အကြောက်တရားကို ျော်လွှားခြင်း

in HIVE-MYANMAR5 years ago

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့
ဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်သဘာဝ ကို ကိုင်တွယ်ထိန်းသိမ်းနည်းလေးကို တင်ပြချင်ပါတယ်။ အထူးသဖြင့် ပြောချင်တာက အကြောက်လွန်သောစိတ်အခြေအနေ စိုးရိမ်လွန်းသောစိတ်အခြေအနေကို ကျော်လွှာနည်း ရင်ဆိုင်နည်းကို ဆွေးနွေးချင်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စိတ်နှလုံးအေးချမ်းစွာ နေထိုင်နည်း ဆောင်းပါးတွေဟာ အထက်ပါအခြေအနေတွေကို ကျော်လွှားနိုင်စေချင်လို့ ပါ။ လူတစ်ယောက် အကြောက်လွန်နေသောအချိန်မှာ မင်းမကြောက်ပါနဲ့ကွာ လို့ ပြောရုံနဲ့ သူရဲ့အကြောက်တရားတွေ စိုးရိမ်လွန်ကဲမှုတွေဟာ မပျောက်ပါဘူး။ သူလည်း ဘယ်ကြောက်ချင်ပါ့မလဲ။ ဘေးလူ အားပေးတာထက် ကာယကံရှင်ကိုယ်တိုင် ပြဿနာကို ဖြေရှင်းတတ်ဘို့ အရေးကြီးတယ်။ အကြောက်တရားရဲ့တရားကိုယ်က ဒေါသပါဘဲ။ ဒေါသကိုနိုင်စေတာက မေတ္တာတရားပါ။ ပထမဦးစွာ အကြံပေးလိုတာက အကြောက်လွန် စိုးရိမ်လွန်နေတဲ့သူတွေဟာ မေတ္တာပွါးတာ မေတ္တာပို့တာကို အချိန်ယူလေ့ကျင့်သင့်တယ်။ ကိုယ်ရဲ့စိတ်ကြံ့ခိုင်မှု အားကောင်းနေအောင် အချိန်ပေး လေ့ကျင့်ပေးပါ။ မေတ္တာဘာဝနာပွါးနေခြင်းအားဖြင့် အတွေးဆိုးလည်း မဝင်ရောက်နိုင်ပါဘူး။ အကြောက်လွန်မှု စိုးရိမ်လွန်မှုရဲ့ အဓိကတရားခံက ထိုအတွေးဆိုးတွေကြောင့်ပါ။ စိတ်ကို ကိုယ်နှစ်သက်တဲ့ ဘာဝနာ တစ်ခုခုဖြင့် အလုပ်ပေးထားပါ။ဥပမာ ဘုရားဂုဏ်တော်ပွါးတာတို့ ဝင်လေထွက်လေမှတ်တဲ့အကျင့် ပြုလုပ်တာတို့ပေါ့။ အကြောက်တရားတွေ ရင်ဆိုင်နည်း မြတ်ဗုဒ္ဓဟောကြားထားပါတယ် ။ဓဇဂ္ဂသုတ် မြန်မာပြန်ကို ဖတ်ကြည့်စေချင်တယ်။ မြတ်စွာဘုရားမှာ ကြောက်တတ်တဲ့ကိလေသာတွေ မရှိတော့တဲ့အတွက် ဘုရားဂုဏ်တော်တွေကိုပွါးများနေခြင်းဟာ အကြောက်တရား ကင်းစင်စေပါတယ်။ ဒါဟာ ဘုရားဟောပါ ၊သိပ္ပံနည်းလည်း ကြပါတယ်။နားလည်လွယ်အောင် ပြောရရင် ဓာတ်ကူးသွားတဲ့သဘောပေါ့။ မိမိဖြစ်နေတာ တကယ်ပျောက်ချင်ရင် တကယ်လုပ်ပါ။ထုံနေအောင် ဂုဏ်တော်ကို ပွါးနေပါ။အချိန်တိုင်း စိတ်ထဲက ရွတ်ဆိုနေပါ။ မိတ်ဆွေကိုယ်တိုင် ယုံကြည်မှုတိုးလာတာကို သိမြင်ခံစားလာရမှာပါ။ထို့အတူ မိတ်ဆွေရဲ့စိတ်လည်းကြံ့ခိုင်လာပါလိမ့်မယ်။ နောက်တစ်ခု နှလုံးသွင်းထားရမှာက ကြောက်စိတ်ဘဲဖြစ်လာဖြစ်လာ စိုးရိမ်စိတ်ဘဲဖြစ်ဖြစ် ခဏနေ ပြီးသွားမှာပါ ပျောက်သွားမှာပါဆိုတာ ဘဲ။ကြောက်စိတ်ပြေသွားတဲ့အချိန်မှာ စောစောက ကြောက်နေတာကို ပြန်စဥ်းစားကြည့်ရင် ဘာမှမဟုတ်ပါလားဆိုတာ သင် သတိထားမိလိမ့်မယ်။ နောက်တစ်ခါ သူနဲ့ရင်ဆိုင်တဲ့အခါကြတော့ ခဏနေပြီးသွားမှာ သိပ်ကြောက်စရာမဟုတ်ပါဘူးလို့ တွေးနေဘို့လိုတယ်။ ​အကြောက်လွန်ဖြစ်နေတဲ့ အချိန်မှာ မိတ်ဆွေ အဓိက လုပ်ရမှာက ကြီးမားသောတစ်ခြားအာရုံတစ်ခုခုဖြင့် ချက်ချင်းအစားထိုးပါ။ဥပမာ ဆိုင်ကယ်စီးတာ ကြောက်နေတယ်ဆိုပါစို့။ ဆိုင်ကယ်စီးပြီး မြင်နေရတဲ့မြင်ကွင်းဘက်ကို အာရုံပြောင်းပါ။ သစ်ပင်တွေ ရဲ့အနေအထား ဘာပင်ဘဲညာပင်ဘဲ ၊ကိုယ့်ရှေက ကားလေးဖြတ်ကျော်သွားရင်လည်း ထိုကားက ဘယ်လောက်တန်လောက်တယ် ဘာညာတွေးပြီး ဆိုင်ကယ်စီးလို့ကြောက်တဲ့အာရုံကို အစားထိုးပါ။စိတ်ဆိုတာ တစ်ချိန်မှာ တစ်စိတ်ဘဲဖြစ်တဲ့အတွက် တစ်ခြားအာရုံရောက်သွားရင် လက်ရှိဖြစ်နေတဲ့စိတ်ခံစားမှုလျော့ပါးစေပါတယ်။
အချုပ်ပြန်ပြောရရင် စိတ်ကြံ့ခိုင်လာအောင် မေတ္တာပွါးပါ ၊ဂုဏ်တော်ပွါးပါ ၊ ဖြစ်တိုင်ရင် ဝင်လေထွက်လေမှတ်ပါ ၊ ဘယ်အရာမဆို ခဏနေ ပြီးသွားမှာပါကို သိထားပေးပါ၊ ကိုယ်ကြောက်တာနှင့် ထိပ်တိုက်ရင်ဆိုင်ရရင် တစ်ခြားအာရုံဖြင့် ချက်ချင်းအစားထိုးပါ။ ကိုယ်ကိုင်မှ ပူတာ ကိုယ်လွှတ်ချလိုက်ရင် မပူမှန်း တစ်ဖြည်းဖြည်းသိလာမှာပါလို့ပြောကြားရင်း အဝေးတစ်နေရာက အကြောက်လွန်နေသော စိုးရိမ်မူလွန်နေသော မိတ်ဆွေအတွက် ရေးသားပေးပို့လိုက်ပါတယ်။ အကြောက်တရားတွေ ကင်းစင်ပပျောက်ပါစေ။

မဟော် (ရှားကိုး)
19/5/2020
6:20am

Sort:  

နည်းလမ်းကောင်းတွေ မျှဝေပေးလို့ ကျေးဇူးပါ။

အမြဲcmွေနဲ့ အားပေးနေလို့ ျေးဇူးအများကြီးတင်မိပါတယ်။

ကျေးဇူးပါ ကိုမဟော်ရေ... တပုဒ်ဆိုတပုဒ် အနှစ်ပါ တယ်။

ကိုဟင်တို့ ျေးဇူးကြောင့်ပါ။ ဆက်လက်ကြိုးစားပါ့မယ်။ ျေးဇူးပါ။