နေကြတ်ခြင်းနှင့်လကြတ်ခြင်း Solar eclipses and lunar eclipses

in HIVE-MYANMAR11 months ago

ကျွန်တော်တို့၏ကမ္ဘာကြီးကို နေနှင့်လ တို့က ပုံမှန်လည်ပတ်နေသည် ကို လူတိုင်းသိပြီးဖြစ်ပါတယ်။ ကမ္ဘာကြီးကနေကိုလှည့်ပတ်နေသလို လသည်လည်း ကမ္ဘာကြီးကိုလှည့်ပတ်နေပါတယ်။ ဒါကြောင့် လဆန်းရက်၊ လဆုတ်ရက် ဟူ၍ပေါ်လာခြင်းဖြစ်တယ်။ ထိုအချက်ထဲမှ လပြည့်နေ့ နှင့် လကွယ်နေ့ အကြောင်းကို ပြောပြပါမည်။ လပြည့်နေ့ သည် နေ, ကမ္ဘာ နှင့် လတို့တတန်းတည်းဖြစ်နေပြီး၊ လကွယ်နေ့သည် နေ, လ နှင့် ကမ္ဘာ တို့ တတန်းတည်းဖြစ်နေခြင်းကြောင့်ပါ။ ထို့ကြောင့် ပြက္ခဒိန်တွင် တလအတွင်း လပြည့်နေ့ တစ်ရက်နှင့် လကွယ်နေ့ တစ်ရက် ကို အမြဲတွေ့ရပါမည်။ အဘယ်ကြောင့် ဆိုသော် လသည် ကမ္ဘာကို ၂၉ရက်ကျော် လျှင် တစ်ပတ် ပတ်နေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လပြည့်နေ့များတွင် လကြတ်မှုဖြစ်ပြီး၊ လကွယ်နေ့များတွင် နေကြတ်မှုများ ဖြစ် တတ်ပါသည်။

We all know that the sun and the moon revolve regularly around our world. As the earth revolves around the moon, so does the earth. So on the new moon day, It appears as the waning day. From that point, we will talk about the full moon day and the waning moon day. The full moon day is when the sun, earth and moon are in the same line. The waning day is because the sun, moon and earth are in the same line. Therefore, you will always see one full moon day and one waning moon day in a calendar month. This is because the moon orbits the earth over 29 days in a week. Therefore, there is a lunar eclipse on full moon days. Eclipses happen on eclipse days.

ထိုအချက်တွင်မေးစရာရှိလာပါသည်။ လပြည့်နေ့ နှင့် လကွယ်နေ့ များတွင် နေကြတ်မှု နှင့် လကြတ်မှု လတိုင်းရှိနေမည်လား။ မဟုတ်ပါ, လသည် ကမ္ဘာကြီးကို ၅ဒီဂရီ မျှစောင်းပြီး လှည့်ပတ်နေသောကြောင့် အစဥ်အမြဲ နေကြတ်မှု နှင့် လကြတ်မှု မဖြစ်နိုင်ပါ။ ယခုကျရောက်မည့် ဧပြီလ ၈ရက်နေ့ တွင် နေကြတ်မှု ဖြစ်ပေါ်မည်။ ထိုနေကြတ်မှု ကို မြောက်ကာရိုလိုင်းနား တွင် ၈၀ရာခိုင်နှုန်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုဒေသများမှ လူအဖွဲ့အစည်းများက နေကြတ်မှုကို ကြည့်ရှုရန် ဖိတ်ခေါ်မှုများပြုလုပ်ကြပါသည်။ မြန်မာ့နိုင်ငံ အနေဖြင့် နေကြတ်ချိန်သည် ဧပြီလ ၈ရက်နေ့ည သန်းခေါင်ကျော် ၂၄နာရီ ၅၀မိနစ် (ဧပြီလ ၉ရက်နေ့ကူးချိန်) ခန့်ရောက်နေသဖြင့် မမြင်တွေ့နိုင်ပါ။

At that point there is a question. Will there be solar eclipses and lunar eclipses on full and waning moons every month? No, because the Moon orbits the Earth at a 5-degree angle, there can't always be a solar eclipse or a lunar eclipse. An eclipse will occur on April 8th. 80 percent of the eclipse will be visible in North Carolina. People's organizations from those areas make invitations to watch the eclipse. As far as Myanmar is concerned, the eclipse will be 24 hours and 50 minutes past midnight on April 8th (April 9th earliest time), so it will not be visible.

နေကြတ်မှု အပေါ်တွင် ကမ္ဘာပေါ် လူမျိုးများတို့သည် အယူအဆအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ကြသည်။ ထိုအယူအဆများကို ရုပ်ရှင်များအနေဖြင့် ဖေါ်ပြ တင်ဆက်မှုများပင်ရှိကြပါသည်။ ထူးခြားသော အယူအဆ တစ်ခုကိုပြောပြပါမည်။ ဘီစီ ၁၂၀၀ ခန့်တွင် တရုတ်နိုင်ငံ၊ Anyang ရှိ ကျမ်းပြုဆရာများသည် oracle အရိုး ဟုခေါ်သော နွားပခုံးနှင့် လိပ်ခွံများပေါ်တွင် နေကြတ်ခြင်းများကို မှတ်တမ်းတင်ခဲ့သည်။ ထိုမှတ်တမ်းများတွင် " နေကိုစားပြီးပြီ" ဟုရေးသားထားကြသည်။ ရှေးယခင်က မာယာ ဟုခေါ်သည့် လူမျိုးစုတို့သည် လကြတ်ခြင်း နှင့် နေကြတ်ခြင်း မှတ်တမ်းများကို မာယာနက္ခတ်မှတ်တမ်းအနေဖြင့်လည်းတွေ့မြင်ရပါသည်။ မြန်မာလူမျိုးတို့သည်လည်း နေကြတ်မှုအပေါ် အယူအဆ အမျိုးမျိုးကို ထုတ်ဖေါ်ပြောဆိုရေးသားမှုများရှိပါသည်။ နက္ခတ်ဆိုင်ရာ အမြင်များမှာ သဘာဝအတိုင်း လှည့်ပတ်နေသောဖြစ်စဥ်တစ်ခု ဖြစ်သော်လည်း လူတိုင်းအပေါ် သက်ရောက်မှု မရှိနိုင်ဟုယူဆ နိုင်ပေမည်။ သို့သော် တွက်ချက်မှုများအနေဖြင့် အချို့သော လူများတွင် ကောင်းကျိုး ဆိုးကျိုးများရှိနိုင်သည် ဟုမြင်ရပါသည်။

People around the world interpret the eclipse with different ideas. There are even presentations showing these ideas as movies. I will tell you a unique idea. China around 1200 BC Scribes at Anyang recorded eclipses on cow shoulders and tortoise shells called oracle bones. In those records, they wrote, "The sun has been eaten." The records of lunar eclipses and solar eclipses were also seen as Mayan star records by the ancient people called the Maya. Burmese people also have written and expressed various ideas about the eclipse. Astrological views are naturally a cyclical phenomenon, but may not affect everyone. However, the calculations show that there may be pros and cons for some people.

ကျွန်တော်အမြင်ကိုပြောရမည်ဆိုပါက နေကို လမှ ကွယ်နေမည့် အတွက် သိဟ်ရာသီခွင်ဖွားတို့သည် ခရီးသွားလာမှုနှင့် ဘာသာတရားကိစ္စများ ကိုလုပ်ဆောင်ရာတွင် ဧပြီလ ၈ရက်နှင့်၉ရက် တို့တွင် ဂရုတစိုက် ဆောင်ရွက်သင့်သည်ဟု မြင်မိပါသည်။ ကျွန်တော်၏ မိတ်ဆွေအပေါင်းအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။မင်းဇော်

In my opinion, since the Sun will be shielded from the Moon, the Leo Zodiac sign should be careful in their travel and religious matters on April 8th and 9th. May all my friends be healthy and happy. Min Zaw

Sort:  

ကျေးဇူးပါ ဆရာ