မင်္ဂလာပါ။ ဤယနေ့ကာ ကျွနုပ်အနေဖြင့် Hive Myanmar ကျေးရွာသို့ အလည်သွားသော နေ့ဖြစ်၏။ Hive Myanmar ကျေးရွာ ကာ တည်းဆောက်ထားသည် မှာ မကြာသေးရကာ လူဦရေ အများကြီးတော့ မရှိသေးပါ။ သို့သော်လည် Hive Myanmar ကျေးရွာ၏ ထူးခြား ချက်မှာ ရွာသူ ရွာသားတိုင်းတွင် သူ့ဂုဏ်ပုဒ် နှင့်သူ ရှိနေခြင်း ဖြစ်၏။
ရွာအတွင်း သို့ဝင်လိုက်သည်နှင့် ကြီးမားသော အိမ်ကြီးတဆောင်အား တွေ့ရ၏။ ရွာလူကြီး ကိုရွှေဘို ခေါ် @nyinyiwin ၏ အိမ်ဖြစ်၏။ သို့သော် ကိုရွှေဘိုအားတော့ မတွေ့ရပါ။ ကိုရွှေဘို အနေဖြင့် ရပ်ရွာကိစ္စများအား သားဖြစ်သူ @nyimwa ဖြင့်လွဲထားကာ သူကတော့ တောထဲသို့သွားကာ သိုင်းလေ့ကျင့်နေခြင်း ဖြစ်၏။
အမှန်တော့ ကိုရွှေဘိုမှာ တခေတ်တခါ က အလွန်ကျော်ကြားသော ဂွေးမြင်ကုန်း ကျေးရွာမှ သိုင်းဆရာ @domelay အား တိတ်သခိုး အားကျနေသူ ဖြစ်၏။ @domelay မှာ Splinterland ရေခဲတောင် ကြာပွင့်စား ကာ သိုင်းလောက၏ ထိပ်သီး တယောက် ဖြစ်လာခြင်း ဖြစ်၏။
ယခုတော့ @domelay ကာ ဂွေးမြင်ကုန်းရွာတွင် ခမ်းနားသော နန်းတော် တဆောင် ဆောက်လုပ်နေထိုင်ရင်း သူ၏ သိုင်းပညာများ ပို့ချပေးနေပြီ ဖြစ်ပါသည်။ @domelay နည်းသူ Splinterland ရေခဲတောင်ကြာပွင့် စားထားသူ နောက်တယောက်ရှိသေ၏။ @komoezaw ဖြစ်ပါသည်။
သူကတော့ သိုင်းဆရာ မဟုတ်သော်လည်း Splinterland ကြောင့် အတွင်းအား အလွန် ကောင်းလာသဖြင့် ဓာတ်ဆရာ လုပ်နေသူဖြစ်၏။ ဓာတ်ဆရာ ဆိုသည့် အတိုင်း ဆေးလာကုသူများအား ဓာတ်လိုက်စေသော နည်းဖြင့် ကုသပေးနေသူဖြစ်၏။
ဓာတ်လိုက်ကုသခြင်းကြောင့် ရောဂါ ပျောက်သွားသူများလည်း ရှိ၏။ အချို့ကြတော့လည်း ရောဂါ အပျောက်လွန်ကာ အသက်ပါ ပျောက်သွားကြ၏။ ဤသို့ဖြင့် @komoezaw အိမ်မှ လွန်သော် လမ်းဘေးတွင် မုန့်ရောင်း နေသော @viviankay00 အား တွေ့ရ၏။
@viviankay00 ကာ သာမန် မုန့်သည်မဟုတ်ပါ။ ထူးဆန်းသော မုန့်များ ပြုလုပ်ခြင်း ဖြင့် နာမည် ကြီးနေသူဖြစ်၏။ ဥပမာ ပြရလျင် ပေါင်မုန့် ငပိရည်ဆမ်း / ဒိန်ချဉ်ကြက်သား ဆန်ပြုတ် / ရှမ်းခေါက်ဆွဲကြွပ်ကြွပ်ကြော် စသည်တို့မှာ သူ၏ နာမည် ကြီးသော မီနူးများ ဖြစ်၏။
@viviankay00 ကာ ခွေးကလေးများအား အလွန်ချစ်တတ်သူလည်း ဖြစ်၏။ သူအသစ်ထွင်ထားသော မုန့်များအား မည်သူမျှ ဝယ်မစားလျင် ခွေးကလေးများအား ချကျွေးလိုက်သည်သာ ဖြစ်၏။ မုန့်အသစ်တမျိုးလုပ်လိုက် ခွေးကလေးများအား ချကျွေးလိုက်ဖြင့် အဆင်ပြေနေသူဖြစ်၏။
သို့သော် @viviankay00 ၏ မုန့်များအတွက် အတွက်ပူစရာတော့မရှိပါ။ သူ့ သူငယ်ချင်း ဖြစ်သူ သီလရှင် လူထွက် @ashinn က ဈေးလာရောင်းကူသော ကြောင့် ဖြစ်၏။ @ashinn ကာ နာမည် ကြီး နိုင်ငံတကာ သီလရှင် ကျောင်းမှ Covid 19 ကြောင့် လူဝတ်လည်း လာသူဖြစ်၏။
နိုင်ငံခြား ဘာသာစကား အတော်များများ ပြောတ်သည့် အပြင် သိမ်မွေ့သော အမူအရာဖြင့် ပြောဆိုဆက်ဆံ တတ်သောကြောင့် သူဈေးရောင်းလျင် အကုန် ဝယ်စားသွားရသည်သာဖြစ်၏။
ဈေးရောင်းနည်းကာ... နိုင်ငံခြားသားများတွေ့လျင် ပေါင်မုန့် ငပိရည် ဆမ်းအား ပေါင်မုန့်အား အနည်းငယ် ငံသော မြန်မာ mayonnaise ဆမ်းပေးထားသည် ဟုပြောရောင်း၏။ အထူးအဆန်း စားချင်သူတို့က ဝယ်စားကြ၏။
ဝိတ်ချနေသူများ အတွက် အတော့ ဒိန်ချဉ်ကြက်သားဆန်ပြုတ် ရောင်းပေး၏။ ဤ ဆန်ပြုတ်စားပြီးလျင် အနည်းဆုံး ၃ ရက်ခန့် ဆက်တိုက် ဝမ်းသွားသောကြောင့် အနည်းဆုံး ၅ ပေါင် ခန့် ဝိတ်ကျသွားမည်မှာ အသေအချာဖြစ်၏။ ဤသို့ ညာဏ်ကြီးသော @ashinn ဖြစ်၏။
သီလရှင် လူထွက်သွားသည့်တိုင် သူ့အကောင့် နာမည်အား @ashinn ( အရှင် ) ဟု ကဗျာဆန်ဆန် ပေးထား၏။ အရှင် ဆန္ဒိမာလာ လော သို့မဟုတ် အရှင် ခေမာသီရိလော တခုခု ဖြစ်ပါလိမ့်မည်။
@viviyankay00 တို့ မုန့်ဆိုင်မှ လွန်သော် ရွာခံလူမိုက် @htwegyi တို့ အိမ်အား တွေ့ရ၏။ သို့သော် ရွာခံ လူမိုက် @ htwegyi အားတော့ မတွေ့ရပါ။ ရွာမြောက်ပိုင်းမှ အရက်ပုန်းချက်သူ ကို @shinethu ဆိုင်သို့ ရောက်နေခြင်း ဖြစ်တန်ရာ။
@htwegyi အား တရွာလုံး ခလေး အစ ခွေးအဆုံး အလွန်ကြောက်ကြ၏။ တအီအီ ငိုနေသော ခလေးအား မအေဖြစ်သူက " နင်အဲဒီမှာ ငိုနေ.. ဟိုမှာ နင့်ပထွေး @htwegyi လာပြီဟု " ခြောက်လိုက်လျင် ငိုနေသော ခလေးမှာ ဟုတ်ခနဲ့ အငိုတိတ်ကာ တံခါးချောင် သို့ပြေးကပ်၏။ ဤ မျှ မိုက်ဂုဏ်ကြီး သော @htwegyi ဖြစ်၏။
မကြောက်၍ ကလည်း မဖြစ် @htwegyi ကာ သူမနိုင်ဘူးဟု ထင်လျင် သူ့အစ်ကို စနေသားအား ခေါ်လာတတ်သောကြောင့် ဖြစ်၏။ တရွာလုံးတွင် @htwegyi အား မကြောက်သူဟူ၍ Hive Myanmar ကျေးရွာ၏ ကျေးရတတ် @nweoomon တယောက်သာရှိ၏။
@nweoomon ကာ တဖက်ကလည်း Wave money အေးဂျင့်လုပ်ရင်း တဖက်ကလည်း ငွေတိုးချေးနေသူဖြစ်၏။ @nweoomon ကာ ငွေတိုးပေးနေသော်လည်း အလွန်ရက်ရောသူ ဖြစ်၏။ အခြားသူငှာများ ခေတ်မကောင်းသောကြောင့် ၁၀၀ လျင် တဆယ်တိုး ပေးနေချိန်တွင် @nweoomon ကာ တဆယ်လျင် ၁၀၀ တိုးဖြင့် ငွေတိုးချေးပေး၏။ဤမျှ ရက်ရော သော @nweoomon ဖြစ်၏။
ရက်ရောသလောက် စိတ်ကြီးသော @nweoomon ဖြစ်၏။ အခါတပါး၌ ရွာခံလူမိုက် @htwegyi ကာ @nweoomon ထံမှ နေ့ပြန်တိုး ပြန်မဆပ်နိုင်သောကြောင့် HP 300 အား @nweoomon ထံတွင် အပေါင်ထားလိုက်ရ၏။
ဤသည်ကို @htwegyi ကလည်း အရက်ဖိုးမရှိသဖြင့် @nweoomon မသိအောင် တိတ်တခိုး Undelegate လုပ်လိုက်၏။ ဤကဲ့သို့ Undelegate လုပ်လိုက်ကြောင်း @nweoomon သိသွားသော အခါ ထဘီ စွန်တောင်စွဲ၍ မြန်မာ့မီးရထားမှ မီးရထား တစီးအား ကိုယ်တိုင် တက်မောင်းကာ @htwegyi အား လိုက်တိုက်၏။ @htwegyi အပြေးသန်၍သာ တော်သေး၏။ ဤမျှ စိတ်ကြီးသော @nweoomon ဖြစ်၏။
@nweoomon ၏ အိမ်မှ တပြခန့် သွားလိုက်သောအခါ တိုင်းရင်းဆေးဆရာ @myanmarkoko တို့အိမ်ရောက်၏။ တိုင်းရင်းဆေးဆရာကြီး @myanmarkoko ကာယခုတလော မသေဆေး တွေ့ထားသည်ဟု နာမည် ကြီးနေသူဖြစ်၏။
Hive Myanmar တွင် သူတင်ထားသော Post များ ဖတ်ကြည့်လျင် " ကျွနုပ်ယနေ့ မသေသေးပါ / ကျွနုပ် မနက်ဖြန်လည်း မသေးပါ / ကျွနုပ် တဘက်ခါလည်း မသေနိုင် / ကျွနုပ် ဘယ်တောမှ သေတော့မည်မဟုတ် " အစရှိသော Post များ ဖတ်ရခြင်း အားဖြင့် သိရှိနိုင်၏။ မသေဆေး လိုချင်သူတို့ @myanmarkoko ထံသို့ ဆက်သွယ်ကြပါကုန်။
ယနေ့တော့ ဤမျှသာ ခရီးရောက်လိုက်၏။ နှောင် အလျဉ်သင့်လျင် ဆရာမစောနန်းဝေ၏ တပည့် @donjaun နှင့် စက္ကူမှော် အောင်သူ @asterkame ခေါ် ယွန်းသီရိတို့ မှော်စွမ်းအား ပြိုင်ကြသည့် အကြောင်း / @donjaun မှ @princekham ၏ ဟော်နန်းမှ မှော်ဓါးကြီးအား စွန့်စွန့်စားစား ခိုးယူသည့် အကြောင်း / ဤသို့ ခိုးယူနိုင်ရန်လည်း အခါပေးဆရာကြီး @sayalu က အခါပေးသည့် အကြောင်း များ အကျယ်တဝင့် ရေးသားတင်ပြပေးပါမည်။
PS. မိတ်ဆွေတို့ အားလုံး ပြုံးနိုင်ရန် အလို့ငှာ မိမိတို့ အကောင့်အမည်များအား အသုံးပြု၍ အပျော်သဘောဖြင့် သရော်စာ ရေးသားထားခြင်းသာ ဖြစ်ပါသည်။ အကယ်၍ တစုံတယောက်မှ မိမိအကောင့်အား ဤသို့ သရော်စာ ရေးသာသည်ကို သဘောမကျပါ ဟု ဆိုလာလျင် ဤ Post အား ပြန်ဖျက်ပေးပါမည်။
Henry Aung ( Kachin )
17/12/2021 - Friday - 18;55 Pm
ဖတ်ပြီးရယ်နေရပါတယ်😅
!PIZZA
!LUV
လာမယ်လေ စက္ကူ မှော် အစွမ်းတွေ...!LOL. !PIZZA
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.
ဟီး မသေဆေးလိုချင်သူများ ဆက်သွယ်နိုင်ပါသည်။
အခမဲ့ လှူဒန်းသွားပါမည်။
မသေဆေးစွမ်းချက်ကတော့ ခုသောက်ခုပျောက်။
အသက်ပြောပါတယ်။ 😋
ရွာငယ်လေးပေမဲ့ အတော်စုံတဲ့ ရွာလေးပါဗျာ။
!PIZZA
တိုင်းရင်း ဆေးဆရာ စွမ်းချက် ... ခုသောက် ခုပျောက်...!LOL. !PIZZA
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.
အရေးအသားတော်တော်ကောင်းပါသည်
ဖတ်ရင်းနှင့် ရီနေရတယ်
!PIZZA
!LOLZ
lolztoken.com
Well……I hear he is a pain in the neck.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)@kachinhenry, I sent you an on behalf of @naythan
ညီလေး အကြောင်းလည်း ထည့်ရေးမလို့ !PIZZA. !LOL
အဟေး ဒီထဲမပါတဲ့သူကြီး ကိုအန်စိုး က တိတ်တိတ်လေး ရင်ခုန်နေလောက်ပီ :D !LOLZ
lolztoken.com
They're just so immersive.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)@kachinhenry, I sent you an on behalf of @nyimwa
မလွတ်စေရဘူး စိတ်ချ...!PIZZA. !LOL
မိန်းမက ကြောက်ရတယ်ဗျို့ အဲ့ကြောင့်မို့ ခွက်ပုန်း😂။!PIZZA !LOL
lolztoken.com
He just needed a little space.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)@kachinhenry, I sent you an on behalf of @sheinthu
အရက်ပုန်း ဆိုင်အကြောင်း အကျယ်ချဲ့ ရေးအုံးမှာ !LOL. !PIZZA
lolztoken.com
I wonder what she’s up to now.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)@sheinthu, I sent you an on behalf of @kachinhenry
ချချ။!PIZZA !LOL
lolztoken.com
Par-mesean
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)@kachinhenry, I sent you an on behalf of @sheinthu
ဖတ်ပြီး ဗိုက်နှိပ်ရယ်နေရတယ် 😂😂 ဆရာဒွန်တို့ အကြောင်းလဲ မျှော်နေမယ်ရှင့် !PIZZA
@viviankay00 ရဲ့ မုန့်ဆိုင်အကြောင်း အခုတော့ နည်းနည်းလေးပဲ ရေးပြထားတာ ... နောက်တခေါက် အကျယ်ချဲ့ပြီး ရေးပြမယ်... အလန်းစား..😀😀😀 !PIZZA. !LOL
lolztoken.com
In his sleevies.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)@viviankay00, I sent you an on behalf of @kachinhenry
😁😁😁 ထိုင်ရယ်ခဲ့ပြီ 🤣🤣🤣
ကျေးဇူးတင်ပါတယ်။!PIZZA. !LOL
lolztoken.com
I wonder what she’s up to now.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)@domelay, I sent you an on behalf of @kachinhenry
တော်သေး မပါသေးဘူ ဟူး 😂 !LOL
lolztoken.com
I only have my shelf to blame.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)@kachinhenry, I sent you an on behalf of @ansoe
လာမယ်လေ.... မပူနဲ့...!PIZZA. !LOL
!LOL
ချစ်ခင် ပျော်ရွှင်စရာ မိသားစုဝင်လေးတွေပါ။ !LUV
lolztoken.com
Earthquacks
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@kachinhenry, I sent you an on behalf of @princekham
တကယ်ကို ပျှော်ရွှင်စရာ မိသားစုပါ။ !PIZZA. !LOL
lolztoken.com
1Forest1.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)@princekham, I sent you an on behalf of @kachinhenry
အများသူငှာအဆင်ပြေအောင်မို့ ချေးရင်းလှူနေတာပါ။ 😁😁😁အတိုးကလည်းလိုချင်လို့မဟုတ်ပါဘူး။ ရချင်လို့ပါ။
ကျနော့်ပုံကြီး မျက်လုံးထဲမြင်ပြီး ရီမိတယ်။
ရေးသာ ရေးရတာရယ် စိတ်ဆိုးမှာကလည်း စိုးရသေး...😁😁 !LOL. !PIZZA
lolztoken.com
but I’ve never seen one with more than four.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/8)@nweoomon, I sent you an on behalf of @kachinhenry
သေဘာကျမိပါတယ်။ 😁
!LOLZမောစရာတွေကြားထဲမှာ ရယ်စရာလေး ဖတ်ရတော့ ဒီပို့စ်ကို လွှတ်သဘောကျတယ်ဗျို့။ အခါပေးဆရာကြီး @sayalu 😂
lolztoken.com
He doesn’t want to be spotted.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@kachinhenry, I sent you an on behalf of @sayalu
ရေးသာ ရေးရတာရယ် စိတ်ဆိုးမှာကလည်း စိုးရသေး...😁😁😁 !PIZZA. !LOL
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.
အမယ်မင်း ရွာလူကြီးဟုတ်ရပါဘူးဗျ အခုချိန်ခါက လူကြီးဆို ဒလန်သမုတ်ပီး လိုက်သတ်နေကြလို့ပါ၊ ရွာလူကြီး ရာထူးအား ခွင့်ရက်ရှည်ယူထားပါကြောင်းခင်ဗျ။ !LOLZ
lolztoken.com
They paint their toenails red and hide in strawberry patches!
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)@kachinhenry, I sent you an on behalf of @nyinyiwin
တကယ်ကြီး ပုန်းနေတာကိုး...😁😁 !LOL. !PIZZA
lolztoken.com
The trailers
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)@nyinyiwin, I sent you an on behalf of @kachinhenry
အဟီး တို့တော့ တာဝန်ကျေသွားပြီ
နောက်လူတွေအလှည့် ကြည့်ကြသေးတာပ ဟွင့် ဟွင့်။
!PIZZA
!LOL
lolztoken.com
I told him that's the last thing I need.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/8)@kachinhenry, I sent you an on behalf of @htwegyi
မပြီးသေးဘူးလေ နောက်ဆက်တွဲ တွေရှိသေးတယ်...😁😁 !LOL. !PIZZA
lolztoken.com
Now there is a career in ruins.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)@htwegyi, I sent you an on behalf of @kachinhenry
ဖတ်လိုက်ရတာ တောင်ကြီးဆောင်းနဲ့ သွားတေတောင်အအေးမိကုန်ပါပီရှင့် အပြင်မှာလဲ ယခုတကယ်စျေးကို ချော့ရောင်လိုက် ခြောက်ရောင်းလိုက်ရောင်းနေရပါတယ်ရှင် ပြောပါတယ် ကိုဟင်နရီရဲ့ ကလောင်သွားက ထက်ပါတယ်ဆို စာအုပ်တအုပ်လောက်တော့ထုတ်ပေးပါလားရှင့်။
သီလရှင်လူထွက်လေး မန့်သွားသည်
သီလရှင် လူထွက်အကြောင်း နောက်တခါကြရင် ဒီထက်ပိုပြည့်စုံအောင် ဖေါ်ပြပေးပါမယ်။ 😁😁😁 !LOL. !PIZZA
မျှော်နေပါပီရှင်❤️
အရင်တုန်းက steemit ရွာကလေးက ခုတော့ Hive ရွာကလေး ဖြစ်ခဲ့ပေါ့။
😍😍
!PIZZA
ဟင်းဟင်း ... မှော်ဆရာကြီး... !LOL. !PIZZA
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.
အရေးသားကြိုက်!!! 9++
!LOLZ
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@atgaday, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
ကျေးဇူးတင်ပါတယ်။ !PIZZA. !LOL
PIZZA Holders sent $PIZZA tips in this post's comments:
viviankay00 tipped kachinhenry (x1)
kachinhenry tipped ashinn (x1)
kachinhenry tipped sheinthu (x1)
kachinhenry tipped princekham (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped atgaday (x1)
kachinhenry tipped domelay (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped naythan (x1)
kachinhenry tipped ansoe (x1)
asterkame tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped viviankay00 (x1)
(1/14)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
donjaun tipped kachinhenry (x1) @sheinthu tipped @kachinhenry (x2)
Please vote for pizza.witness!
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 750 posts.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!