲ့ အကွက်တွေပေါ့.... အစကတော့ စေတနာ ပေါ့ နောက်တော့ လမ်းကြုံလို့ လုပ်အားပေးပါအုံးပေါ့.... ဟုတ်ပါ့။ အကွက်လေးကလှတယ်။ !PIZZA

အာ့ကြောင့် ချုပ်ဝတ်ရမယ်လို့။

အကွက်မြင်တယ်နော် ဟ ဟ 😃😂 !PIZZA

ချုပ်ကွက်တေ😀

ဟုတ် ကျွန်တော်လဲ မှတ်ထားလိုက်ပါပြီ 😁😁😁 တစ်ကွက်ရတာပေါ့ 😜😜😜

ပညာတွေ😀