အားလုံးဘဲ မင်္ဂလာပါ ခင်ဗျ။ဒီနေ့ ကျွန်တော် ဆွေးနွေးတင်ပြချင်တာက စိတ်နှလုံးအေးချမ်းစွာ ဘယ်လိုနေထိုင်မလဲ ခေါင်းစဥ်ဖြင့် ဆွေးနွေးလိုပါတယ်။ ဟုတ်ပြီ ဘာကိုစပြောချင်လံဆိုတော့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပထမဦးစွာ စ ပြောလိုပါတယ်။ ပထမ နံပါတ်တစ် ရှောင်ရမှာက မိတ်ဆွေတို့ရဲ့ အတွေးတွေကို ရှောင်ရမှာ ဖြစ်ကာတယ်။ ကျွန်တော်တို့ရဲ့ စိတ်တွေကို ဒုက္ခအပေးဆုံး က ကျွန်တော်တို့ရဲ့ အတွေးတွေပါဘဲ။ လူ့စိတ်သဘောသဘာဝက မဖြစ်ချင်တာကို ပိုတွေးလေ့ရှိတယ်။ အကြောင်းအရာတစ်ခုကို ကိုယ်က စိုးရိမ်ကြောက်လန့်နေရင် စိတ်ကထိုဟာဘဲ သွားပြီးတွေးဖြစ်နေတတ်တယ်။ တွေးတယ်ဆိုတာ အရာဝတ္ထုတွေကို လက်နဲ့ကိုင်တွယ်သလို စိတ်နဲ့ကိုင်တွယ်တဲ့သဘောပါဘဲ။ကိုင်ပြီဆိုမှတော့ ထိတွေ့နေပြီ။မလိုချင်ဘူးလဲ ပြောနေတယ် အတင်းဆုပ်ကိုင်ပြီး မလွှတ်တတ်တဲ့အကျင့် စိတ်မှာရှိတယ်။ စိတ်ချမ်းသာဘို့ စိတ်နှလုံးအေးချမ်းဘို့မှာ ဒါကိုသိဘို့ အရေးကြီးဆုံးဘဲ။ လက်ရှိငါ့ရဲ့စိတ်ဟာ ဘာကိုကိုင်တွယ်နေလဲ ဘာကိုတွေးနေလဲဆိုတာ သိဘို့ အရေးကြီးတယ်။ ကိုယ်မနှစ်သက်တာဆို ချက်ချင်းလွှတ်ချလိုက်ပါ။ သင့်ရဲ့စိတ်ဟာ တစ်ခုဘဲကိုင်တွယ်လို့ ရပါတယ် တစ်ချိန်တည်း နှစ်ခု မကိုင်တွယ်နိုင်ပါဘူး။ ဒါဟာလည်း အရေးကြီးဆုံးသိရမယ့် ဒုတိယအချက်ပါ။ အတွေးကို အစားထိုးတတ်ဘို့ အဓိက လိုအပ်ပါတယ်။ အစားထိုးတဲ့နေရာမှာ အာရုံကိုဖမ်းစားနိုင်တဲ့ powerကြီးဘို့တော့ လိုတယ်။ ဥပမာ ခလေးတစ်ယောက် ငိုနေတယ် ဆိုပါစို့။ သူလိုချင်တာလေးနဲ့ချော့ပြီး အာရုံပြောင်းအောင် လုပ်ရမှာပါ။ မုန့်ကျွေးပြီး အငိုတိတ်အောင် လုပ်တာတို့ ကစားစရာ အရုပ်ပေးပြီး ချော့တဲ့ အတိုင်းပါဘဲ။ လွယ်လွယ်လေးပါ၊ သတိထားပြီး အစားထိုးတဲ့အကျင့် လုပ်ဘို့ဘဲလိုတာပါ။
နောက်အရေးကြီးဆုံး သိထားရမှာက ပူလောင်စေတဲ့ အရာဝတ္ထုတစ်ခုဟာ သွားကိုင်မှ ပူတာပါ။ သူ့ကိုသွားမထိရင် မကိုင်တွယ်ရင် မပူပါဘူး။ ထို့အတူဘဲ အတွေးပူတွေဟာ ကိုယ်ကိုင်မှ ပူတာ ကိုယ်လက်ခံနေမှ ပူတာပါ။ တကယ်တမ်းက ရိုးရိုးရှင်းရှင်းလေးပါ။ တစ်ခုဘဲ လိုတယ် ပူရင် ပူမှန်းသိပါစေ။ ပူမှန်းသိတာနဲ့ ချက်ချင်းလွှတ်ချ ပါ ၊ ချက်ချင်းအစားထိုးပါ။
နောက်တစ်ချက် ပြောချင်တာက လူတွေကို ဒုက္ခအပေးဆုံးအရာဟာ ငါဆိုတဲ့အရာ ကို စွဲလန်းဆုပ်ကိုင်မိတာဘဲ။ ငါ့ပစ္စည်း ငါ့ဟာ ငါ့သား ငါ့မယားဆိုပြီး စွဲလန်းဆုပ်ကိုင်မှုဟာ စိတ်ဆင်းရဲမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ခုဘဲ။ စွဲလန်းမှုမှန်သမျှ ဒုက္ခတဲ့။ခွေးတွေ အချင်းချင်း ကိုက်နေကြတာ အစက ကိုယ့်စိတ်မှာ ဘာမှမဖြစ်ဘူး။ ကိုယ့်ခွေးနဲ့ ကိုက်နေမှန်းလဲ သိရော စိတ်မှာ စိုးရိမ်စိတ် ဖြစ်လာတယ်။ ဒါဟာ ကိုယ့်စိတ်က သွားစွဲမိလို့ဘဲလေ။
အထက်မှာ ကျွန်တော်ပြောခဲ့သလို အတွေးတစ်ခု အာရုံတစ်ခုကို အစားထိုးတဲ့နေရာမှာ အစားထိုးခံအတွေးထက် အစားထိုးတဲ့ဟာက အားကြီးဘို့ လိုတယ်။ ပုံမှန်အတွေးအာရုံကို အစားထိုးတာကလွယ်ပေမယ့် ငါဆိုတဲ့အာရုံစွဲလန်းမှုတွေကြ အားမကောင်းရင် ဖယ်ထုတ်ဘို့ မလွယ်ဘူး။ ဥပမာ ထမင်းဆာတာကို tvကြည့်ပြီး အာရုံပြောင်းတာတို့ ဂိမ်းကစားတာတို့နဲ့ အစားထိုးရတာလွယ်ပေမယ့် ငါ့သွေးသားတစ်ယောက် နာမကျန်းဖြစ်ရင် ထိုဖြစ်နေတဲ့စိတ်ပူလောင်မှုကို အစားထိုးနိုင်ဘို့ကတော်ရုံ အာရုံနဲ့မရဘူးလေ။ လေ့ကျင့်အားကောငိးတဲ့စိတ်ထားတတ်မှုဖြင့်သာ အစားထိုးနိုင်မယ်။ လေ့ကျင့်အားကောင်းတဲ့ စိတ်ထားတတ်မှုအကြောင်းကို ဆောင်ရန်အချက်တစ်ခုအနေဖြင့် နောက်နေ့မှာ ဆွေးနွေးပေးပါ့မယ်။
အားလုံးဘဲ စိတ်နှလုံး အေးချမ်းကြပါစေ။
မဟော် (ရှားကိုး)
13/5/2020
4:50 am
စိတ်ထားတတ်မှ
မြတ်လှဘဝ
ပျော်ရွှင်ရ၏
ျေးဇူးပါ ကိုဟိန်း
အနှစ်တွေကြီးပဲ.... ငါ ဆိုတဲ့ အတ္တဖျောက်နိုင်ရင် နိဗ္ဗာန် ရောက်ဖို့လွယ်သွားပြီလို့ ဆိုကြတာ ဒါကြောင့်ကိုး...
ငါကိုျောက်နိုင်ပြီဆို ထိုသူက ငရဲမကျတော့ဘူး။ငရဲကိုပို့တာ သူလေ။ ျေးဇူးပါ ကိုဟင်။