ဒီနှစ်မှာလည်း Myan Crypto ရဲ့ New Year Night ကို အစဉ်အလာမပျက် ပြုလုပ်သွားပါမယ်။
အခက်အခဲတွေကြားကနေပဲ Myan Crypto Community အနေနဲ့ ဖြတ်သန်းလာခဲ့တာ New Year Night 3 ခါတိုင်ရှိခဲ့ပါပြီ။
ဒီတစ်ခေါက်မှာတော့ Crypto Nova နဲ့အတူ အရင်ကထက် ပိုမိုက်တဲ့ event တွေ ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။
ပထမဆုံး event ကတော့ Love Letter ရေးတဲ့ event ဖြစ်ပါတယ်။
ဒီ post ရဲ့ comment မှာ
MCM ကို ဘယ်လိုစသိခဲ့သလဲ?
MCM နဲ့ ဘာတွေအမှတ်တရရှိခဲ့သလဲ?
MCM မှာ ဘယ်လို content တွေ တွေ့ချင်သလဲ? ဆိုတာတွေကို ကိုယ့်ရဲ့ telegram username နဲ့အတူ ရေးပေးခဲ့ကြပါ။
30 ရက်နေ့ကနေ 31 ရက်နေ့ညအတွင်းမှာ comment တွေကို MCM emoji နဲ့ vote ကြရမှာဖြစ်ပြီး vote အများဆုံးသူ 4 ယောက်ကို ဆုတွေပေးသွားမှာဖြစ်ပါတယ်။
30 ရက်နေ့ ည 9 နာရီအထိ comment တွေ ရေးလို့ရနေမှာဖြစ်ပြီး 9 နာရီနောက်ပိုင်းမှာတော့ Myan Crypto Telegram Community ရဲ့ Love Letter Topic (https://t.me/myancrypto/589112) ထဲမှာ ရေးထားသမျှ comment တွေကို ပြန်တင်ပေးထားပါမယ်။
ပါဝင်တဲ့သူတွေရဲ့ crypto box တွေကို Admin Kool ကနေ အတွဲတွေတွဲပြီးတော့ exchange ပြန်လုပ်ပေးမှာပါ။ အခုချိန်ကနေစလို့ 31 ရက်နေ့ ည 8 နာရီအထိ crypto box တွေသွားပေးလို့ရပါတယ်။နောက်ထပ် event တစ်ခုကတော့ Crypto Exchange Event ပါ။ ကိုယ်ကြိုက်တဲ့ ဘယ် cryptocurrency (non-stablecoins) ကို မဆို 10$ ဖိုး ဝယ်၊ crypto box လုပ်ပြီးတော့ https://t.me/KOOL2212 ဆီကို သွားပေးပေးပါ။
ဒီ event ရဲ့ အဓိကရည်ရွယ်ချက်ကတော့ နှစ်တိုင်းနှစ်တိုင်းမှာ အမှတ်တရအဖြစ်ရခဲ့တဲ့ cryptocurrency တွေဟာ နောက်နှစ်မှာ တန်ဖိုးတက်သွားလား၊ ကျသွားလားဆိုတာကို အမှတ်တရရှိနေစေချင်လို့ပါ။
ဥပမာ 2022 ခုနှစ်တုန်းက SOL ကို အမှတ်တရအဖြစ် ရခဲ့သူတွေရှိပါတယ်။ 2022 နှစ်ကုန်ပိုင်းတုန်းက SOL ရဲ့ဈေးဟာ $10 သာ ရှိခဲ့ပါတယ်။ အခု 2023 ရောက်တဲ့အခါမှာတော့ SOL ဈေးဟာ $100 ကျော်သွားခဲ့ပါပြီ။ ဒါကြောင့် ဒီနှစ်မှာလည်း တက်မယ်လို့ ထင်တဲ့ coin တွေကို crypto box လုပ်ပြီး လက်ဆောင်ပေးကြလို့ရပါပြီ။ ပထမဆုံးလာပေးတဲ့သူအယောက် 20 ကိုလည်း MCM ဖက်ကနေ reward တွေထည့်ပေါင်းပေးသွားမှာကြောင့် $10 ကျော်စီပြန်ရနိုင်မှာပါ။
ဒါတွေကတော့ New Year Night မစခင်တည်းက ကြိုလုပ်ထားလို့ရမယ့် event တွေဖြစ်ပါတယ်။ New Year Night ကျရင်တော့ quiz မေးပြီး ဆုပေးမယ့် event၊ သီချင်းတွေခန့်မှန်းပြီး ဆုတွေယူလို့ရနိုင်မယ့် event တွေ၊ surprise event တွေ နဲ့အတူ surprise guest တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် New Year Night မှာ အိမ်ပြင်မထွက်ဘဲ Myan Crypto Community နဲ့အတူ နှစ်သစ်ကို ကြိုဆိုရင်း အမှတ်တရတွေဖန်တီးကြဖို့ ဖိတ်ခေါ်ပါတယ်။
MCM ကို ဘယ်လိုစသိခဲ့သလဲ?
MCM နဲ့ ဘာတွေအမှတ်တရရှိခဲ့သလဲ?
MCM မှာ ဘယ်လို content တွေ တွေ့ချင်သလဲ?
Telegram name
MCM ကို Facebook မှာ စတင်သိခဲ့တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က Cryptocurrency နဲ့ ပတ်သက်တဲ့ အကြောင်း
အရာတွေ ရေးတဲ့ ပိုစ့်တွေဆို ဂရုစိုက်ဖတ်ပါတယ်။
MCM က ကျွန်တော်တို့လို Crypto နားမလည်သူတွေအတွက် လမ်းပြကြယ်တခုဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာလို ရေးသားထားသည့်အတွက်
သဘောပေါက်လွယ်ပါသည်။
နှစ်သစ်မှာ MCM အဖွဲ့သားများ ဆက်လက်
တိုးတက်အောင်မြင်ပါစေကြောင်းနှင့်
ကျွန်တော်တို့ရဲ့ Hive ဈေးနှုန်းလည်း ဈေးတက်ပါစေကြောင်း
ဆုမွန်ေကာင်းတောင်းလိုက်ပါသည်။
!LOLZ
!MEME
t.me/htwegyi72
lolztoken.com
Police on the case say he has a sketchy past.
Credit: reddit
$LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@myancrypto, I sent you an