တခါတလေတော့လည်း လွမ်းမိပါတယ်

in HIVE-MYANMAR3 years ago

image

တိုက်တန်းမှ ထွက်လာခဲ့သည်မှာ
20 ရက်နေ့ဆိုပါလျှင် 3လတိတိပြည့်ပေမည်။
20-3-2021 နေ့မှ စ၍ တိုက်တန်းမှ
ဝန်ထမ်းများစွာတို့ အားလုံးနီးပါး
ပြောင်းရွှေ့ခဲ့ကြသည်။ မြို့လည်ခေါင်
ဆူးဆူးညံညံ၊ ကြပ်ကြပ်သိပ်သိပ်၊
ညှော်နံ့၊ အကြော်နံ့၊ ကားသံ၊ ရထားသံ၊
ပူသံ ဆူသံများကြား နေလာခဲ့သည်။
အဆိုပါ အသံများ မကြားရတော့
လွမ်းသလိုလို၊ ဆွေးသလိုလို၊
ဟာတာတာ၊ ဘညာဘာညာ
ဖြစ်နေရသည်။

img_0.025173553567058693.jpg

ယခုနေသည့်နေရာက မြို့ပြင်ဖြစ်၍
တိတ်ဆိတ်လှပေသည်။ ကားလမ်းမထက်
ကားပင်မပြောနှင့် ဆိုင်ကယ်သံပင်
တိတ်ဆိတ်လှပေသည်။ ငထွေးတို့ဝင်းနှင့်
ကပ်လျှက် အဆိုပါ ကတ္တရာလမ်းမက
လမ်းခင်းပြီးမကြာ အာဏာသိမ်းခြင်း
ခံလိုက်ရသည်။

လမ်းမ ဘေးတဖက်တချက်တွင်
အပင်မျိုးစုံပေါက်ရောက်နေသည်။
တမာပင်၊ သရက်ပင်၊ ခရေပင်၊ ပိတောက်ပင်
များက လမ်းတဖက်တချက် အစီအရီ
ပေါက်နေသည်။ ထိုအပင်များအနက်
စိန်ပန်းပင်က ရဲရဲနီနေသလို၊ ငုဝါပင်က
ဝါထိန်ပေသည်။ တိတ်ဆိတ်အေးချမ်းသည့်
လမ်းကလေးဖြစ်သည်။

img_0.8583791005811345.jpg

ယခင်က ယခုနေရာသည် လယ်မြေများ
ဖြစ်သည်။ လယ်မြေဖြစ်သည့်အလျှောက်
အကောင်ရှည်များပေါသည်။ အကောင်ရှည်
ဆိုသည်မှာ မြွေကိုခေါ်ပါသည်။ မြွေက
တွင်းမတူးနိုင်ဟု ထင်ပါသည်။ သို့သော်
အခြားအကောင်တူးထားသည့် တွင်း၌
ဝင်ရောက်နေတတ်သည်။ ဝင်းခြံအတွင်း၌
တွင်းပေါက်လေးများမြင်လျှင် မြွေတွင်းများ
လားဟုထင်မိသည်။

လယ်ဂဏန်းများကိုလည်း တွေ့ရသည်။
လယ်ဂဏန်းတို့က သူရို့အိမ်များကို
ရွှံ့ပျော့များဖြင့် ခိုင်မာခမ်းနားစွာ
တည်ဆောက်ကြသည်။ ငထွေးမှာတော့
ခိုင်မာသည့် နေအိမ်တစ်လုံးရချင်မိသည်။
ယခုနေသည့် ဝါးထရံအိမ်ကလေးက
ကြာမြင့်၍ ယိုင်နဲ့နေသည်။ မိုးများပါလျှင်
မိုးရေ၊ မြောင်းရေများက ငထွေးတို့
မြေနိမ့်ဝင်ခြံလေးအတွင်း တရစပ်ဝင်ရောက်
လာတတ်သည်။

မြို့လယ်ကောင်မှာ အနေများသူဖြစ်၍
မြို့ပြင်မှ မြင်မြင်သမျှက ငထွေးအတွက်
ထူးခြားဆန်းပြားနေပါတော့သည်။

@htwegyi
13-6-2021

Sort:  

နေသားမကျတဲ့နေရာ ဆိုတော့ ပိုခက်ခဲမှာဘဲ ဦးထွေးရယ် ။


Posted via proofofbrain.io

ဟုတ်တယ်ဗျ သို့ပေသိ ကိုယ့်ထက် ဆိုးသည့်သူများကို ကြည့်၍ အားတင်းရတာပ။

မြို့ပြင် ဆိုတော့ ကိုဟင်လို ဖား ၊ ငါး ၊ ကဏန်း ၊ ငါးရှဉ့် တွေ လိုက်ရှာလို့ရလား..?

မရှာရဲပါဘူး ကိုဟင်။
အသီးအရွက်တော့ ခူးရတယ်။
ဒီမှာ ရေကန် ရေအိုင် မရှိဘူးရယ်။

ဒီလိုပါပဲ ဦးထွေးရာ။ ကျွန်တော်လည်း အိမ်ကလေးတစ်လုံးလောက်လိုချင်မိ။
ပြီးတော့ မိဘတွေကိုလည်း အိမ်ဆောက်ပေးချင်တယ်။ အသက္က ၂၇ ရှိပြီ။
လက်ထဲမှာ ဘာမှာ စုမိဆောင်းမိတာက မရှိ။
မိုင်းလားဘက်တက်ပြီး အလုပ်လုပ်ဖို့တော့ စီစဥ်နေတယ်။

ငယ်ပါသေးတယ်လေ
လူငယ်ပဲ မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိ။
မှန်မှန်သာသွား ဖြတ်လမ်းမလိုက်နဲ့။

ရုန်းကန်နေကြ တို့ဘဝတွေ သာယာသေဖို့ HIVE ဈေး တက်ပါဗျို့။

ဒါပဲလေ hive က ကျွန်တော်တို့အတွက်
စိတ်ကူးယဉ်စေတာပဲလေ။

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

ကျွန်တော်လည်း အတူတူပဲဗျို့ နေစရာ အိမ်လေးတစ်လုံးလောက်တော့ လိုချင်နေပြီ

မိသားစုတိုင်းအတွက် မရှိမဖြစ် နွေးထွေးတဲ့ အိမ်လေးတစ်လုံး
ရရှိကြပါစေ။