ပေါင်းသင်းဆက်ဆံရေးအတွက် လျှို့ဝှက်ချက်

in HIVE-MYANMAR5 years ago

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့။
ကျွန်တော်တို့လူသားတွေ စိတ်ချမ်းသာမှုမှာ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးဟာ အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ မိတ်ဆိုတို့ကို ကျွန်တော်ပေးချင်ဆုံးက စိတ်နှလုံးအေးချမ်းမှု စိတ်ချမ်းသာမှုပါ။ ထို့ကြောင့် သူနဲ့ဆိုင်ရာဆိုင်ရာလေးတွေကို စဥ်းစားပြီး တင်ပြနေခြင်းဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာ အဓိက ကဘာလဲဆိုတာ မိတ်ဆွေတို့ကို မေးချင်ပါတယ်။ ဘာလို့ ထင်ပါသလဲ။ ပြောကြတာရှိပါတယ် ။စာအုပ်တွေထဲကအတိုင်း ပြောရရင် ပြုံးပါတို့ ချီးကျုူးပါတို့ မဝေဖန်ပါနဲ့တို့ ချောင်ပိတ်တဲ့မေးခွန်းမပြောမိပါစေနဲ့တို့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံပါတို့ ပါဝင်မှာပေါ့နော်။ တကယ်တမ်းက ထိုထိုအရာတွေက ကိုယ်ပွါးအချက်အလက်တွေပါ။ ရေးမယ်ပြောမယ်ဆိုရင် ရာချီထောင်ချီ ဥပဒေသတွေ ရေးလို့ရပါတယ်။ တကယ်တမ်း သိရမှာက main ကို သိရမှာ။ အဓိက mainက တစ်ချက်တည်း တစ်ခုတည်းပါ။ ထိုအရာကို ကျွမ်းကျင်အောင်လုပ်နိုင်ရင် သင့်ကိုသူတစ်ပါး ချစ်ခင်နှစ်သက်ဘို့ မခဲယဥ်းပါဘူး။ သင့်ကိုတွေ့ခွင့်ရတိုင်း သူတို့ စိတ်နှလုံးအေးချမ်းနေမယ် ။ ထိုအရာကို သင် မပိုင်ဆိုင်ချင်ဘူးလားဗျာ။လိုချင်ရင် သိချင်ရင် ကျွန်တော် နည်းပေးပါ့မယ့်။ တကယ်လုပ်ဘို့တော့ လိုတာပေါ့နော်။
လူလူချင်း ပေါင်းသင်းဆက်ဆံရေးမှာ အဓိကကျသော တစ်ခုတည်းသောအရာဆိုတာ တစ်ဖက်သားအမြင်ဘက်က မြင်လေ့ရှိတဲ့ ကိုယ်ချင်စာတရားပါဘဲ။ ဒီစကါးလုံးရဲ့အဓိပ္ပါယ်ကို ကျယ်ပြန့်စွာ မသိကြဘူး။ ဒုက္ခကိုမျှဝေခံစားတာလောက်ဘဲ အသိအမှမှုပြုကြတယ်။ "မင်း ငါ့ကို ကိုယ်ချင်းမစာဘူး" ဆိုတဲ့ စကားလုံးကို လူတော်တော်များများက ဒုက္ခနဲ့ပက်သက်တဲ့အကြောင်းအရာလောက်ဘဲတွေးကြတယ်။ ပြောရမယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေးအတွက် အဓိက main စကားလုံး ပျောက်နေသလို ဖြစ်နေတယ်။ သူတစ်ပါးကို စိတ်နှလုံးအေးချမ်းအောင် ပြုံးပြတာဟာ ကိုယ်ချင်းစာတရားပါဘဲ။ ငါ့ကိုပြုံးပြတာနှစ်သက်ရင် သူလည်း ငါပြုံးပြတာ နှစ်သက်မှာဘဲ လို့တွေးတာဟာ ကိုယ်ချင်းစာတရားပါ။ ဒုက္ခကို မျှဝေခံစားတာမဟုတ်ပါဘူး။ ချမ်းသာမှု သုခတရားကို မျှဝေတာပါ။ ကျွန်တော်ဆိုလိုတာကို မိတ်ဆွေတို့ သဘောပေါက်မယ် ထင်ပါတယ်။ ပြောရမယ်ဆိုရင် တစ်ဘက်သားရဲ့အမြင် သူတစ်ပါးရဲ့ခံစားမှုကို အလေးထား အသိအမှတ်ပြုတာကို ကိုယ်ချင်းစာတရားလို့ ခေါ်တာပါဘဲ။ ကိုယ်ချင်းစာတရား အမြဲလက်ကိုင်ထားနိုင်ဘို့ လိုအပ်သောအရာ တစ်ခုရှိပါတယ်။ ထိုအရာကိုပိုင်ဆိုင်မှ ကိုယ်ချင်းစာတရားဟာ ဖြစ်ပေါ်လာနိုင်ပါတယ်။ လိုအပ်သောအရာဆိုတာ မေတ္တာတရားပါဘဲ။ ထိုနှစ်ခုဟာ အညမညပါဘဲ။ မေတ္တာတရားပြည်ဝလါရင် သည်းခံနိုင်မှုစွမ်းရည်ကလည်း တိုးတက်လာပါတယ်။ သူတစ်ပါးရဲ့မကောင်းတဲ့ တုန့်ပြန်ချက်ကိုလည်း ဥပက္ခာပြုနိုင်လာပါတယ်။ ဟုတ်ပြီ ခေါင်ကို ပြန်ကိုင်ရရင် ကိုယ်ချင်းစာတရားကို အမြဲလက်ကိုင်ထားနိုင်ဘို့ မေတ္တာတရားလိုအပ်ပါတယ်။ဒါဆိုရင် ကျွန်တော်တို့က မေတ္တာတရားပြည့်ဝအောင် အဓိက ပြုလုပ်ရမှာဖြစ်ပါတယ်။ လူအချင်းချင်းဆက်ဆံရေးမှာ ကိုယ်ချင်းစားတရားကို လိုသလို ကျွမ်းကျင်ပိုင်နိုင်စွာ ထားနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

မဟော် (ရှားကိုး)
25/5/2020
8:15 am

Sort:  

ကောင်းတယ်ကို မဟော်ရေ... အားပေးလျက်ပါ။

ျေးဇူးပါ ကိုဟင်။

ကိုယ်ချင်းစာစိတ်လေး မွေးမြူနိုင်အောင် ကြိုးစားရမှာပေါ့။
ကောင်းမွန်တဲ့ တင်ပြမှုလေးပါ။

ျေးဇူးပါ ညီ။