Google ကိုယ်တိုင်များလား ...

in HIVE-MYANMAR2 years ago

NFT influencer တစ်ယောက်ရဲ့ crypto wallet ဟာ Google Ads က ပါလာတဲ့ malware ကနေ တဆင့် အဖောက်ခံခဲ့ရပြီး USD ထောင်နဲ့ချီ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ Twitter ပေါ်မှာ NFT God လို့ လူသိများတဲ့ Alex ဟာ သူ့ရဲ့ wallet အဖောက်ခံခဲ့ရကြောင်းကို tweet တွေ ဆက်တိုက်တင်ထားခဲ့ပြီး သူ့ tweet တွေအရဆိုရင် သူဟာ Google ကနေ OBS Software ကို download ဆွဲခဲ့တာမှာ OBS website ကို နှိပ်ရမယ့်အစား Ads link တစ်ခုကို နှိပ်ခဲ့မိပါတယ်။ ဒီ ads ကနေတဆင့် Alex ရဲ့ pc(personal computer) ထဲကို malware ဝင်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ Twitter account ၂ခုထဲက ၁ခုကနေ phishing post တွေ တင်နေတာကို တွေ့မိတော့မှ pc ကို hack သွားပြီဖြစ်ကြောင်း သတိထားခဲ့မိတာပါ။

ဒါကြောင့် crypto wallet ကို စစ်ကြည့်တော့လည်း wallet ထဲက asset တွေ အကုန်ပါသွားပြီဖြစ်ပြီး blockchain data အရဆိုရင် 19 ETH နဲ့အတူ floor price 16 ETH လောက်ရှိတဲ့ MAYC (Mutant Ape Yacht Club) NFT တစ်ခုအပြင် အခြား NFT တွေလည်း ပါသွားခဲ့ပါတယ်။

exchange (DEX) FixedFloat, where it was swapped for unknown cryptocurrencies.
Hacker ဟာ ခိုးရာပါ asset တွေကို wallet တွေ တစ်ခုပြီးတစ်ခုကနေတဆင့် FixedFloat ဆိုတဲ့ DEX (Decentralized Exchange) ကို ပို့လိုက်ပြီးတော့ အခြား cryptocurrency တွေအဖြစ် ပြောင်းလဲပစ်လိုက်ပြီဖြစ်တာကြောင့် ပြန်ရဖို့ မလွယ်ကူတော့ပါဘူး။

Related: Navigating the World of Crypto: Tips for Avoiding Scams
ဒီလိုမျိုး Google Ads ကနေတဆင့် malware တွေ ဝင်လာတာ၊ wallet တွေ အဖောက်ခံရတာဟာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် Google ကတော့ သူတို့အနေနဲ့ ယုံကြည်ရတဲ့ advertiser တွေကိုပဲ လက်ခံတာဖြစ်ပြီး malware တွေပါမလာအောင် ပုံမှန် scan ဖတ်ပြီး ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲကာကွယ်ပေးထားတယ်လို့ဆိုဆို မလုံခြုံကြောင်းကို ဖြစ်ခဲ့ဖူးပြီးသမျှ hack ခံရမှုတွေက သက်သေပြနေပါတယ်။ ဒါကြောင့် google မှာ တွေ့ကရာ ads link တွေ လျှောက်မဝင်ပါနဲ့။ တချို့ website တွေမှာ ဖုန်းလာနေတဲ့ပုံလေးနဲ့ ads လေးတွေ တွေ့မိရင်လည်း ဖုန်းမကိုင်လိုက်ပါနဲ့။ Malware တွေ အပြုံလိုက်ဝင်လာနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/google-ads-delivered-malware-drains-nft-influencer-s-entire-crypto-wallet

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်

https://t.me/myancrypto https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - January 15, 2023
The Hive Gamification Proposal Renewal
Support the HiveBuzz project. Vote for our proposal!