မင်္ဂလာပါ။ ကျွန်တော်၏ စင်္ကပူ အတွေ့အကြုံ အကြောင်း ဆက်လက်ဖေါ်ပြပေးပါအုံးမည်။ ယခင် ဆောင်းပါးတွင် ကျွန်တော့အနေဖြင့် စာအုပ်များ ဖြန့်ချီသော Pensing ဟူသော ကုမ္ပဏီ ၏ Warehouse / Inbound ဟူသောနေရာ တွင် အလုပ်လုပ်နေရကြောင်း ဖေါ်ပြပေးပြီး ဖြစ်ပါသည်။
ဤ စာအုပ်များ ဖြန့်ချီသော Warehouse တခုလုံး၏ အလုပ်အား ဖေါ်ပြပေးရလျင် Inbound ( စာအုပ်များ လက်ခံယူသောနေရာ ) / Outbound ( စာအုပ်များ ဖြန့်ချီရန်) / Packing ( စာအုပ်များ ပြင်ဆင် ထုပ်ပိုးရန်) / Delivery ( မှာယူထားသော ဆိုင်များသို့ လိုက်လံ ပို့ဆောင်ပေးရန် ) / Return ( ဆိုင်များမှ ပြန်ရောက်လာသော စာအုပ်များအား စိစစ် လက်ခံရန် ) အစရှိသဖြင့် သူဌာနနှင့် သူရှိပါသည်။
ဤ စာအုပ်ဖြန့်ချီသော Process တခုအား အသေးစိတ်ရေးပြရလျင် ပထမဦးဆုံး Pensing ရုံးချုပ်မှ ကျွန်တော့ ထံသို့ Email ပို့လာပါမည်။ မနက်ဖြန်တွင် Shipments ( စာအုပ်များ ) များ ရောက်မည်။ သင်္ဘောဖြင့် ရောက်လာသော စာအုပ် Pallet မည်မျှ နှင့် လေကြောင်း မှ ရောက်လာသော စာအုပ် Pallet မည်မျှ ဟူ၍ Email ရောက်လာပါသည်။
နိုင်ငံခြားမှ စာအုပ်များ ပေးပို့ရာတွင် သစ်သား Pallet ခုံ ပေါ်တွင် ကတ္ထူ စက္ကူ ပုံးများ ဖြင့် ပေးပို့ကြခြင်း ဖြစ်ပါသည်။သစ်သား Pallet နှင့် ကတ္ထူ ပုံးများအား နမူနာ ပုံတွင် ကြည့် နိုင်ပါသည်။
( Original Image - Google )
ဆိုတော့ သင်္ဘောဖြင့် ရောက်လာသော Pallet ဘယ်နှစ်ခုသည် Sea Shipment Number ဘယ်လောက် / လေကြောင်းမှ ရောက်လာသော Pallet ဘယ်နှစ်ခုသည် Air Shipment Number ဘယ်လောက် စသည်ဖြင့် ခွဲခြားထားပေးပါသည်။
ဤ သို့ Pallet များ၏ ကတ္ထူပုံးများအား ပလာစတစ် အကြည်သာ ဖြင့် ထပ်မံ ပတ်ထားသည် ဖြစ်ရာ အပြင် ဘက်တွင် ကပ်ထားသော Shipment စတစ်ကာ အား ကြည့် ခြင်း ဖြင့် ဤ စာအုပ်များသည် လေကြောင်း ဖြင့် ရောက်လာသည်လား ရေကြောင်း ဖြင့် ရောက်လာသည်လား သိနိုင်ပါသည်။
ဤသို့ မခွဲခြားထားပါက Pallets များ အားလုံးရောထွေ သွားကာ ပြသနာ တက်ကုန်မည် ဖြစ်ပါသည် ။ ဤ စာအုပ် Pallet များ အား လက်ခံရသော တာဝန်မှာ ကျွန်တော့ တာဝန် ဖြစ်ပါသည်။
ပထမဆုံး ကျွန်တော်က Shipment Number တခုအား ရွေးချယ်ကာ ကွန်ပြူတာ ရှိ AS400 ဟူသော System တွင် Register လုပ်လိုက်လျင် ထို Shipment တွင် ပါဝင်သော စာအုပ်များ အားလုံး၏ ISBN များ ပေါ်လာပါသည်။
ISBN ဟူသည်မှာ စာအုပ်အဖုံး ၏ အနောက်ဘက်ဒေါင့်တွင် ISBN ဘားကုဒ်ပါပါသည်။ International Standards Barcode Number ဖြစ်ပါသည်။ ဤသည် မှာ စာအုပ်ထုတ်ဝေသူတို့၏ စံဖြစ်ပါသည်။ စာအုပ်တိုင်းတွင် ဤ Standard Number barcode ပါဝင်ပါသည်။
မြန်မာပြည်မှ စာအုပ်များလည်း နောက်ပိုင်းတွင် ဘားကုဒ်ထည့်လာကြပါသည်။ သို့သော် ထိုဘားကုဒ်သည် ISBN ဘားကုဒ်မဟုတ်ပါ။ စာအုပ်အမည် ဘားကုဒ်သာ ဖြစ်ပါသည်။ ဆိုရလျင် မြန်မာပြည်ထုတ်စာအုပ်မှာ မြန်မာပြည် အတွက်သာ ဖြစ်ပါသည်။ နိုင်ငံတကာ သို့ ဖြန့်ချီရန် အတွက်မှု ISBN မဖြစ်မနေလိုအပ်ပါသည်။ ဤသို့ ISBN နံပတ်ရရန်လည်း ထုတ်ဝေသူတို့ လိုက်နာအပ်သော စံချိန်စံညွန်း မှီ မှ ISBN နံပတ်ရနိုင်မည် ဖြစ်ပါသည်။
ဆိုတော့ ကျွန်တော်က Shipment Numbers ရပြီဖြစ်ကြောင်း အချက်ပေးလိုက်သည်နှင့် ကျွန်တော့ လူများက စာအုပ်ကတ္ထူပုံးထဲမှာ စာအုပ်များအား စတင်ထုတ်ယူကာ တွန်းလှည်း လေးပေါ်သို့ တင်ရပါသည်။ ဤသို့ တွန်းလှည်း ပေါ်မတင်ခင် စာအုပ်များ ၏ ISBN barcode အား Scan ဖတ်ရပါသည်။
( Original Image - Google )
ဥပမာ Scan ဖတ်လိုက်သည်နှင့် ဤ နံပတ်သည် ဆရာရွှေဥဒေါင်း စာအုပ် / နောက်ထပ်စာအုပ်ထုတ်ယူ Barcode scan ဖတ် လိုက် / ဤ နံပတ်သည် ဆရာချစ်ဦးညို စာအုပ် စသည်ဖြင့် Scanner screen တွင် မြင်နေရပါသည်။ ဤသို့ တွန်းလှည်း များအားလုံးတွင် စာအုပ်များစီပြီးလျင် တွန်းလှည်းများတွန်းကာ စာအုပ်စင်များသို့ စာအုပ်သွားထားရပါတော့သည်။
ဤသို့ စာအုပ်စင် များအတွင်းရောက်လျင် မိမိက လှည်းပေါ်မှ စာအုပ်တမျိုး အားယူကာ နောက်တကြိမ် Scan ဖတ်လိုက်ပါသည်။ ဥပမာ ဆရာရွှေဥဒေါင်း၏ ဦးစံရှား အတွဲ (၁) ဝတ္ထုဆိုပါစို့။ ယခင်က ဤ Pensing warehouse သို့ ဦးစံရှား အတွဲ (၁) ဝတ္ထု ရောက်ထားဘူးလျင် Scan ဖတ်လိုက်သည်နှင့် Location နေရာပါ တခါတည်း ပေါ်လာပါသည်။ ဆိုတော့ ထို location နေရာသို့ ရောက်အောင်သွားကာ ဦးစံရှား အတွဲ ၁ ဝတ္ထုအား သွားထားရပါသည်။
Location ကလည်း အလွန်များပါသည်။ စင် တစင်လျင် အကန့် ၅ ကန့် နှင့် အထပ် ၅ ထပ်ပါဝင်ပါသည်။ ဤကဲ့သို့သော စင်မျိုး အပေါ်ထပ် ၄၀၀ ကျော် အောက်ထပ် ၄၀၀ ကျော်ရှိပါသည်။ ဤ စာအုပ်စင်များကြားထဲ ရောက်သွားလျင် တော်ရုံလူအား ရှာ၍ မလွယ်ပါ။
တခါတရံ အလုပ်ပါးလျင် ကျွန်တော့ လူများက ထိုစာအုပ်စင်များကြား တွင် သွားထိုင်ငိုက်နေကြသည်လည်း ရှိပါသည်။ ဤကဲ့သို့ Shipment တခုမှ စာအုပ်ရှိသမျှ စင်ပေါ်သို့ စာရင်း သွင်းပြီးသွားလျင် ကျွန်တော်က စာရင်း ပိတ်ရပါသည်။
AS400 system ထဲတွင် စာရင်းပိတ်ရန် Shipment Numbers ရိုက်ထည့်လိုက်သည်နှင့် အပြည့် အစုံ စာရင်း သွင်းပြီးသွားလျင် Completed ဟူ၍ ပေါ်လာပြီး စာအုပ်စာရင်းသွင်းရန် လက်ကျန်ရှိပါက ISBN နံပတ် နှင့် စာအုပ်အမည် အုပ်ရေ ဘယ်လောက် စာရင်းသွင်းရန် ကျန်နေသည်ဟု ဖေါ်ပြပေးပါသည်။
ဤ သို့ Error တက်လာလျင် ကျွန်တော် ခေါင်း မီးတောက်ရပါပြီ။ ပထမဦးစွာ စာအုပ်ပိုသွင်းသော စာရင်း ရှာကြည့်ရပါသည်။ ဥပမာ ဤ Shipment တွင် ချစ်ဦးစာအုပ် ၁၀ အုပ်သာ ပါသော်လည်း ၁၅ အုပ်စာရင်း သွင်းထားသည်ဆိုလျင်လည်း Error ပြပါသည်။ ဆိုတော့ ပျောက်နေသော စာအုပ်များသည် ချစ်ဦးညို စာအုပ်များနှင့် ကြားညှပ်ပါသွားခြင်း ဖြစ်နိုင်ပါသည်။
အဘယ်ကြောင့် ဆိုသော် များသောအားဖြင့် ဝတ္ထုစာအုပ်များမှာ ဆိုဒ်တူ ပုံစံတူ များ ပါလာတတ်သော ကြောင့် ဖြစ်ပါသည်။ အကယ်၍ စာရင်းပိုသွင်းထားသော Error လည်းတက်မ လာ စာအုပ်ကလည်း ပျောက်နေပြီဆိုလျင် ကျွန်တော့ အနေဖြင့် ထိုစာအုပ်၏ ISBN အား Google ထဲ ရိုက်ထည့်လိုက်လျင် ထိုစာအုပ်ပုံစံ စာရေးဆရာ ဘယ်သူ စာအုပ်အမည် မည်သို့သော အရောင် စသည်ဖြင့် အားလုံး အပြည့်အစုံ Information ကျလာပါသည်။
တွန်းလှည်း တွန်းကာ စာအုပ်စင်များသို့ စာရင်း သွင်းသော အလုပ်သမား အားလုံးအား ခေါ်ကာ ထိုပျောက်နေသော စာအုပ်ပုံစံပြ ပြီး ရှာခိုင်းရပါတော့သည်။ ထိုအခါ ထိုစာအုပ်ပုံစံနှင့် အရောင်အား မှတ်မိသူရှိပါက ကိစ္စမရှိသော်လည်း မသိဘူး မမှတ်မိဘူးဆိုလျင် ဒေါင်းတောက်အောင်ရှာပေရော့။
တခါတရံ စာအုပ်စင်ပေါ်တင်သူတို့က စာအုပ်အား စင်ပေါ်တော့ တင်လိုက်သည် ထိုစာအုပ်အား မည်သည့် စင် မည်သည့် နေရာ မည်သည့် အထပ် တွင်ထားသည်ဟူသော location Barcode အား scan ဖတ်ရန် မေ့သွားတတ်၍ ဖြစ်ပါသည်။
ဤသို့ ပြည့်စုံရန်မှာ စာအုပ်အား Scan ဖတ်မည် Location Barcode အား scan ဖတ်မည် ထို့နောက် Scanner screen ပေါ်တွင် အုပ်ရေ ဘယ်လောက်ဟူ၍ ရိုက်ထည့်လိုက်ပြီး Enter ခေါက်လိုက်လျင် စာအုပ် စင်ပေါ်တင်ခြင်း ကိစ္စပြီး ပြီ ဖြစ်ပါသည်။
စာအုပ်စင်၏ အကန့်တိုင်းတွင်လည်း Location Barcode များ ကပ်ထားပေးပါသည်။ ထိုပျောက်နေသော စာအုပ်အလွယ်တကူ ပြန်တွေ့လျင် ကိစ္စမရှိသော်လည်း မတွေ့တွေ့အောင် တစင်ခြင်း တကန့်ခြင်း ပြန်ရှာရသည့် ရက်တွေဆိုလျင်တော့ ခြေထောက် တောင့်နေအောင် လမ်းလျှောက်ရပါတော့သည်။
ထို့ကြောင့် Supervisor ဖြစ်သော ကျွန်တော်ကလည်း ကိုယ်ခိုင်းမည့် အလုပ်သမား ညက သောက်ထားတာ များသလား / အိမ် နှင့် အဆင်မပြေသူ လား / လတ်တလော ရည်းစားနှင့် ပြတ်ထားသူလား ကြည့်ရပါသည်။
မဟုတ်လျင် သူတို့ စိတ်နှင့်လူနှင့် မကပ် လုပ်ချင်ရာလုပ်ထားလျင် စာရင်းပိတ်ရသည့် ကျွန်တော် အလွန်ဒုက္ခရောက်သော ကြောင့် ဖြစ်ပါသည်။ အခြားသော ဌာနများ အကြောင်းအားလည်း အလျဉ်းသင့်လျင် ဖေါ်ပြပေးပါမည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
23/01/2022 - Sunday - 18;32 Pm
ကိုဟင်က မှတ်ဥာဏ်အတော်ကောင်းပုံရတယ် နှစ်တွေကြာတာတောင် ကိုယ်လုပ်ရတဲ့ လုပ်ငန်းအသေးစိပ်ကို မှတ်မိနေသေးတယ် ကျမဆို အလွန်မေ့တက်တယ် တခါတလေ ဟိုတပတ်က ငါ ဘာလုပ်ခဲ့ပါလိမ့်တောင် ပြန်စဥ်းစားယူရတယ်
မှတ်ညဏ် နဲ့ ပတ်သက်ရင်တော့... photographic memory လို့ ပြောလို့ရမယ် ထင်တယ်.... ငယ်ငယ်က အကြောင်းအရာတွေကို တောင်ခုထိ မျက်ဝါးထင်ထင် မှတ်မိနေပါသေးတယ်။ အဲဒါကြောင့်ပဲ... ဧရာဝတီ ဆောင်းပါးတို့ ... ခရီးသွားဆောင်းပါး တို့ ရေးနိုင်ခဲ့တာ ... ထင်တာပဲ။ အာရုံထဲ ဓါတ်ပုံ ရိုက်သလို စွဲ နေတော့ ပြန်စဉ်စားလိုက်တာနဲ့ အစအဆုံး ပြန်ပေါ်လာတာ....တခုပဲ ရှိတာက ကျောင်းစာဘက်မှာတော့ အဲဒီမှတ်ညဏ်က အလုပ်မလုပ်ဘူးရယ်။😁😁😁😁😁
🤣🤣🤣🤣🤣🤣
အတော်လေးတော့ အလုပ်များမယ်ထင်တယ်နော်
စင်္ကပူမှာ စာအုပ် ဈေးရောင်းပွဲတော် ဆိုရင်တော့ ကိုဟင်တို့ ဆပ်ပြာသည် လင်ပျောက်တဲ့ ကာလပေါ့... နောက် ဖေါ်ပြပေးပါ့မယ်..!PIZZA
ဟုတ်ကဲ့ပါ အကိုရေ မျှော်နေပါ့မယ် !lol
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
(3/15)
kachinhenry tipped uthantzin (x1)
kachinhenry tipped johndieo (x1) @kachinhenry tipped @nweoomon (x1)
Learn more at https://hive.pizza.
စနစ်တကျရှိလှသဗျ။ ကိုယ်တွေ ရွှေဥဒေါင်းစာကြည့်တိုက်
မှာလည်း အဲ့လိုလေးလုပ်ထားသလိုထင်တာပဲ။ က၊ ခ အစဉ်အတိုင်း
စာရေးသူအမည်လေးတွေနဲ့ စီထားတာ
စာအုပ်ရှာရတာလွယ်တယ်။
!PIZZA
!LOL
lolztoken.com
to use Control-C as a shortcut.
Credit: marshmellowman
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)@kachinhenry, I sent you an on behalf of @htwegyi
ဝမ်းသာစရာပါ့။ မကြာခင်တော့ Computer System နဲ့ ဖြစ်လာမယ် ထင်တာပဲ။ !PIZZA
စနစ်ကျလိုက်တာနော်။ ရွှေဉဒေါင်းစာကြည့်တိုက်ကလည်း စာအုပ်စီတာ စနစ်ကျတယ်။ ဘားကုဒ်တွေနဲ့တော်မဟုတ်ဘူးပေါ့။
င့်၊ ရစ်၊ ဆွဲ၊ ထိုး အဲ့လိုနည်းနဲ့ ထားတာ။ မြန်မာစာအစဉ်အတိုင်းပေါ့။
ဦးထွေးလည်း ရွှေဥဒေါင်း စာကြည့်တိုက် အကြောင်းပြောတော့ မန်းလေး ရောက်ရင် တခေါက်လောက်တော့ ဝင်လေ့လာအုံးမှ !PIZZA
ဖိတ်ခေါ်ပါတယ်
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz: