ကျွန်တော်သိချင်သော လိပ်ပြာ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားလိုသော လိပ်ပြာမှာ ပန်းဝတ်ရည်များအား စုပ်ယူတတ်သော အရောင်းအသွေး စုံလင် သော ပျံသန်းနိုင်သည့် လိပ်ပြာအား ဆိုလိုခြင်း မဟုတ်ပါ။ လူသား ခန္ဓာကိုယ် အတွင်း၌ ရှိသော လိပ်ပြာအား ဆိုလိုရင်း ဖြစ်ပါသည်။

ဤ မြန်မာတို့ အသုံးပြုသော လိပ်ပြာဟူသော ဝေါဟာရသည် ဝိညာဉ် အားဆိုလိုသည်လည်း မဟုတ်ပါ။ ဤသို့ ဆိုရလျင် ဤ လူသားနှင့် ဆက်စပ်နေသော လိပ်ပြာ ဟူသည်မှာ မည်ကဲ့သို့ ရှိသည်ကို သိလိုလှပါသည်။

အမှန်တော့ Soul ဟူသော အင်္ဂလိပ်စာလုံးသည် ဝိညာဉ် နှင့် လိပ်ပြာ နှစ်မျိုးလုံးအတွက် အသုံးပြုထားသည်ကို တွေ့ရပါသည်။ ဤ လိပ်ပြာဟူသော စကားလုံး အတွက် သီးသန့် အင်္ဂလိပ် စာလုံးရှိလျင် သိလိုလှပါသည်။

လိပ်ပြာလွင့် သည် / လိပ်ပြာလှသည် / လိပ်ပြာခွဲသည် / လိပ်ပြာမလုံ ဟူသော ဝေါဟာရများ ကြားဖူးပါသည်။ လိပ်ပြာလွင့် သည် ဟူသည်မှာ တစုံတခုအား ကြောက်အား ကြီးသောကြောင့် လိပ်ပြာလွင့်ထွက်သွားသည်ကို ဆိုလိုခြင်း ဖြစ်သလို ကျင့်စဉ်များ ကျင့်၍ မိမိလိပ်ပြာအား မိမိ စေလိုရာနေရာသို့ စေလွတ်နိုင်ခြင်း ဖြစ်ပါသည်။

ဤ လိပ်ပြာလွင့်ခြင်း အတတ်နှင့်ပတ်သက်၍ ဝတ္ထုစာအုပ်များတွင်တော့ ဖတ်ဘူးပါသည်။ ဤ ကျင့်စဉ်အား တကယ်အောင်မြင်စွာ ကျင့်နိုင်လျင်တော့ အတော်ဆုံး သူလျှို တယောက်ဖြစ်လာနိုင်မည်ဟုထင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် လူမသိသူမသိ နိုင်သော အလုပ်အတော်များများ လိပ်ပြာဖြင့် လုပ်နိုင် သိနိုင် သောကြောင့် ဖြစ်ပါသည်။

လိပ်ပြာလှသည်ဟူသော စကားမှာ အများအားဖြင့် နတ်နှင့်ပတ်သက်သော နေရာများတွင်ကြားရလေ့ရှိပါသည်။ အထူးသဖြင့် လူတဦး တယောက်အား မကြာခဏ နတ်ဝင်ပူးသည် ဆိုလျင် ထိုသူအား လိပ်ပြာလှသောကြောင့် နတ်များ ဝင်ပူးကြသည်ဟု ဆိုလေ့ရှိပါသည်။ ဤသို့ဆိုရလျင်ဖြင့် နတ်ဝင်ပူး မခံရသူတို့က လိပ်ပြာရုပ်ဆိုး များ ဖြစ်ကြတန်ရာ။

လိပ်ပြာခွဲသည် ဟူသော စကားမှာ မိခင်သေဆုံးသွားသော မွေးကင်းစခလေးအား မည်သူ့ထံ ပေးနေလိုသည့် အကြောင်း ချိန်ခွင်ဖြင့် လိပ်ပြာခွဲကြသည်ဟု ဖတ်မှတ်ဘူးပါသည်။ ကျွန်တော်ငယ်ငယ်က အဖြစ်အပျက်တခုအား မှတ်မိပါသေးသည်။

ဗန်းမောက် ( မိုးမောက် ) တွင် ကျွန်တော့ အဘိုးတို့ပိုင်သော လယ်မြေများအား စစ်တပ်မှ သိမ်းယူလိုက်သောအခါ အဘိုး / အဘွား နှင့် ကျွန်တော့ ဦးလေး အငယ်ဆုံးတို့ မြစ်ကြီးနားမြို့ပေါ်သို့ အပြီးတိုင် ပြောင်းလာခဲ့ကြပါသည်။

မြစ်ကြီးနား သို့ ပြောင်းလာပြီးနောက် ကျွန်တော့ ဦးလေး အငယ်မှာ မကြာခဏဖျားသောကြောင့် ကျွန်တော့ အဘိုးမှ ကြက်ဥပြုတ်များ ဖြင့် ဦးလေး ၏ လိပ်ပြာအား မိုးမောက် မှ မြစ်ကြီးနားသို့ ပြန်ခေါ်သည်ကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။ ထို့နောက်တော့ ကျွန်တော့ ဦးလေးလည်း ထပ်မဖျားတော့ပါ။ တိုက်ဆိုင်သည်လား ... တကယ်ပဲလား မသိပါ။

ဤတွင် စကားဖြတ်၍ ကျွန်တော့ ပညာရေး အကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ကျွန်တော့ အနေဖြင့် ၈ / ၉ / ၁၀ တန်းကျောင်းသား ဘဝများ၏ စာမေးပွဲများတွင် လုံးဝ ( လုံးဝ ) စာခိုးချခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် တက္ကသိုလ် ရောက်သော အခါ တက္ကသိုလ် စာမေးပွဲများအားလုံး ( အားလုံး ) အား ခိုးချ၍သာ အောင်ခဲ့ပါသည်။

တက္ကသိုလ် အဝေးသင် တက်သည့် တလျှောက်လုံး စာဟူ၍ တလုံးမှ မသိသလို ကျက်လည်း မကျက်ခဲ့ပါ။ ကျွန်တော်တို့ ခေတ်တွင် တက္ကသိုလ် စာမေးပွဲအား ပြင်ပ အထက်တန်းကျောင်းများတွင် ကျင်းပကြရာ စာမေးပွဲခန်းစောင့် သောဆရာမသည်လည်း State ကျောင်းဆရာမများသာ ဖြစ်ကြပါသည်။

ထို့ကြောင့် State ကျောင်းဆရာမများသည်လည်း တက္ကသိုလ် ကျောင်းသားတို့အား ကြောက်ကြသည်ဖြစ်ရာ ( ဆူဆူပူပူ ပြသနာတခုခုတက်လျင် ထိုကျောင်းအုပ်ကြီးနှင့် တကွဆရာဆရာမများပါ ပြသနာကြီးနိုင်ပါသည် ) စာခိုးချလိုက်ကြစမ်းဆိုသည်မှာ စာမေးပွဲ ခန်းနှင့်ပင်မတူပါ။ စာကူးပွဲ ပင်ဖြစ်ပါတော့သည်။

ရေးပြရသည်လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသကဲ့သို့သာ။ ဤသို့ဖြင့် ကျွန်တော် ဘွဲ့သာရလာသည် ကျွန်တော်ယူထားသော ဘာသာဖြစ်သည့် ရုက္ခဗေဒ အကြောင်း နကန်းတလုံးမှ မသိပါ။ တလုံးမှလည်း မမှတ်မိသလို တကယ်ပင် ဘားမှ လည်းမတတ်ခဲ့ပါ။ သို့သော် ဘွဲ့လက်မှတ် တော့ အိမ်ဦးခန်းတွင် ချိတ်ထားနိုင်ခဲ့ပါသည်။

အထက်တွင် ဖေါ်ပြခဲ့သော လိပ်ပြာ အကြောင်း ဆက်ကြအုံးစို့။ ကျွန်တော် ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်များတွင် ကျင်လည်နေရသော အချိန် မှ ယခုအချိန်ထိ အိမ်မက်တမျိုးတည်း အခါခါ မက်ခဲ့ပါသည်။

ထိုအိမ်မက်မှာ " ကျွန်တော့ အနေဖြင့် စာသင်ခန်းထဲရောက်နေသည် မနက်ဖြန် စာမေးပွဲ ဖြေတော့မည် ကျွန်တော့ ခေါင်းထဲတွင် ဖြေစရာ စာတလုံးမှ ရှိမနေသေးပါ " အစရှိသော အိမ်မက်မျိုး ဖြစ်ပါသည်။

တခါတရံ အိမ်မက်ထဲတွင်လည်း ခိုးချလိုက်မည် စိတ်ကူးသော်လည်း မည်သည့်စာအား မည်သို့ ခိုးချရမည် ပင်အဖြေမပေါ်လာသည့် အခိုက်အတန့်လည်း ရှိခဲ့ပါသည်။ တခါတရံတော့လည်း အိမ်မက်ထဲတွင် " ငါ့မှာ စာလည်း မကျက်ထား / ဘာမှတ်စုမှလည်း မရှိ / ဒီတနှစ်တော့ အကျခံလိုက်တော့မယ် နောက်နှစ်မှ ပြန်ဖြေမယ် " ဟူသော အတွေးများလည်း တွေးမိပါသည်။

ဤသို့သော အိမ်မက် များ မက်သည့်အခါ အိမ်မက်ထဲတွင် ကျွန်တော် အလွန်စိတ်ဆင်းရဲရပါသည်။ တနှစ်လုံး အချိန်ဖြုန်းပြစ်သည် / မိဘပိုက်ဆံ တနှစ် အလကားဖြုန်းပစ်သူ ဟူ၍။ အိမ်မက်မှ လန့်နိုးလာသည့် အခါတွင်ပင် စိတ်ကသိကအောက် ဖြစ်နေပါသေးသည်။ အတော်ကြာမှ ငါဘွဲ့ရပြီးသားပဲ ဟူ၍ စိတ်အေးသွားရပါသည်။

အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်းပြန်ဆန်းစစ်သော် ကျွန်တော်သည် ကျွန်တော် နှင့် မထိုက်တန်သော အရာ ( ဘွဲ့လက်မှတ် ) အား မဟုတ်မမှန်သော နည်းလမ်းဖြင့် ယူထားခဲ့မိသောကြောင့် ဖြစ်ပါသည်။

အခြာသူများအား ကျွန်တော့ အနေဖြင့် ဘွဲ့ရပညာတတ်ဟု ပြောနိုင်သော်လည်း ကျွန်တော့ လိပ်ပြာကတော့ ထိုအဖြစ်အား လက်မခံပါ။ အချိန်ရတိုင်း အိမ်မက်မက်စေခြင်းဖြင့် ကျွန်တော့အား စိတ်ဆင်းရဲစေပါတော့သည်။ ဤသည်မှာ " ကိုယ့်လိပ်ပြာ ကိုယ်မလုံ " ဟူသော စကား ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ထိုလိပ်ပြာမလုံရသော အဖြစ်အပျက်အား ပြန်ပြင်၍ မရနိုင်တော့ပါ။ တသက်လုံး ကျွန်တော့ လိပ်ပြာကတော့ အချိန်ရတိုင်း ကျွန်တော့အား အိမ်မက်ထဲတွင် စာမေးပွဲခန်းထဲသို့ တွန်းပို့ကာ စိတ်ဆင်းရဲ စေတော့မည် ဖြစ်ပါသည်။ ဤသည်က ကျွန်တော်တယောက်နှင့် ကျွန်တော့ ဘဝတခုသာ ဖြစ်ပါသည်။

ယခုတလော Facebook ပေါ်တွင် ဓါတ်ပုံ တပုံတွေ့မိပါသည်။ ညှိုးငယ် ကြီးစွာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ပရိတ်ရွတ် နေသူတယောက်။ ကျွန်တော့ အနေဖြင့် သန်းပေါင်း ၆၀ ကျော်သော လူသားများ၏ ဘဝများနှင့် ဆိုင်သော အရာအား မိမိနှင့် မထိုက်တန်သော်လည်း မတရား နည်းလမ်းဖြင့် ယူထားသူတို့၏ အိမ်မက်အတွင်းသို့ ဝင်ကြည့်ချင်လှပါသည်။

ထိုသူတို့၏ လိပ်ပြာ များသည် မည်သို့သော အိမ်မက်များဖြင့် ထိုသူတို့အား စိတ်ဆင်းရဲစေသည် ဆိုသည့် အကြောင်း။ တကယ်တမ်းဆိုရလျင် လူသားသည် မိမိကိုယ်ကို မိမိ အတင်းအကျပ်လိမ်လည် ၍ ရမည်ဖြစ်သော်လည်း မိမိလိပ်ပြာအားတော့ လိမ်လည်၍ မရတန်ရာ။

Henry Aung ( Kachin )

01/12/2021 - Wednesday - 18;34 Pm

Sort:  

မြန်မာစကားက ရှုပ်တယ်နော့ စိတ် လိပ်ပြာ ဝိညာဥ် မနော အားလုံက အင်္ဂလိပ်လိုဆို တမျိုးထဲနေလောက်တယ်။ ဥပမာ ဘုန်ကြီးသေသေ မယ်တော်သေသေ လူသေသေ ဘုရင်သေသေ နတ်တွေဘဲသေသေ အားလုံးကို die လို့ဘဲ အင်္ဂလိပ်လိုခေါ်တာဘဲမဟုပ်လား

ဟုတ်ပါ့ ဦးယုရေ... မြန်မာတွေ ဝေါဟာရကြွယ်ချက်တော့။ !LOL. !PIZZA. !LUV

I really love video games where you go for an deep sea adventuring.
They're just so immersive.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)@yuzana, I sent you an on behalf of @kachinhenry

အာဏာသိမ်းတာ ကိုယ်တေ ကျနေတာပဲ 😀သူ တို့ ဖြစ်ပျက်နေပုံက😂

ပြောပလိုက်...😁😁😁 !LOL. !PIZZA. !LUV

What do cheaters do after they die?
They lie still

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)@kyi, I sent you an on behalf of @kachinhenry

အဲ့ထိုင်ခုံမှာ ထိုင်နေသူကြီး အိပ်ကောင်းခြင်း၊
စားကောင်းခြင်း ရှိပါလေစ
သူ့ရဲ့လိပ်ပြာ ရော မည်သည့်လိပ်ပြာ ဖြစ်နေမလဲ သိချင်စမ်းပ။
!PIZZA
!LOLZ

Why did Stalin only write in lowercase?
Because he hated capitalism.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)@kachinhenry, I sent you an on behalf of @htwegyi

အမှန်တော့ သူရို့လည်း အနည်းနဲ့ အများတော့ စိတ်ဆင်းရဲနေရမှာပဲ... ထင်ထားသလို ဖြစ်မလာမှကိုး...!PIZZA. LOL. !LUV

အထက်ပါ ကိုဟင်သုံးသွားတဲ့ လိပ်ပြာ ဆိုတဲ့ စကားရပ်မှာ ကျမတို့ ဗုဒ္ဓဘာသာ ဘုရားဟော အကိုးအကားတွေနဲ့ ရှင်းပြရမယ်ဆိုရင် အများကြီးပါ
အတိုကောက်အနေနဲ့ ပြောရရင်တော့ စိတ် စေတသိတ် ရုပ် နာမ် ခန္ဓာ သဘောတရား တွေ လို့ ပြောရမယ် ထင်ပါတယ်

အခုလိုရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။. !PIZZA. !LUV

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 9250 replies.
Your next target is to reach 9500 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month Challenge - Winners List
Hive Power Up Day - December 1st 2021 - Become an Orca!

Thanks You So much... !PIZZA. !LOL. !LUV

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.

You're welcome @kachinhenry, that's well deserved! Have a nice weekend 😊👍 !BEER 🍻

You need to stake more BEER (24 staked BEER allows you to call BEER one time per day)

ခုံနဲ့ရောပြီး သဂြိုလ် ပေးရမယ်ထင်
ခုံချစ်သူ၊ စွဲလမ်းသူ $ ရူးတွေကိုတော့
!PIZZA

ယူသွားပါစေ... ကြိုးစင်တင်လည်း ခုံခုရမဲ့အတူတူ. !PIZZA. !LOL. !LUV

I saw 4 guys beating up 1 guy so i stopped to help.
He had no chance against all 5 of us.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)@donjaun, I sent you an on behalf of @kachinhenry

မကောင်းတဲ့သူက ဘယ်လောက်ပဲ ပရိတ်ရွတ်ရွတ်မစွမ်းတော့ဘူး

!PIZZA
!LOLZ

Why do they call it euthanasia?
It’s not like you’re getting any younger

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)@kachinhenry, I sent you an on behalf of @naythan

ခုကတည်းကကို အကုသိုလ်တွေတက်နေပါပြီ။ ယတြာ တွေလည်း မကယ်နိုင်တော့ဘူး။. !LOL !PIZZA. !LUV

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.

Dr strange ဇာတ်ကားကြည့်သင့်တယ် ဆာဟင် 😁 လိပ်ပြာအကြောင်းကို ရေးသားရာ၌ အတ္တ ဇီဝလိပ်ပြာ ဝိညာဉ်အသက်ရှိသည်ဆိုသော အယူဝါဒသည် ဗုဒ္ဓဘုရားအယူဝါဒရှိသူတို့မှ တစ်ပါးသောအယူဝါဒရှိသူတို့၏ အယူဝါဒမျှသာဖြစ်၏။ ဗုဒ္ဓဘုရားအယူဝါဒ ၌ကား သတ္တဝါတို့၌နာမ်တရား ရုပ်တရားသာရှိ၏။ အတ္တဇီဝ လိပ်ပြာ ဝိညာဉ်အသက်ဟူ၍မရှိ။ ယင်းတို့ကား ကြံစည်တွေးဆ၍ မှည့်ခေါ်ထားသော အမည်ပညတ်မျှသာဖြစ်၏။ ဥပမာ ယုန်ချို၊ လိပ်မွေး၊ ပုစွန်သွေးဆိုသော စကားကဲ့သို့တည်း။

ခုမှပဲ ရှင်းတော့တယ်။ ရုပ် / နမ် ၂ မျိုးတည်း !PIZZA. !LUV

စာမေးပွဲ ဖြေရတဲ့ အိမ်မက် မက်တာတော့ စိတ်ဖိစီးမှု့ တွေကြောင့်လို့လည်း ထင်ပါတယ်။ညီမလည်း တစ်ခါတစ်လေ ၁၀ တန်း အိမ်မက်ထဲ ပြန်ဖြေနေရတယ်။စာလည်း မရဖူးတဲ့။ ၁၀တန်း စာမေးပွဲတုန်းက အိပ်ရေးတွေပျက် စိတ်တွေလည်း ဖိစီးခဲ့တော့ အခုထိ အိမ်မက် ထဲ ခြောက်လန့်နေတုန်း ထင်ပါတယ်။

!PIZZA

မှန်တယ် ညီမ... စိတ်ဖိစီးရင် အဲသလို အိမ်မက် မက်တတ်ပါတယ်။ အစ်ကိုက ကြင်စိုးတို့ အကြောင်း ဆွဲထည့်ချင်တော့ တမင်ကို ထည့်ရေးလိုက်တာ။. !LOL. !PIZZA. !LUV

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.

ကိုဟင်ပြောသလို ကျနော်လည်းဆယ်တန်းစာမေးပွဲပြန်ဖြေရတယ်လို့ ခဏခဏမက်ဖူးတယ်။ ကျနော်ကတော့ နောက်ဆုံးနှစ်မှခိုးချတာ။ ခုနောက်ပိုင်းတော့သိပ်မမက်တော့ဘူး။

ကိုဟင်ဆိုလိုချင်တဲ့ သူရဲ့လိပ်ပြာတော့ ဘယ်လိုနေမယ်မသိဘူး။ဉပဓိရုပ်ကတော့ ယခင်ကလောက်အကြည်ဓာတ်မရှိတော့ဘူး။
တစ်နှစ်အတွင်းကိုဆယ်နှစ်စာ‌ေလာက် အိုစနာကျသွားတာမျက်မြင်ပဲ။

အမှန်တော့ သူရို့လည်း အနည်းနဲ့ အများတော့ စိတ်ဆင်းရဲနေရမှာပဲ... ထင်ထားသလို ဖြစ်မလာမှကိုး...!PIZZA. !LOL. !LUV

I need to figure out the best treatment for my narcolepsy.
My doctor told me to sleep on it.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)@nweoomon, I sent you an on behalf of @kachinhenry

ကုသိုလ်တပဲ၊ ငရဲတပိဿာတဲ့။ အကုသိုလ်လှိုင်းအပုတ်မှာ တဘဝစံလှေမြှုပ်မှာပဲ။ မကြာတော့ဘူး။

ခုကတည်းကကို အကုသိုလ်တွေတက်နေပါပြီ။ ယတြာ တွေလည်း မကယ်နိုင်တော့ဘူး။. !LUV. !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
naythan tipped kachinhenry (x1)
kachinhenry tipped ansoe (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped myothuzar (x1)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
(14/18)
kachinhenry tipped donjaun (x1)
kachinhenry tipped sheinthu (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped yuzana (x1)
kachinhenry tipped kyi (x1)
myothuzar tipped kachinhenry (x1)
kachinhenry tipped hivebuzz (x1)
kachinhenry tipped mamamyanmar (x1)
kachinhenry tipped htwegyi (x1) @kachinhenry tipped @naythan (x1)

Learn more at https://hive.pizza.

လိပ်ပြာ လို့ သုံးနူန်းတဲ့ ပညက်ကို တချို့ဆရာတော်ကြီးတွေကတော့ လက်ခံမပေးဘဲနဲ့ ဝိညာဉ် လို့ပညက်အနေနဲ့ လက်ခံတာတော့ ကြားဖူးတယ် ကိုဟင်။အဲ့ဒီဝိညာဉ်ဟာ ကျနော်တို့ထင်နေတဲ့ ဝိညာဉ်တော့ဟုတ်ဘူး အနုသယ အသိစိတ်လို့ ပြောတယ်အကို။ ဒီဟာလေးတွေဟာ မမမြန်မာ ပြောတဲ့ဟာတွေနဲ့ ဖဲွ့စည်းဖြစ်တည်နေပီး အကြောင်းတစ်ခုခုနဲ့ တိုက်ဆိုင်ကြုံကြိုက်လာတိုင်း ခုကိုဟင်ပြောနေတဲ့ လိပ်ပြာမျိုးတွေကို ဖြစ်ပေါ်စေတဲ့ သဘောလို့ ကျနော်ဖြင့်နားလည်းထားမိတယ်အကို။

အခုလိုရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။. !PIZZA. !LUV

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more, by @kachinhenry.

လိပ်ပြာ စာသားလေးလှသလောက် အဓိပ္ပါယ်က နက်နဲလှပါတယ်ဗျာ။