ယုံကြည်မှုကို တည်ဆောက်ခြင်း

in HIVE-MYANMAR5 years ago (edited)

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့။
ကျွန်တော့်ကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ။မိတ်ဆွေတို့ရဲ့ဘဝဖြတ်သန်းမှုမှာ အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်အချို့ တိုးတက်ခဲ့သော ဘဝလမ်းကွေ့တွေကို တွေ့ဆုံခဲ့ဖူးမှာပါ။အောင်မြင်မှု ကြီးကြီးဖြစ်ဖြစ်သေးသေးဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ကိုယ်အောင်မြင်ခဲ့တာ ဘာကြောင့်လို့ တွေးဖူးပါသလား။ မိတ်ဆွေတို့ ကို အောင်မြင်မှုဖြစ်စေခဲ့တာ ဘာလဲဆိုတာ မေးမြန်းချင်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝမှာ ကျေနပ်မှုရစေတဲ့ ဖြစ်ရပ်အချို့တော့ လူတိုင်းမှာ ရှိခဲ့ပါတယ်။ ထိုဖြစ်ရပ်တွေမှာ ဘယ်လိုကြောင့်ရခဲ့တာကို မေးချင်တာပါ။
ခဏစဥ်းစားလိုက်ပါ မိတ်ဆွေ။
နောက် မေးခွန်းတစ်ခုက သင်ဟာ လူတစ်ယောက်ကို အောင်မြင်သောသူ တိုးတက်သောသူတစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုရင် အဘယ်အရာဟာ အရေးအကြီးဆုံးလို့ ထင်မလဲ။
ကျွန်တော်တို့လူသားတွေဟာ ဘဝကို ကိုယ်စီကိုယ်စီဘဝမျိုးစုံဖြင့် ဖြတ်သန်းလျှောက်လှမ်းနေရတာပါ။ လူတိုင်းလူတိုင်းဟာ ဘယ်လိုအခြအနေမျိုးဘဲဖြစ်ဖြစ် လက်ရှိဘဝထက် မြင့်မားသော တိုးတက်သော အောင်မြင်သော ဘဝကို လိုချင်ကြတာပါဘဲ။ လူတွေဖြတ်သန်းနေတဲ့ ဘယ်နယ်ပယ်မဆို အောင်မြင်စေသောအရာကို ပြောပါဆိုရင် သင် ဘာကို ပြောချင်ပါသလဲ။
ကျွန်တော့်ကို မေးရင်တော့ ယုံကြည်မှုတည်ဆောက်ပေးပါလို့ ပြောချင်ပါတယ်။ ဘယ်လိုယုံကြည်မှုလဲဆိုတော့ မိမိကိုယ်ကို ယုံကြည်မှုဘဲ။ထိုစိတ်ဟာ အလွန်အရေးကြီးပါတယ်။ ဒေးလ်ကာနက်ဂျီ ထိုအချက်ကို တွေ့ရှိပုံကို ပြောပြမယ်။ သူဟာ စကားပြောသင်တန်း ဟောပြောမှုသင်တန်းဆိုပြီး ညဘက် သင်တန်းဖွင့်တယ်။ စဖွင့်တုန်းက သူ့မှာ အခက်အခဲ တော်တော်ရင်ဆိုင်ရတယ်။ သင်တန်းလာတတ်တဲ့သူတွေက လူပေါင်းစုံ၊အလုပ်တစ်ဘက်နဲ့ လာတတ်ကြတာ။ ပြောရမယ်ဆိုရင် အသက်ကြီးသူ များတာပေါ့။စကားပြောသင်တန်းဆိုတော့ အသံနေအသံထား ကိုယ်ဟန်ပန်အမူအယာ တွေသင်တာပေါ့။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ မိန့်ခွန်းတွေကို သင်တာပေါ့။ သူဘယ်လိုသင်သင် ပရိတ်သတ်က သူ့ကို ငူငူကြီးဘဲ ထိုင်ကြည့်နေကြတယ်။ သိပ်ပြီးစိတ်မဝင်စားကြဘူး။ ကောလိပ်ကျောင်းတုန်းက အောင်မြင်ခဲ့တဲ့နည်းစနစ်အတိုင်း သင်ပေမယ့် မအောင်မြင်ဘူးဖြစ်နေတယ်။ ထိုတုန်းကကျောင်းသားအချင်းချင်းသင်ရသလို အဓိက က ပြိုင်ပွဲမှာ ပထမရဘို့ ဦးတည်သင်ရတာ။ အခုသူသင်နေတဲ့သူတွေက အသက်ကြီးပိုင်းတွေဆိုတော့ ပြိုင်ပွဲတွေလို စိတ်မစားဘူး။ အထူးသဖြင့် မိန့်ခွန်းတွေကို နားမထောင်ချင်ဘူး။ သူတို့လိုချင်တာက လက်ရှိသူတို့ပတ်ဝန်းကျင်မှာ သူတို့အလုပ်မှာ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ် ဖြစ်ချင်တာ။ လုပ်ငန်းခွင်က အစည်းအဝေးတွေမှာ ရဲရဲဝံ့ဝံ့ ယုံကြည်မှုရှိရှိ စကားပြောတတ်ချင်တာ။ဒေးလ်ကာနက်ဂျီဟာ ဒါကို သတိထားမိသွားတယ်။ ဒီအတိုင်း စာအုပ်ကြီးအတိုင်း သင်လို့တော့မဖြစ်ချေဘူးဆိုပြီး နည်းစနစ် ပြောင်းသင်တယ်။ သူတို့ဖြစ်ချင်တာကို လေ့ကျင့်ပေးတဲ့ နည်းစနစ်ကို ပြောင်းလိုက်တယ်။ သင်တန်းသားတွေယုံကြည်မှုရှိအောင် တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်ပြောခိုင်းတယ်။ သူတို့ဖိအားမဖြစ်စေရအောင် ကိုယ့်အကြောင်းကိုဘဲပြောခိုင်းတယ်။ ​ပြောချင်တာပြော ၊အဓိက က ရှေ့ထွက်ပြောရဲဘို့ပဲ။ တစ်ဖြည်းဖြည်းလေ့ကျင့်တာ များတော့ ပြောရဲလာတယ် သူတို့ကိုယ်သူတို့ ယုံကြည်မှုတိုးလာတယ်။ ထိုအချိန်မှာ ထူးခြားမှုတွေကို သတိထားမိလာတယ်။ သင်တန်သားတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေမှာ အောင်မြင်တိုးတက်လာတယ်။ သူ လုပ်ပေးလိုက်တာက ပြောရဲဆိုရဲဖြစ်အောင် ယုံကြည်မှုရှိအောင် လေ့ကျင့်ပေးလိုက်တာ။ အောင်မြင်မှုတွေဟာ ချက်ချင်းဖြစ်လာကြတယ်။
လူအချင်းချင်း အဓိက ဆက်သွယ်တာက စကားပြောခြင်းဘဲ မဟုတ်လား။ တစ်ယောက်ချင်းဘဲဖြစ်ဖြစ် အများရှေ့မှာဘဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ရှင်းရှင်းလင်းလင်း အရှက်အကြောက်ကင်းစွာ ပြောတတ်ဘို့ လိုတယ်။ အချုပ်ပြောရရင် မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဘို့ လေ့ကျင့်သင့်တယ်။ တစ်ယောက်တည်းအခန်းမှာလည်းကောင်း လူရှေ့သူရှေ့ အစည်းအဝေးတွေမှာလည်းကောင်း စကားပြောဆိုမှု ကို ပြောရဲဆိုရဲဖြစ်အောင် လေ့ကျင့်ပါ။ မိမိရဲ့ယုံကြည်မှုကို လေ့ကျင့်ခြင်းဖြင့် တည်ဆောက်ယူပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျမ်းကိုး- လူပေါင်းများစွာကို ပြေားလဲစေခဲ့သူ (ဒေးလ်ကာနက်ဂျီ)
( ဖေမြင့်)

မဟော် (ရှားကိုး)
21/5/2020
4:00am

Sort:  

ဟုတ် ကိုမဟော် နည်းလမ်းအတိုင်း ကျင့်ကြည့်ဦးမယ်ဗျာ။
မြန်မာလူငယ်တော်တော်များများက လူရှေ့သူရှေ့ စကားပြောရတာ ယုံကြည်မှု
နည်းနေသေးတယ်။ ကျနော်အပါဝင်ပေါ့😁

ျေးဇူးပါညီ။

Self Confidence ဟာ အခရကျလွန်းပါတယ်ဗျာ

လူရှေ့သူရှေ့သာ စကားမပြောရဲသာ KTV သွားရင် မိုက်ခွက်လုနေရတယ်ကော....