နီ နေအုံးမည့် ကျွန်တော့်တို့ရဲ့ Hive လား။
စိမ်း နေအုံးမည့် ကျွန်တော့်တို့ရဲ့ Hive လား။
တခုခုတော့ တခုခုဖြစ်မှာပေါ့။ နီချင်နီ။
စိမ်းချင်စိမ်း။ နှစ်ကုန်ပါရင် ဈေးတက်ကာ
စိမ်းဖို့ အရေးကြီးသည်။ 2026 ခုနှစ်မှာ
Hive ဈေး တစ်ဒေါ်လာဖြစ်ရင် ကြိုက်တယ်မို့လား။
မကျေနပ်သေးဘူး ဆယ်ဒေါ်လာဖြစ်လည်း
စိတ်မဆိုးဖူး ဆိုသူများလည်း သပ်သပ်ရှိပေအုံးမည်။
ဘာရယ်ဟုတ်ပါဘူး ပေါက်ကရ လျှောက်ရေးချင်
လို့။ နှစ်ကုန်ရင်တော့ ဈေးတက်မယ်လို့ စနေသား
တဦးက ဟောကိန်းထုတ်ထားတာ။ သူပြောတဲ့အတိုင်း
ဖြစ်ပါစေလို့။ ခုတော့ ရောင်းဖို့ ဟိုက်တွေ
ဥထားလိုက်မယ်။ စာရေးဖို့ စဉ်းစားနေတုန်း ဖုန်း
မြည်းလာသည်။ ဘယ်သူလဲ ဆိုတော့ ကိုယ်တွေ
ရုံးက ကိုယ်တွေလို လူတဦးဖြစ်သည်။ သူမ က
ကိုယ့်ဆီဖုန်းဆက်လာပါရင် ငြီးတွားသည်က
ခပ်များများ။
ယခုလည်း ထုံးစံအတိုင်း ငြီးတွားလာပြန်သည်။
ဒီတော့ ကိုယ်တွေလည်း သူမကို ငေါက်လိုက်၊
အားပေးစကားပြောလိုက်ဖြင့် နှစ်သိမ့်ပေးရသည်။
သူမတို့က အပျိုကြီး၊ လူပျိုကြီးများဖြစ်သည်။
အပျိုကြီး လူပျိုကြီးများပီပီ သိတော်မူကြသည့်
အတိုင်း ဂဂျိဂဂျောင်သမားက များသည်။
အင်း သူများ အတင်းပြောလိုက်ပါအုံးမည်။
အကြီးဆုံး သူရို့အမ အပျိုကြီးက အိမ်ငှား
မထားချင်။ ကျန်မောင်နှမနှစ်ဦးက ငွေပေါ်အောင်
အိမ်ငှားထားချင်သည်။ ဒီလိုနဲ့ မောင်နှမများ
တကျက်ကျက်နဲ့ စကားများနေကြသည်။
အိမ်တိုင်းမှာ တခုမဟုတ် တခုကတော့
အနည်းငယ်နှင့် အနည်းအများ ပြဿာနာ
ကိုယ်စီရှိကြပေသည်။ ထိုအဖြစ်အပျက်များကို
ဖုန်းဆက်ကာ ရင်ဖွင့်လာခြင်းဖြစ်သည်။

နင်တို့မှာလည်း နင်တို့ အပူနဲ့။ ငါ့မှာလည်း ငါ့အပူ
နဲ့ဆိုသလို။ ကိုယ်တွေ အပူကတော့ လောလောဆယ်
Hive ဈေးမတက်သေးတာ တခုရယ် ကျန်တာရယ်
ပဲရှိတာပါ။ ကျန်တာကတော့ ကျန်တာပါပဲလေ။
တနေ့တုန်းဆီက Hive ဈေး၏ မှတ်သားဖွယ်ရာ
အမှတ်တရ ဈေးနှုန်းများကို စခရင်ရှော့
ရိုက်ထားသည်။

Hive ဈေး ဆယ်ပြားတိတိရောက် အမှတ်တရနှင့်
တစ်လေးလုံးအမှတ်တရကို စခရင်ရှော့ရိုက်ထားသည်။
တကယ်ဆိုပါမူ ဆယ်ပြားအစား
Hive ဈေးသည်က ဆယ်ဒေါ်လာ သို့မဟုတ်
ထိုအထက်ဖြစ်ပါမူ မည်မျှကောင်းလိမ့်မလဲ။
ယခုတော့ ပန်းနွယ်က စိမ်းဟု ဆိုရမလို။
ဆယ်ပြား အနီးတဝိုက်မှာ သာယာစွာ စိမ်း
နေပေတော့သည်။
@htwegyi
November 27, 2025
တက်ရင်တော့ ကောင်းတာပေါ့ဗျာ။
👍